ချင်းတောင်မှာ စတေးခံနေရတဲ့ စစ်ကော်မရှင်တပ်သားတွေ
H.PM (မျက်မှောက်ခေတ် အတွေးအမြင်) အာဏာသိမ်းစစ်တပ်သည် ခုခံတော်လှန်အားကောင်းသော ချင်းပြည်နယ်ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အောက်ခြေစစ်သားများကို စတေးခံခိုင်းနေသည်။ ချင်းတောင်တွင် စစ်အာဏာရှင်တို့အတွက် စတေးခံပေးနေရသည့် အောက်ခြေစစ်သားများထဲတွင် စစ်မှုထမ်းတပ်သားသစ်များ၊ ပျူစောထီးခေါ် ပြည်သူ့စစ်အဖွဲ့ဝင်များ ပါဝင်နေသည်။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှ လက်ရှိအချိန်ထိ ချင်းပြည်နယ်သို့... Read More
မုံရွာ နမခအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၇ဦး သေဆုံး
စစ်ကိုင်းတိုင်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အနီးက မင်းတဲကျေးရွာမှာ တပ်စွဲနေထိုင်တဲ့အာဏာသိမ်းစစ်တပ်ကို ဒေသတွင်းကာကွယ်ရေးတပ်က ဖေဖော်ဝါရီလ ၅ ရက် မနက်ပိုင်းမှာ စောင့်ကြို တိုက်ခိုက်ခဲ့တယ်လို့ BlackFalcon ဒေသကာကွယ်ရေးတပ်က ဒီကနေ့ဖေဖော်ဝါရီလ ၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ မင်းတဲကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကော်မရှင်အဖွဲ့ဝင်တွေက ဆိုင်ကယ်နဲ့... Read More
စစ်တပ်က ပိုက်ဆံတောင်းနေလို့ ကျောက္ကာရွာက တောင်သူတွေ ပဲစဉ်းငုံ မခုတ်နိုင်
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ကျောက္ကာကျေးရွာမှာ တပ်စွဲနေထိုင်ကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွာခံတောင်သူတွေရဲ့ ပဲစဉ်းငုံခင်းတွေ ရိတ်သိမ်းခွင့် တစ်ဧကကို ကျပ်၂ သိန်း တောင်းနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။ ကျောက္ကာကျေးရွာကို အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဩဂုတ်လ ပထမအပတ်က စတင်ပြီး... Read More
ယောဒေသမှာ လေကြောင်းဗုံးကြဲခံရလို့ ကျောင်းသူ ၂ ဦးအပါအဝင် အမျိုးသမီး ၅ ဦးသေဆုံး
မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်၊ မိအယ်ကျေးရွာထဲကို အာဏာသိမ်းစစ်တပ်က ဖေဖော်ဝါရီ ၅ ရက်နေ့၊ ညနေ ၅ နာရီခန့်မှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသူ ၂ ဦးအပါအဝင် အမျိုးသမီး ၅ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “သေဆုံးတဲ့... Read More
စစ်ကိုင်းတိုင်းက မြို့နယ် ၂ခုမှာလေကြောင်းတိုက်ခိုက်ခံရလို့ လူထိခိုက်သေဆုံးမှုရှိ
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်တွေမှာ စစ်ကော်မရှင်တပ်က ဖေဖော်ဝါရီလ ၄ ရက်နေ့နဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့တွေမှာလေကြောင်းတိုက်ခိုက်ခံခဲ့ရတာကြောင့် လူထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ ဒီပဲယင်းမြို့နယ် ညောင်လှကျေးရွာကို ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ပါရာမိုတာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်အဆောက်အဉီးတွေ... Read More
ယောဒေသ၊ ဂန့်ဂေါမြို့မှာ စစ်တပ်က အမျိုးသမီးနှစ်ဦးကို ဖမ်းဆီး
မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့မှာ ဖေဖော်ဝါရီ ၄ ရက်နေ့၊ မွန်းလွဲပိုင်းမှာ အမျိုးသမီးနှစ်ဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “မြို့အဝင် ခ.လ.ရ (၅၀) စစ်ဆေးရေးဂိတ်မှာ ကားပေါ်ပါလာတဲ့ တောင်ပေါ်က အမျိုးသမီးနှစ်ဦးကို ဖမ်းတာပါ။ ဘာကြောင့်ဖမ်းတယ် ဆိုတာတော့... Read More
မုံရွာမှာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ထိခိုက်သေဆုံးမှုရှိ
စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ပစ်ခတ်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့၀င် တွေအပါအ၀င် ကလေးငယ်တစ်ဦးနဲ့ အရပ်သားပြည်သူတွေပါ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ မြို့ခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဖေဖော်ဝါရီလ ၃ ရက် မနက် ၁၀ နာရီ၀န်းကျင်က မုံရွာမြို့ ပညာရေးတက္ကသိုလ်အထိုင်ချ စစ်တပ်ကို တော်လှန်ရေးတပ်တွေက အိမ်စီးကားနဲ့ ၀င်ရောက်ပစ်ခတ်ခဲ့တဲ့နောက်... Read More
ယောဒေသ၊ ဂန့်ဂေါမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး လက်နက်နှင့်အတူ စစ်တပ်ထံပူးပေါင်း
မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး အာဏာသိမ်းစစ်တပ်ထံ လက်နက်ယူဆောင်ကာ သွားရောက်ပူးပေါင်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဂန့်ဂေါခရိုင် အမှတ် – ၁၄ တပ်ရင်းက ရဲဘော် ရန်ကုန်သားခေါ် ကျော်မင်းလှိုင် (ခ) အကြီးကောင်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့၊... Read More
မုံရွာမှာ အိမ်စီးကားမောင်းလာသူ ပစ်ခတ်ခံရလို့ သေဆုံး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ သာစည်လမ်းမှာ ဖေဖော်ဝါ ရီလ ၃ ရက် မနက်ပိုင်းအချိန်မှာ အိမ်စီးကားမောင်းလာသူ ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ “အိမ်စီးကားကို နောက်ကနေကားနဲ့ လိုက်ပစ်ကြတာ။ဘာလို့လဲတော့ မသိဘူး။ ကားက ဘီးတွေလည်းပေါက်။ မှန်တွေလည်းကွဲပြီး မောင်းသွားတာ။ သာစည်မီးပွိုင့်နားရောက်တော့... Read More









