Home > သတင်း > ဒေသတွင်းသတင်း > ငဖဲမြို့နယ်ထဲက ဘိန်းစိုက်ခင်း‌တွေကို PRA-Magway ဖျက်ဆီး

ငဖဲမြို့နယ်ထဲက ဘိန်းစိုက်ခင်း‌တွေကို PRA-Magway ဖျက်ဆီး

မကွေးတိုင်း၊ငဖဲမြို့နယ်ထဲက ဘိန်းစိုက်ခင်းတွေကို ဒီဇင်ဘာ ၁၆ရက်နဲ့ ၁၇ရက်က ဖျက်ဆီးခဲ့တယ်လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အာစု (PRA-Magway)က မနေ့ကထုတ်ပြန်ပါတယ်။
ငဖဲမြို့နယ်တောင်ဘက်ခြမ်းက ဘိန်းစိုက်ခင်းတွေကို ဖျက်ဆီးခဲ့တာဖြစ်ပြီး ဘိန်းခင်း စုစုပေါင်း ဧက ၃၀ ခန့် ရှိကာ ဘိန်းခင်းပိုင်ရှင်ကို စုံစမ်းခဲ့‌ပေမယ့်တိတိကျကျမသိခဲ့ရဘူးလို့ ဆိုပါတယ်။
၎င်းတို့လှုပ်ရှားနေတဲ့ ဒေသအတွင်းက မူးယစ်ဆေးဝါး စိုက်ပျိုးခြင်း အပါအဝင် ရောင်းဝယ်ဖောက်ကားခြင်း၊ လက်ဝယ်သိမ်းဆည်းခြင်းများကိုလည်း ကြပ်မတ်စစ်ဆေးလျက်ရှိတယ်လို့ PRA- Magway က ထုတ်ပြန်ထားပါတယ်။

error: Content is protected !!