စစ်တပ်ရဲ့ လေယာဥ်နဲ့ ဗုံးကြဲမှုကြောင့် PDF – Zoland က ဆေးတပ်သားနဲ့ ထောက်ပို့ ရဲမေ ၅ ဦး၊ ရဲဘော် ၄ ဦးကျဆုံးခဲ့ရ
ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်၊ ဖူနွမ်းကျေးရွာကို မေ ၆ ရက်နေ့မှာ အာဏာသိိမ်းစစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တီးတိန်ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ PDF – Zoland က ဆေးတပ်သားနဲ့ ရဲမေ ၅ ဦးအပါဝင် ရဲဘော် ၉ ဦးကျဆုံးခဲ့ရတယ်လို့... Read More
စစ်တပ်က ဖလမ်းမြို့ အုပ်ချုပ်ယန္တယား လည်ပတ်ရေး ဘက်စုံက ဖိအားပေး ကြိုးပမ်းနေ
ချင်းပြည်နယ်၊ ဖလမ်းမြို့ အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်နိုင် ဖို့အတွက် အာဏာသိမ်းစစ်တပ်ဟာ ကလေးမြို့က အရပ်သားကားတွေကို ချောဆွဲပြီး Non – CDM ဝန်ထမ်းတွေကိုလည်း ပို့ဆောင်ခဲ့သလို ဖလမ်းမြို့ကို နောက်ထပ်လူတွေပို့ဆောင်ဖို့ ကားတွေကို ထပ်ချောဆွဲထားတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “စစ်ရှောင်တွေ... Read More
စစ်တပ်က ယောနဲ့ ချင်းနယ်စပ်ကို လေကြောင်းဆက်တိုက်ပစ်ခတ်ပြီး မြေပြင်စစ်ကြောင်းလည်း ဦးတည်လာနေ
မကွေးတိုင်း၊ ယောဒေသ၊ ကျောက်ထုနဲ့ ချင်းပြည်၊ မင်းတပ်နယ်စပ်ကို လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး ကျောက်ထုဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၅၀၀ ပါစစ်ကြောင်းဟာလည်း ပေါက်မြို့ကနေ ကျောက်ထုဘက်ကို ထွက်လာပြီဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ကျောက်ထုမြို့အနီး ယောနဲ့ ချင်း ဆက်သွယ်ရေးလမ်းကြောင်းပေါ်က ကံကြီးကျေးရွာလမ်းဆုံကို... Read More
ကနီမြို့နယ် ဝင်မနားတိုက်နယ်ဆေးရုံဟောင်း လေကြောင်းတိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း ကနီမြို့နယ် ဝင်မနားတိုက်နယ်ဆေးရုံဟောင်းကို မေလ ၇ ရက်နေ့မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတာ ရှိပေမယ့် အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။ “ကြားတာကတော့ အရပ်သားနှစ်ယောက်ဆုံးတယ်ကြားတယ်။ ထိခိုက်တာတွေလည်းရှိတယ်ကြားတယ်။ အတိအကျတော့... Read More
တီးတိန်မြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက် ခိုက်မှုကြောင့် PDF-Zoland ရဲမေ ၄ ဦး၊ ရဲဘော် ၃ ဦး ကျဆုံး
ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်၊ ဖူနွမ်းကျေးရွာကို မေ ၆ ရက်နေ့က အာဏာသိိမ်းစစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် တီးတိန်ဒေသခံ ချင်းတော်လှန်ရေးတပ်ဖွဲ့ PDF – Zoland က ရဲမေ ၄ ဦးနဲ့ ရဲဘော် ၃ ဦးကျဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကနေ... Read More
တီးတိန်မြို့နယ် ကနေဒီတောင် စခန်းကို စစ်တပ်က ပြန်သိမ်းပိုက်
ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်က စစ်ရေးအရ အရေးပါတဲ့ ကနေဒီတောင်စခန်းကို မေ ၅ ရက်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေက လက်လွတ်ခဲ့ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ သိုင်းငင်းနဲ့ တီးတိန်မြို့ကြားမှာ မေ ၂ ရက်နေ့ကစလို့ အင်အား ၂၀၀ ဝန်းကျင်ပါ စစ်တပ်စစ်ကြောင်းနဲ့... Read More
ယင်းမာပင်နယ်မှာ စစ်တပ်က အင်အားထပ်တိုး ၊ အရပ်သားတွေ ထောင်နဲ့ချီထွက်ပြေးနေရ
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် မြောက်ခြမ်းဒေသမှာ မေလ ၅ ရက်နေ့ နံနက်ပိုင်းကစလို့ စစ်တပ်က အင်အားထပ်တိုးလာတာကြောင့် အရပ်သားတွေ ထောင်နဲ့ချီထွက်ပြေးနေရတယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ စစ်တပ် တပ်ဖွဲ့ဝင်တွေဟာ အင်အားအလုံးအရင်းနဲ့ ယင်းမာပင်မြို့နယ်ထဲကို ဝင်ရောက်လာတာလို့ သိရပါတယ်။ “ဒီကနေ့ မနက်ပိုင်းက... Read More
ချင်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲတွေမှာ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၆ ဦး ကျဆုံး
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်နဲ့ တီးတိန်မြို့နယ်တွေမှာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲတွေပြင်းထန်နေပြီး တိုက်ပွဲတွေအတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၆ ဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်နဲ့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ချင်းပြည်နယ်၊ ဖလမ်းမြို့နဲ့ ဟားခါးမြို့လမ်းပိုင်းတိုက်ပွဲမှာ ချင်းအမျိုးသားတပ်မတော် CNA က... Read More
ချင်းပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး ချင်းနဲ့ထိစပ်နေတဲ့ ယောဒေသကို စစ်တပ်က ခဲယမ်းရိက္ခာတွေ ဆက်တိုက်ဖြည့်နေ
ချင်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး၊ ချင်းပြည်နယ်တောင်ပိုင်းနဲ့ နယ်မြေချင်းထိစပ်နေတဲ့ ယောဒေသကိုလည်း စစ်တပ်က လေကြောင်းကနေ ခဲယမ်းရိက္ခာတွေ ဆက်တိုက်ဖြည့်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။ “ဒီနေ့ မနက် ၉နာရီမှာ ထီးလင်းမြို့ပေါ်ကို Y 8 နဲ့ ရိက္ခာထုပ်တွေလာချတယ်။ ပြီးတော့ လေးလပိုင်းထဲမှာလည်း တစ်ခါလာချသေးတယ်”... Read More
ကလေးမြို့ကနေ ချင်းပြည်နယ်ကို ချောဆွဲခံရတဲ့ ကားတွေ ပြန်မလွတ်သေး၊ စစ်တပ်က ကားတွေထပ်ချောဆွဲဖို့ လုပ်ဆောင်နေ
စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ်ကို စစ်တပ်က ချောဆွဲသွားတဲ့ ကားနဲ့ကားသမားတွေ ပြန်လွတ်မလာသေးသလို ကလေးမြို့ပေါ်မှာ နောက်ထပ်ကားတွေကို ချောဆွဲဖို့လည်း စစ်တပ်က ကြိုးစားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့က ၊ အာဏာသိမ်းစစ်တပ်ဟာ ကလေးမြို့ပေါ်က ကားအစီး... Read More










