Home > သတင်း > ဒေသတွင်းသတင်း (Page 10)

အိန္ဒိယနယ်စပ်ဂိတ်ပိတ်ထားလို့ ဒေသထွက်မျောက်ငိုသီးဈေးကွက် အရောင်းအဝယ် ကျဆင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ အိန္ဒိယ-မြန်မာနယ်စပ်၊ တမူးမြို့မှာ မျောက်ငိုသီးစျေးကွက် တစ်တောင့်ကို ၁၅၀ ကျပ်နှုန်း လက်လီဈေးကွက်သာ အရောင်းအဝယ်ဖြစ်နေတယ်လို့ တမူးမြို့က မျောက်ငိုသီးရောင်းဝယ်ရေး လုပ်ကိုင်သူတွေရဲ့ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ကိုဗစ်ကြောင့် အိန္ဒိယ-မြန်မာနယ်စပ်တမူးမြို့ နယ်စပ်ဂိတ်တွေ ပိတ်ထားတဲ့အတွက် မျောက်ငိုသီးဈေးကွက် အရှုံးနှင့်ရင်ဆိုင်ကြုံတွေ့ခဲ့ရတာပါ။ “စျေးကွက်ကတော့ နယ်စပ်စျေးပိတ်ထားတဲ့အတွက်ကြောင့်...
Read More

ထီးဆောင်း မျက်စိဆေးရုံ ဇန်နဝါရီလ ၁၀ ရက်နေ့ ဖွင့်မည်

အနယ်နယ်အရပ်ရပ်က မျက်စိဝေဒနာရှင်တွေကို အခမဲ့ကုသပေးနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာရှိ ရွှေရတု တိပိဋက‌ စက္ခုပါလ ဆေးရုံတော်ကြီးကို ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး အရေးကြီးလူနာတွေကို အဓိကထား ကုသပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းမှာ ကိုဗစ်ရောဂါပိုး ပိုမိုပြန့်နှံ့လာတဲ့အခြေနေတွေကြောင့်...
Read More

မုံရွာတွင် ဆေးကုသမှုခံယူနေသူ ကိုဗစ်ပိုးတွေ့လူနာတစ်ဦး ထပ်မံသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ပြည်သူ့ဆေးရုံမှာ ဇန်နဝါရီလ ၇ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက ကိုဗစ်အတည်ပြုလူနာတစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ မုံရွာမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးအာကာမြင့်က ပြောပါတယ်။ အဲဒီသေဆုံးလူနာက နဂိုကတည်းက ရောဂါအခံရှိသူဖြစ်ပြီး မြောင်မြို့နယ်ကနေ လာရောက်ဆေးကုသမှုခံယူနေသူ အသက် ၆၃ နှစ်အရွယ်ရှိ...
Read More

စစ်ကိုင်းတိုင်းဒေသကြီးတွင် ကိုဗစ်ကြောင့် သေဆုံးလူနာ ၁၅ ဦးအထိ ရှိလာ

စစ်ကိုင်းတိုင်းဒေသကြီးမှာ ကိုဗစ်ကြောင့် သေဆုံးလူနာ ၁၅ ဦးအထိရှိလာပြီဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ ကိုဗစ်ကြောင့် သေဆုံးလူနာ ၁၅ ဦးရှိတဲ့အထဲမှာ ကလေး ၅ ဦး၊ စစ်ကိုင်း ၃ ဦး၊ ရွှေဘိုနှင့် မုံရွာတွင် ၂...
Read More

မြစ်သဲကျောက်အလွန်အကျွံထုတ်လုပ်မှုကြောင့် ဒေသခံတွေရဲ့ မြေနုကျွန်းတွေဆုံးရှုံးပြီး ကျေးရွာတွေပါ ကမ်းပြိုအန္တရာယ်နဲ့ ရင်ဆိုင်နေရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ အမြင့်မြို့ဟောင်းကျေးရွာမှာ သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်နဲ့ လုပ်ငန်းရှင်တချို့က ချင်းတွင်းမြစ်အတွင်း မြစ်သဲကျောက် ထုတ်ယူတာတွေကို ပြုလုပ်နေပါတယ်။ မြစ်သဲကျောက် အလွန်အကျွံထုတ်ယူနေတာကြောင့် လက်ရှိမှာ ဒေသခံတွေစိုက်ပျိုးလုပ်ကိုင်နေတဲ့ မြေနုကျွန်းတွေ ပြိုကျပျက်စီးပြီး ကောက်ပဲသီးနှံစိုက်ပျိုးစရာတွေ လျော့နည်းလာနေတာပါ။ ဒါ့အပြင် အနီးအနားက ရွှေကူ၊ ဝယာစတဲ့ကျေးရွာတွေကလည်း...
Read More

စစ်ကိုင်းတွင် လဲကျသေဆုံးသူ အမျိုးသားတစ်ဦးထံမှ ကိုဗစ်ပိုးတွေ့

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့မှာ လမ်းမပေါ်လဲကျသေဆုံးသူ အမျိုးသားတစ်ဦးထံကနေ ဒီကနေ့ နေ့လည်ပိုင်းက ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ စစ်ကိုင်းမြို့ခုတင်၂၀၀ ဆံ့ဆေးရုံ တာဝန်ရှိသူက ပြောပါတယ်။ စစ်ကိုင်းမြို့၊ ဧမြဝတီရပ်ကွက်အတွင်း လဲကျသေဆုံးနေတဲ့ အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦးကို အိုးဘိုလူမှုကူညီရေးအသင်းက စစ်ကိုင်း ခုတင် ၂၀၀...
Read More

ခင်မွန်ကျေးရွာ ကိုဗစ်ပိုးတွေ့ သူနာပြုဆရာမနဲ့ ထိတွေ့သူ ကိုယ်ဝန်ဆောင်မိခင် အနည်းဆုံး ၁၂၀ ရှိမယ်လို့ ခန့်မှန်းထား

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာမှာ ကလေးငယ်တွေနှင့် ကိုယ်ဝန်ဆောင်မိခင်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းက ကာကွယ်ဆေးထိုးနှံပေးခဲ့တဲ့ သားဖွားသူနာပြုဆရာမတစ်ဦးဆီကနေ ဇန်ဝါရီလ ၄ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် ထိစပ်ခဲ့သူအားလုံးကို ရှာဖွေနေပြီး ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်သွားမယ်လို့ သိရပါတယ်။ ကိုဗစ်ပိုးတွေ့ရှိခဲ့တဲ့ သားဖွားသူနာပြုဆရာမက ခင်မွန်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနမှာ တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ပြီး ပိုးမတွေ့ခင်...
Read More

တီးတိန်တွင် သေဆုံး အမျိုးသားတစ်ဦးထံမှ ကိုဗစ်ပိုးတွေ့

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ ဇန်နဝါရီလ ၄ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက သေဆုံးသူတစ်ဦးထံကနေ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ပြောပါတယ်။ သေဆုံးသူက တီးတိန်မြို့၊ မြို့မရပ်ကွက်နေထိုင်သူဖြစ်ပြီး နေအိမ်မှာ အသက်ရှုကြပ်ရာကနေ ဒီကနေ့ မနက် ၆နာရီက...
Read More

မုံရွာမြို့ ညောင်ကိုင်းအင်းအတွင်း လူနှစ်ဦး ရေနစ်သေဆုံး

မုံရွာမြို့၊ ထန်းတောရပ်ကွက်ရှိ ရွှေကြာရုံဘုန်းကြီးကျောင်းအနီးက ညောင်ကိုင်းအင်းအတွင်းမှာ ရေနစ်သေဆုံးနေတဲ့ လူနှစ်ဦးရဲ့ အလောင်းတွေကို ဇန်နဝါရီလ ၄ ရက်နေ့ နေ့လည်ပိုင်းက တွေ့ရှိခဲ့ပါတယ်။ ရေနစ်သေဆုံးသူတွေက ဇန်နဝါရီလ ၃ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်က ရေနစ်ပျောက်ဆုံးနေတဲ့ ကလေးငယ်တစ်ဦးနှင့် လူငယ်တစ်ဦးရဲ့...
Read More
error: Content is protected !!