ကိုဗစ်ကူးစက်ခံခဲ့ရသူ ဆရာ/ဆရာမတွေထဲက ၂ ဦးကွယ်လွန်၊ အကူအညီတွေလိုအပ်နေ
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ မဲရုံတာဝန်တွေထမ်းဆောင်ရင်း ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရသူ ဆရာမ ၂ ဦးမှာ ကွယ်လွန်သွားတယ်လို့ နိုဝင်ဘာလ ၂၆ ရက်နေ့က မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (MTF) က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကတဆင့် ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ MTF ရဲ့... Read More
မုံရွာမြို့တွင် ရန်ကုန်မှပြောင်းလာသည့် ရဲဝင်ထမ်းနှစ်ဦး ပိုးတွေ့
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ ရန်ကုန်ကနေ ပြောင်းလာတဲ့ရဲဝင်ထမ်းနှစ်ဦး ဒီကနေ့ နံနက်ပိုင်းက ပိုးတွေ့ရှိတယ်လို့ မုံရွာမြို့နယ် ဒုအုပ်ချုပ်ရေးမှူးဦးအာကာမြင့်ကပြောပါတယ်။ အဲဒီပိုးတွေ့လူနာနှစ်ဦးက သာမန်ရဲတပ်သားတွေဖြစ်ပြီး ရန်ကုန်ကနေ မုံရွာမြို့ တိုင်းရဲတပ်ဖွဲ့ရုံးကို ပြောင်းလာသူတွေဖြစ်ကာ မုံရွာစီးပွားရေးတက္ကသိုလ်မှာ နိုဝင်ဘာ ၁၇ ရက်နေ့က Quarantine ထားရှိသူတွေဖြစ်ပါတယ်။ “ဒီနေ့... Read More
မုံရွာမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့်ကိုဗစ်ပိုးတွေ့အမျိုးသမီး သေဆုံး၊ မုံရွာပိုးတွေ့တွေထဲက ပထမဆုံးသေဆုံးသူဖြစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ကုတင် ၅၀၀ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်ပိုးတွေ့ အမျိုးသမီးတစ်ဦး ဒီကနေ့ နံနက် ၄ နာရီခွဲအချိန်က သေဆုံးခဲ့တာဖြစ်ပြီး ရောဂါခံရှိသူဖြစ်တယ်လို့ မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးကပြောပါတယ်။ “သူက ဆေးလိပ်တွေသောက်တယ်ပြောတယ်။ ဆေးလိပ်တွေသောက်တော့ အဆုပ်တွေမကောင်းတော့ဘူးပြောတယ်။ နှလုံးလဲမကောင်းဘူး။... Read More
နာဂဒေသတွင် NSCN-K နှင့် ခွဲထွက်အဖွဲတို့ ထိပ်တိုက်တွေ့ဆုံပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ပေမယ့် စစ်ရှောင်မရှိဘူးလို့ ဒေသခံအမတ်ပြောကြား
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့က ထိတွေ့ပစ်ခတ်မှုအနည်းငယ် ဖြစ်ပွားခဲ့ပါတယ်။ ဒီထိတွေ့ပစ်ခတ်မှုနဲ့ပတ်သက်လို့ ထိခိုက်ဒဏ်ရာရရှိသူ မရှိသလို နေရပ်စွန့်ခွာ ထွက်ပြေးရသူလည်း မရှိဘူးလို့ လေရှီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။ “စစ်ဖြစ်တာလည်း မဟုတ်ဘူး။ လမ်းမှာ... Read More
ဟားခါးမြို့ရဲ့ သောက်သုံးရေအခက်အခဲ ဖြေရှင်းနိုင်ဖို့ နွယ်ချောင်းဆည်ရေလှောင်တမံ တည်ဆောက်ဖို့ စီစဉ်နေ
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းက နွယ်ချောင်းကို လာမယ့် ၂၀၂၁ ခုနှစ် နှစ်စပိုင်းကစပြီး ဆည်ရေလှောင်တမံ တည်ဆောက်ဖို့ အစိုးရအဖွဲ့က စီစဉ်နေတာပါ။ ဒီစီမံကိန်းက ဟားခါးမြို့မှာ နွေရာသီရောက်တိုင်း နှစ်စဉ်ကြုံတွေ့နေကျ သောက်သုံးရေအခက်အခဲကို ဖြေရှင်းနိုင်စေရေးအတွက် လုပ်ဆောင်တာဖြစ်တယ်လို့ ချင်းပြည်နယ် စည်ပင်ဝန်ကြီးက ပြောပါတယ်။ “ဟားခါးမြို့ပေါ်မှာ... Read More
ADB အထောက်အပံ့ဖြင့် ဆောင်ရွက်သည့် ကုန်ထုတ်လမ်းကို ယခုရက်ပိုင်းအတွင်း ပြီးစီးအောင် ဆောင် ရွက်သွားမည်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အထောက်အပံ့နဲ့ ဆောင်ရွက်တဲ့ ကျေးလက်ကုန်ထုတ်လမ်းကို အခုရက်ပိုင်းအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမယ်လို့ မုံရွာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက သိရပါတယ်။ ဒီကျေးလက်ကုန်ထုတ်လမ်းကို ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်စေမယ့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာ ကွင်းဆက်စီမံကိန်းအဖြစ် မုံရွာမြို့ နယ်၊ ခိုးသန်းကျေးရွာမှာ ဩဂုတ်လ(၁၀)ရက်နေ့က စတင်အကောင်အထည်ဖော်... Read More
မင်းကင်းမြို့နယ်တွင် ရွေးကောက်ပွဲမှာ ငွေပေးမဲဆွယ်ခဲ့လို့ဆိုကာ NLD ပါတီကို ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းက ရဲစခန်းမှာ အမှုဖွင့်
၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ ရွေးကောက်ပွဲဉပဒေပါ ပြဌာန်းချက်တွေကို ချိုးဖောက်ပြီး ငွေကြေးပေးကာ စည်းရုံးခဲ့တယ်ဆိုကာ မင်းကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ကိုယ်စားလှယ်လောင်း ဦးဇော်မိုးလွင်က NLD ပါတီကို နိုဝင်ဘာလ ၂၂ ရက်နေ့က မောက္ကတော်နယ်မြေရဲစခန်းမှာ အမှု ၃... Read More
တိုင်းအစိုးရကတိတွေထဲက တစ်ခုဖြစ်တဲ့ မုံရွာကားကြီးကွင်းတည်ဆောက်မှု အခုလကုန်အပြီးဆောက်မည်လို့ စည်ပင်တာဝန်ရှိသူပြော
မုံရွာမြို့ သန့်ရှင်းသာယာလှပရေးနှင့် ရေရှည်တည်တံ့ရေးအတွက်ဆိုပြီး အချက် ၉ ချက်ထဲက တစ်ခုဖြစ်တဲ့ မုံရွာမြို့ ကားကြီးကွင်း တိုးချဲ့ရေးနဲ့ပတ်သက်လို့ နိုဝင်ဘာလအကုန်မှာ အပြီးတည်ဆောက်သွားမယ်လို့ တိုင်းစည်ပင်တာဝန်ရှိသူက ပြောပါတယ်။ လက်ရှိမှာ ၉၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလက စတင်တည်ဆောက်ခဲ့တာပါ။ “အဝေးပြေးကားကြီးကွင်း... Read More
တန့်ဆည်မြို့နယ် အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ဝက်အကောင်ရေ ၁၀၀ ကျော် သေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်အတွင်းက ကျေးရွာနှစ်ရွာမှာ အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ဝက်အကောင်ရေ ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ တန့်ဆည်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာမင်းက ပြောပါတယ်။ အဲဒီကျေးရွာနှစ်ရွာမှာ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက အာဖရိကဝက် အပြင်းဖျားရောဂါ စတင်ဖြစ်ပွားနေပြီး ဒီနေ့ထိ ဝက်အကောင်ရေ ၁၀၀ ကျော် သေဆုံးခဲ့တာပါ။... Read More