Home > သတင်း > ဒေသတွင်းသတင်း (Page 9)

ယောဒေသမှာ လေကြောင်းဗုံးကြဲခံရလို့ ကျောင်းသူ ၂ ဦးအပါအဝင် အမျိုးသမီး ၅ ဦးသေဆုံး

မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်၊ မိအယ်ကျေးရွာထဲကို အာဏာသိမ်းစစ်တပ်က ဖေဖော်ဝါရီ ၅ ရက်နေ့၊ ညနေ ၅ နာရီခန့်မှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသူ ၂ ဦးအပါအဝင် အမျိုးသမီး ၅ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “သေဆုံးတဲ့...
Read More

သတင်းမီဒီယာသမား ၂၇ ဦးအကျဥ်းထောင်တွေထဲမှာ အကျဥ်းကျခံနေရဆဲဖြစ်တယ်လို့ IPCM ထုတ်ပြန်

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ စာရင်းအရ သတင်းမီဒီယာသမား ၂၇ ဦးအကျဥ်းထောင်တွေထဲမှာ အကျဥ်းကျခံနေရဆဲဖြစ်ပြီး အဲ့ဒီထဲမှာအမျိုးသမီး ၅ ဦး ပါဝင်တယ်လို့ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ ထိုသို့အကျဉ်းချခံထားရဆဲ သတင်းမီဒီယာသမား‌ တွေထဲမှာ ထောင်တစ်သက်အပါအဝင်...
Read More

ငဖဲမြို့နယ်ထဲက ဘိန်းစိုက်ခင်း‌တွေကို PRA-Magway ဖျက်ဆီး

မကွေးတိုင်း၊ငဖဲမြို့နယ်ထဲက ဘိန်းစိုက်ခင်းတွေကို ဒီဇင်ဘာ ၁၆ရက်နဲ့ ၁၇ရက်က ဖျက်ဆီးခဲ့တယ်လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အာစု (PRA-Magway)က မနေ့ကထုတ်ပြန်ပါတယ်။ ငဖဲမြို့နယ်တောင်ဘက်ခြမ်းက ဘိန်းစိုက်ခင်းတွေကို ဖျက်ဆီးခဲ့တာဖြစ်ပြီး ဘိန်းခင်း စုစုပေါင်း ဧက ၃၀ ခန့် ရှိကာ ဘိန်းခင်းပိုင်ရှင်ကို စုံစမ်းခဲ့‌ပေမယ့်တိတိကျကျမသိခဲ့ရဘူးလို့ ဆိုပါတယ်။ ၎င်းတို့လှုပ်ရှားနေတဲ့...
Read More

ရန်ကုန်၊ မန္တလေးမှာ ကျားဖြန့် ပြောင်းရွေ့လုပ်ကိုင်လာ၊ ၁၀၂၇ နောက်ပိုင်း ကျားဖြန့် ၇၅ ခုအသစ်တိုးလာ

ရန်ကုန်၊ မန္တလေးမြို့တွေမှာ ကျားဖြန့် နေရာသစ် တိုးချဲ့ပြောင်း‌ရွှေ့ လုပ်ကိုင်လာကြတာ ရှိနေတယ်လို့ မြန်မာ့အခြေပြုစစ်တမ်း State of Myanmar – ISP- Myanmar ရဲ့မဟာဗျူဟာဆန်းစစ်ချက်နဲ့ ဦးတည်လမ်းကြောင်းလားရာများ (၂၀၂၅ – ၂၀၂၆) ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ စစ်ဆင်ရေး...
Read More

မုံရွာက စစ်တပ်ရွေးကောက်ပွဲမှာ မဲစာရင်း အမှား အများအပြား ရှိနေဟုဆို

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ စစ်တပ်က ဖိအား‌ပေးခြိမ်းခြောက်နေတဲ့အတွက် မဲစာရင်းသွားကြည့်ရာမှာ မဲစာရင်းအမှားတွေ အများအပြား တွေ့ရတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်က တာ၀န်ခံပြီးပြုလုပ်မယ့် ၂၀၂၅ ရွေးကောက်ပွဲ အတွက် စစ်သားတွေက ပြည်သူလူထုကို မဲစာရင်းနံပါတ်မေးပြီး မပြောနိုင်ရင် ဆဲ၊ဆို၊ရိုက်၊နှက်တာတွေ ပြုလုပ်နေတဲ့အတွက် မုံရွာမြို့ခံ...
Read More

ချင်းပြည်၊ ဟားခါးမြို့မှာလည်း ရွေးကောက်ပွဲနေ့ အပြင်ထွက်သူမရှိ

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကျင်းပမယ်လို့ ထုတ်ပြန်ထားတဲ့ ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပြည်သူတွေဟာ လမ်းမကို မထွက်ကြတာကြောင့် တိတ်ဆိတ်ခြောက်ကပ်နေတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။ ရွေးကောက်ပွဲနေ့မှာ ပြည်သူတွေ အိမ်ထဲကအိမ်ပြင်မထွက်ကြဘဲ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ CDF...
Read More

ကလေးမြို့ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲ ပြည်သူတွေ ပါဝင်ခြင်းမရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့ ကျင်းပတဲ့ ရွေးကောက်ပွဲကို ပြည်သူတွေ ပူးပေါင်းပါဝင်းခြင်းမရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ကလေးမြို့ ဗိုလ်ချုပ်လမ်းမကြီးအပါအဝင် တစ်မြို့လုံးနီးပါး လူတွေလမ်းပေါ်မထွက်ကြဘဲ မြို့မှာ တိတ်ဆိတ်ခြောက်ကပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ကလေးမြို့မှာ ရပ်ကွက်ပေါင်း...
Read More

ယောဒေသ၊ဂန့်ဂေါမြို့ပေါ် ရဲစခန်းကို ဒရုန်းနဲ့တိုက်ခိုက်၊ စစ်တပ်အဖွဲ့ဝင်တွေ ထိခိုက်မှုရှိ

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့လယ်က စစ်တပ်အဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့တွေက ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းမှာ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဂန့်ဂေါမြို့ခံတွေဆီကနေ သိရပါတယ်။ “အသံအကျယ်ကြီးကို ပေါက်ကွဲသွားတာ။ စခန်းထဲမှာ ဗုံးပေါက်ကွဲပြီးတော့...
Read More

လူ့အခွင့်အရေးနေ့မှာ စစ်တပ်က မြောက်ဦးပြည်သူ့ဆေးရုံကြီးကို လေကြောင်းတိုက်ခိုက်

အာရက္ခပြည်၊ မြောက်ဦးမြိုက ပြည်သူ့ဆေးရုံကြီးကို လူ့အခွင့်အရေး‌နေ့မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။ ပြည်သူ့ဆေးရုံကြီးကို စစ်တပ်က လေကြောင်းက‌နေ တမင်တကာ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ စစ်ရာဇဝတ်မှုနဲ့ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချတယ်လိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
error: Content is protected !!