Home > သတင်း > စီးပွားရေး (Page 2)

ကလေးဝမြို့အနီးတွင် ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး လူတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့၊ သရက်ချောင်းတံတားအနီးမှာ ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေပိုင်းက ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး လူ ၁ ဦးသေဆုံးခဲ့တယ်လို့ ကလေးဝမြို့နယ် မီးသတ်ဦးစီးဌာနက တာဝန်ရှိသူကပြောပါတယ်။ တိမ်းမှောက်တဲ့ကားက ကလေးဝ-ခင်ဦး မိုင် ၁၀၀ ကနေ စပါးအိတ်တွေတင်ဆောင်လာတဲ့ ကုန်တင်...
Read More

မုံရွာမြို့သို့ ဆောင်းခိုငှက်ဝင်ရောက်မှု ၄ နှစ်အတွင်း သိသိသာသာ လျော့နည်းလာ

စစ်ကိုင်တိုင်းဒေသကြီး၊ မုံရွာမြို့မှာ အခုလို ဆောင်းရာသီချိန်ဆို မြို့ပေါ်က အင်းတွေမှာ ဆောင်းခိုငှက် အများပြားမြင်တွေ့ရလေ့ရှိတဲ့ ညောင်ကိုင်းအင်းမှာတော့ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်တွေ ယိုယွင်းစပြုလာတာနဲ့ ငှက်ဖမ်းဆီးသူတချို့ရှိနေတာတွေကြောင့် ၄ နှစ်အတွင်း ဆောင်းခိုငှက် ဆင်းသက်နားခိုတာတွေ တဖြည်းဖြည်းနည်းပါးလာတယ်လို့ သိရပါတယ်။ ညောင်ကိုင်းအင်းအနေနဲ့ ရေဝင်ရေလွှဲစနစ်မှန်ကန်မှုမရှိတာ၊ လူနေအိမ်ခြေ...
Read More

နီးသလိုလိုနဲ့ ဝေးနေသေးတဲ့ လက်ပံတောင်းတောင် မြေယာလျော်ကြေး

ကမ္ဘာကျော်လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် ဒေသခံတွေရဲ့ ဘိုးဘွားပိုင်လယ်ယာမြေဧက ၅ ထောင်နဲ့အထက် သိမ်းဆည်းခံခဲ့ရပြီး စီမံကိန်းအနီးက တောင်သူမြောက်များစွာ လယ်မဲ့ယာမဲ့ဘဝကို ရောက်ရှိခဲ့ကြရပါတယ်။ စီမံကိန်းစတင်စဉ်ကတည်းက တောင်သူအများစုကတော့ မြေယာလျော်ကြေးရယူတာ၊ စီမံကိန်းနဲ့ မလွတ်ကင်းတဲ့ နေအိမ်အဆောက်အဦးတွေ ပြောင်းရွှေ့ဖယ်ရှားပေးတာတွေလည်း ရှိခဲ့ပါတယ်။ သို့သော်လည်း တောင်သူတချို့ကတော့ စီမံကိန်းကြောင့် ဆုံးရှုံးနစ်နာမှုတွေအတွက်...
Read More

ချင်းတွင်းမြစ်အတွင်း ကုန်တင်ရေယာဉ်တစ်စီး တိမ်းမှောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ရှားတောကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း ကုန်တင်ရေယာဉ်တစ်စီး ဒီကနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက် ၁၁ နာရီအချိန်က တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။ မုံရွာမြို့ကနေ ထွက်ခွာလာတဲ့ မျိုးသူဇော်အမည်ရှိ ကုန်တင်ရေယာဉ်က မင်းကင်းမြို့နယ် ရှားတောကျေးရွာအနီးမှာ ကျောက်ဆောင်စွယ်နဲ့ပွတ်ပြီး တိမ်းမှောက်ခဲ့တာပါ။ “ဒီနေ့...
Read More

ဈေးသည်တစ်ဦးပိုးတွေ့လို့ ကောလင်းမြို့မဈေးကို ယာယီပိတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့မစျေးကို ကိုဗစ်ရောဂါကြောင့် ဒီကနေ ဇန်နဝါရီလ ၂၄ ရက်နေ့ကစပြီး မြို့နယ်စည်ပင်ကနေ ယာယီပိတ်လိုက်ပြီဖြစ်ပါတယ်။ ဈေးပိတ်မယ့်အကြောင်းကိုလည်း ပြီးခဲ့တဲ့ ရက်ကတည်းက ကောလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့က အမှုဆောင်အရာရှိဦးဝဏ္ဏအောင်လက်မှတ်နဲ့ ကြေငြာချက် ထုတ်ပြန်ထားပါတယ်။ ကောလင်းမြို့မစျေးကို ဇန်နဝါရီလ ၂၄ ရက်နေ့ကစပြီး...
Read More

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် မြေယာဆုံးရှုံးသွားတဲ့ တောင်သူတွေထဲက မြေယာလျော်ကြေး မထုတ်သေးသူအချို့ လျော်ကြေးစတင်ထုတ်ယူ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် မြေယာဆုံးရှုံးခဲ့တဲ့ တောင်သူတွေ များစွာရှိခဲ့သလို ကျေးရွာပြောင်းရွှေ့ရမှုတွေလည်း ရှိခဲ့ပါတယ်။ စီမံကိန်းစတင်စဉ်ကာလကတည်းက တောင်သူတချို့ကတော့ လျော်ကြေးငွေ ထုတ်ယူခဲ့ကြပေမယ့် တချို့တောင်သူတွေကတော့ အစီရင်ခံစာပါအချက်တွေလိုက်လျောဆောင်ရွက်တာမရှိလို့ဆိုပြီး မြေယာလျော်ကြေးမယူဘဲ စီမံကိန်းကို နှစ်ပေါင်းများစွာအသက်ပေး ကန့်ကွက်နေခဲ့ကြတာပါ။ လက်ရှိမှာတော့ ကျန်နေသေးတဲ့မြေယာသိမ်းဆည်းခံ တောင်သူတွေရဲ့ တောင်းဆိုချက်တွေထဲက...
Read More

ချင်းတွင်းမြစ်ရဲ့ ၅ စင်းမြောက် မြစ်ကူးတံတား ထမံသီတွင် စတင်တည်ဆောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အထက်ပိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်မှာ ထမံသီနှင့် ပင်းမာကျေးရွာကို ဆက်သွယ်မယ့် ချင်းတွင်းတံတား(ထမံသီ) ကို ဇန်နဝါရီလ ၁၉ ရက်နေ့ကစပြီး စတင် တည်ဆောက်နေပြီ ဖြစ်ပါတယ်။ တံတားတည်ဆောက်ဖို့အတွက် ဇန်နဝါရီလ ၁၉ ရက်နေ့က လွှတ်တော်ကိုယ်စားလှယ်တွေ၊ တံတားတည်ဆောက်ရေးတာဝန်ရှိသူတွေ တက်ရောက်ပြီး...
Read More

သနပ်ခါးမပါဘဲ အမည်ခံရောင်းချနေတဲ့ အလှကုန်တွေ အရေးယူပေးဖို့ တိုင်ကြားပေမယ့် စားသုံးသူရေးရာဦးစီးဌာနက အရေးမယူ

ပြည်တွင်းစျေးကွက်အတွင်း ရောင်းချနေတဲ့ သနပ်ခါးအလှကုန်အမည်ခံ လူသုံးကုန်ပစ္စည်းတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ စားသုံးသူရေးရာဦးစီးဌာနကို နှစ်ကြိမ်တိုင်ကြားခဲ့ပေမယ့် ဒီနေ့ထိ ထူးခြားမှု မရှိသေးဘူးလို့ မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း တာဝန်ရှိသူက ပြောပါတယ်။ အသင်းအနေနဲ့ ပြည်တွင်းစျေးကွက်အတွင်း ရောင်းချနေတဲ့ သနပ်ခါးအလှကုန်အမျိုးပေါင်း ၈၀ ခန့်ကို...
Read More

စစ်ကိုင်းတိုင်းဒေသကြီးတွင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ကုန်ထုတ်လမ်းများများလိုအပ်နေ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဦးစားပေးမူဝါဒတွေထဲမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး တိုင်းဒေသကြီး၏ လူမှုစီးပွားဘဝ မြင့်မားစေရန် ဆိုတဲ့အချက်က ထိပ်ဆုံးက ပါဝင်နေပါတယ်။ အစိုးရရဲ့ မူဝါဒအောင်မြင်ဖို့အတွက် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ရာမှာ ကုန်ထုတ်လမ်းတွေ များများလိုအပ်နေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းလှိုင်ဦးက ပြီးခဲ့တဲ့ ရက်ပိုင်းက...
Read More
error: Content is protected !!