ဝက်လက်မြို့နယ်က GAP ဆောင်းနှမ်း စုပေါင်းရောင်းချပွဲမှာ တင်းပေါင်း ၆ ထောင်ကျော် ရောင်းချနိုင်ခဲ့
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်တွင် စိုက် ပျိုးရေးဦးစီးဌာနနှင့် ပေါင်းစုလုပ်အား ကူညီပေးရေးအဖွဲ့ (Network Activity Group- NAG) တို့ပူးပေါင်းကာ ပထမဆုံးအကြိမ်အဖြစ် GAP နည်းစနစ်နဲ့ စိုက်ပျိုးထားတဲ့ ဆောင်းနှမ်းစုပေါင်းရောင်းချပွဲကို ဇန်နဝါရီလ ၉ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ ကျင်းပခဲ့ပါတယ်။... Read More
ငါန်းဇွန်မြို့နယ်တွင် ဧရာဝတီမြစ်အတွင်း သောင်ထွန်းမှု များပြားလာလို့ စိုက်ပျိုးရေ အခက်ခဲဖြစ်နေ
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်မှာ ယခုနှစ်ကာလအတွင်း မိုးခေါင်တာ၊ ဧရာဝတီမြစ်ရိုးတလျှောက် သောင်ထွန်းတာတွေ များပြားလာတာကြောင့် စိုက်ပျိုးရေအခက်ခဲ ဖြစ်ပေါ်နေပါတယ်။ အရင်က စိုက်ပျိုးလယ်ယာမြေတွေဟာ ဆည်ရေသောက်လို့ရပေမယ့် မိုးခေါင်ပြီး ရေခမ်းခြောက်လာတာတွေကြောင့် ဆည်ရေမပေးနိုင်တော့တဲ့အတွက် မြစ်ရေတင်စီမံကိန်းကို အားကိုးအားထားပြုနေကြရတာပါ။ “မိုးခေါင်ရေခမ်းပြဿနာကြောင့် သီးနှံက ဆည်ရေလဲမသောက်ရဘူး။ အခု မြစ်ရေတင်ကို... Read More
မံစီမြို့နယ်တွင် ဒေသပေါက်ဈေး ကျပ်သိန်း ၇၇၀ တန်ဖိုးရှိ မူယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ကချင်ပြည်နယ်၊ မံစီမြို့နယ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု (၁) ဗန်းမော်မှ ရဲအုပ်ခါးလီဦးဆောင်ကာ သက်သေတွေနဲ့အတူ ပူးပေါင်းအဖွဲ့ဝင်တွေက ဒေသပေါက်ဈေး ကျပ်သိန်း ၇၇၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ဇန်နဝါရီလ ၁၂ ရက်နေ့က ဟန်ထက်ကျေးရွာနှင့် မန်ရကျေးရွာသွား ကားလမ်းပေါ်တွင် ဆိုင်ကယ်စီးနင်းလာသူနှစ်ဦးထံကနေ ဖမ်းဆီးရမိခဲ့တယ်လို့... Read More
မုံရွာ မြေယာအငြင်းပွားမှုမှာ ထိခိုက်ဒဏ်ရာရသူတွေထဲက နောက်တစ်ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၂ ဦးရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ ဇလုပ်ဆွမ်းအုပ်အဝိုင်းအနီး၊ မြို့ပတ်လမ်းရှိ မြေကွက်ကို ပိုင်ရှင်ဆိုသူတွေက ခြံစည်းရိုးလာရောက်ခတ်တာကနေ ဒေသခံပြည်သူတွေနဲ့ မကျေမလည်ဖြစ်ပြီး ဇန်နဝါရီလ ၁၂ ရက်နေ့ နေ့လည်ပိုင်းမှာ အဓိကရုန်းဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ အဓိကရုန်းကြောင့် လူ ၅ ဦးထိခိုက်ဒဏ်ရာရကာ အဲဒီထဲက သေဆုံးသူ... Read More
စစ်ကိုင်းတိုင်းဒေသကြီးတွင် ပထမဆုံးအကြိမ်အဖြစ် GAP နည်းစနစ်ဖြင့် စိုက်ပျိုးထားသည့် ဆောင်းနှမ်းများ စုပေါင်းရောင်းချပွဲပြုလုပ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပေါင်းစုလုပ်အားကူညီပေးရေးအဖွဲ့ (Network Activity Group- NAG) တို့ပူးပေါင်းကာ ပထမဆုံးအကြိမ်အဖြစ် GAP နည်းစနစ်နဲ့ စိုက်ပျိုးထားတဲ့ ဆောင်းနှမ်းတွေကို စုပေါင်းရောင်းချပွဲ ဇန်နဝါရီလ ၉ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ ဝက်လက်မြို့နယ်၊ အင်ကြင်းပင်ကျေးရွာ၊... Read More
အိန္ဒိယနယ်စပ်ဂိတ်ပိတ်ထားလို့ ဒေသထွက်မျောက်ငိုသီးဈေးကွက် အရောင်းအဝယ် ကျဆင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ အိန္ဒိယ-မြန်မာနယ်စပ်၊ တမူးမြို့မှာ မျောက်ငိုသီးစျေးကွက် တစ်တောင့်ကို ၁၅၀ ကျပ်နှုန်း လက်လီဈေးကွက်သာ အရောင်းအဝယ်ဖြစ်နေတယ်လို့ တမူးမြို့က မျောက်ငိုသီးရောင်းဝယ်ရေး လုပ်ကိုင်သူတွေရဲ့ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ကိုဗစ်ကြောင့် အိန္ဒိယ-မြန်မာနယ်စပ်တမူးမြို့ နယ်စပ်ဂိတ်တွေ ပိတ်ထားတဲ့အတွက် မျောက်ငိုသီးဈေးကွက် အရှုံးနှင့်ရင်ဆိုင်ကြုံတွေ့ခဲ့ရတာပါ။ “စျေးကွက်ကတော့ နယ်စပ်စျေးပိတ်ထားတဲ့အတွက်ကြောင့်... Read More
မြစ်သဲကျောက်အလွန်အကျွံထုတ်လုပ်မှုကြောင့် ဒေသခံတွေရဲ့ မြေနုကျွန်းတွေဆုံးရှုံးပြီး ကျေးရွာတွေပါ ကမ်းပြိုအန္တရာယ်နဲ့ ရင်ဆိုင်နေရ
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ အမြင့်မြို့ဟောင်းကျေးရွာမှာ သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်နဲ့ လုပ်ငန်းရှင်တချို့က ချင်းတွင်းမြစ်အတွင်း မြစ်သဲကျောက် ထုတ်ယူတာတွေကို ပြုလုပ်နေပါတယ်။ မြစ်သဲကျောက် အလွန်အကျွံထုတ်ယူနေတာကြောင့် လက်ရှိမှာ ဒေသခံတွေစိုက်ပျိုးလုပ်ကိုင်နေတဲ့ မြေနုကျွန်းတွေ ပြိုကျပျက်စီးပြီး ကောက်ပဲသီးနှံစိုက်ပျိုးစရာတွေ လျော့နည်းလာနေတာပါ။ ဒါ့အပြင် အနီးအနားက ရွှေကူ၊ ဝယာစတဲ့ကျေးရွာတွေကလည်း... Read More
မုံရွာမြို့တွင် ကြက်သွန်နီစျေးနှုန်း တစ်ပိဿာ ကျပ် ၁၀၀ ဝန်းကျင်ထိ ဈေးနှုန်းကျဆင်းနေပေမယ့် ဝယ်သူမရှိဖြစ်နေ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ကြက်သွန်နီစျေးနှုန်း တစ်ပိဿာကျပ် ၁၀၀ ဝန်းကျင်အထိ ကျဆင်းနေပေမယ့် ဝယ်သူမရှိဖြစ်နေတယ်လို့ ကြက်သွန်စိုက် တောင်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့လပိုင်းတွေက ဘင်္ဂလားဒေ့ရ်ှနှင့် တရုတ်နိုင်ငံတို့ကနေ ၀ယ်လိုအားကြောင့် ကြက်သွန်နီ တစ်ပိဿာကို ကျပ် ၈၀၀ ကနေ ၁၀၀၀ ကြား... Read More
လအတန်ကြာပိတ်ထားခဲ့တဲ့ မုံရွာကုန်စည်ဒိုင် ပြန်လည်ဖွင့်လှစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာကုန်စည်ဒိုင်ကို ဒီဇင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့ မုံရွာကုန်စည်ဒိုင် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးတင်ကိုကိုက ပြောပါတယ်။ မုံရွာကုန်စည်ဒိုင်ကို ကိုဗစ်ပထမလှိုင်းဖြစ်ကာစက ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်တဲ့အနေနဲ့ မတ်လကစ ပိတ်ခဲ့ပြီး ၈ လပိုင်းမှာ... Read More









