Home > သတင်း > ဒေသတွင်းသတင်း > ချင်းပြည်၊ ဟားခါးမြို့မှာလည်း ရွေးကောက်ပွဲနေ့ အပြင်ထွက်သူမရှိ

ချင်းပြည်၊ ဟားခါးမြို့မှာလည်း ရွေးကောက်ပွဲနေ့ အပြင်ထွက်သူမရှိ

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကျင်းပမယ်လို့ ထုတ်ပြန်ထားတဲ့ ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပြည်သူတွေဟာ လမ်းမကို မထွက်ကြတာကြောင့် တိတ်ဆိတ်ခြောက်ကပ်နေတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။
ရွေးကောက်ပွဲနေ့မှာ ပြည်သူတွေ အိမ်ထဲကအိမ်ပြင်မထွက်ကြဘဲ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ CDF – Hakha က ဒီဇင်ဘာ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ဒီဇင်ဘာ ၂၆ ရက်နေ့က ဟားခါးမြို့၊ ရုန်းတောင်မှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ကို ဒေသခံ CDF – Hakha က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ပွဲဖြစ်ပွားစဥ်အတွင်း အာဏာသိမ်းစစ်တပ်က ဟားခါးမြို့ထဲ ပြည်သူတွေရှိရာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၅ လုံးဝန်းကျင် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ချင်းပြည်မြောက်ပိုင်း၊ ဟားခါး၊ ဖလမ်း၊ တီးတိန်မြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေပြီး အာဏာသိမ်းစစ်တပ်ကတော့ ချင်းပြည်နယ်က ဟားခါး၊ တီးတိန်၊ ခိုင်ကမ်းမြို့တွေမှာ ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲ အပိုင်း (၁) ကိုကျင်းပမယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
Photo – Social Media

error: Content is protected !!