ရန်ကုန်၊ ကြည့်မြင်တိုင် အသံတိတ်သပိတ်
ရန်ကုန်က မြို့နယ်တွေမှာလည်း ပြည်သူတွေဟာ ဒီကနေ့ ဒီဇင်ဘာ ၁၀ရက် အသံတိတ်သပိတ်မှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ လမ်းမတွေပေါ်မှာ ကားတစ်စီး၊နှစ်စီး သွားလာတာမျိုးကလွဲလို့ အပြင်ကိုမထွက်ကြဘဲ အသံတိတ်သပိတ်မှာ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။ Photo GCBS
မေမြို့က အသံတိတ်သပိတ်
စစ်တပ်ရဲ့ စစ်တက္ကသိုလ်ရှိရာမန္တလေးတိုင်း၊ မေမြို့ဟာလည်း ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ အသံတိတ်သပိတ်မှာ ပါဝင်ခဲ့ပါတယ်။ Photo- GCBS
အရာတော်မြို့နယ်က အသံတိတ်သပိတ်မြင်ကွင်း
အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်တဲ့ အသံတိတ်သပိတ် မြင်ကွင်း ဖြစ်ပါတယ်။ #အရာတော်မြို့နယ် #SilentStrike
စစ်ကျွန်မခံတဲ့ ပညာမာန်တွေနဲ့ ကလေးဒေသပြည်သူတွေ
(မျက်မှောက်ခေတ် အတွေးအမြင်) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ဟာ စိုက်ပျိုးရေး၊ စီးပွားကုန်သွယ်ရေးကောင်းတဲ့ ဒေသတစ်ခုဖြစ်သလို ပညာရေးကို လိုက်စားရကောင်းမှန်းသိတဲ့၊ တကယ်လည်းလိုက်စားပြီး တတ်မြောက်ခဲ့ကြတဲ့ ပညာထွန်းကားရာနယ်မြေဖြစ်တယ်။ ကလေးမြို့နယ်တွင်းကို အောက်တိုဘာလကစ စစ်တပ်က အင်အားထောင်ချီပြီး စစ်ကြောင်းအလုံးအရင်းထိုးခဲ့တယ်။ ကလေးမြို့နယ်မြောက်ပိုင်းက ပြည်သူတွေရော၊ ကလေးမြို့နယ် တောင်ပိုင်းကပြည်သူတွေရော သောင်းချီတဲ့ပြည်သူတွေ... Read More

ကျော ပ.အ.ဖ ကလေလံတင်ရောင်းချလိုက်တဲ့ သစ်တွေ ဖမ်းမိ၊ စကမတပ်ရှိရာ သယ်ဆောင်ဖို့ဖြစ်နေ
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ပ.အ.ဖ အဖွဲ့တခုကလေလံတင် ရောင်းချလိုက်တဲ့သစ်တွေကို Southern YSO PDF ဖမ်းမိခဲ့ပြီး သစ်တွေကိုစစ် ကော်မရှင်တပ်ရှိတဲ့နေရာ သယ်ဆောင်ဖို့ဖြစ်နေတယ်လို့ Southern YSO PDF က ဒီကနေ့ အောက်တို ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။... Read More
ကနီမြို့နယ်၊ သမင်ခြံရွာ လေကြောင်းတိုက်ခိုက်ခံရပြီး အရပ်သား ၄ ဉီးထိခိုက်သေဆုံး
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ သမင်ခြံရွာကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၃ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄ ဦးထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “လေကြောင်းနဲ့ တိုက်ခိုက်သွားတာ။ ရွာသား လေးဦးသေဆုံးတယ်။ တိရစ္ဆာန်တွေလည်း သေတာရှိတယ်။” လို့ ကနီမြို့နယ်ဒေသခံတစ်ဉီးက ပြောပါတယ်။... Read More
ကလေးတောင်ပိုင်း ကြံသာကျေးရွာကို တော်လှန်ရေးတပ်တွေ လက်လွတ်လိုက်ရ
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ၊ ကလေး – ဂန့်ဂေါ ကားလမ်းမကြီးပေါ်ရှိ ကလေးမြို့နယ်ရဲ့တောင်ဘက်စွန်ဆုံးကျေးရွာဖြစ်တဲ့ ကြံသာရွာကို တော်လှန်ရေးတပ်ဖွဲ့တွေက စက်တင်ဘာ ၂၀ ရက်နေ့မှာ ပြန်လည်လက်လွတ်လိုက်ရကြောင်း သိရသည်။ “သေချာတာကတော့ လူအင်အားချင်းအများကြီးကွာတယ်။ စစ်တပ်ဘက်က ပျူတွေရော၊ စစ်သားတွေရော အင်အားအများကြီး ဟံသာဝတီမှာဖြည့်ထားတာ။”... Read More
မုံရွာအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို စာဖတ်ခွင့်ပိတ်ပင်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ မုံရွာအကျဉ်းထောင်တွင် ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို ပြီးခဲ့တဲ့ မေလအတွင်းကစတင်ကာ စာဖတ်ခွင့် ပိတ်ပင်ထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အကျဉ်းထောင်ဝန်ထမ်းတဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်းက အသစ်ပြောင်းရွှေ့လာတဲ့ ထောင်ပိုင်ဖြစ်သူ ဝေမင်းလတ်က ထောင်တွင်း အကျဉ်းသား အခန်းလူကြီးတွေနဲ့ မေလ... Read More