Home > သတင်း > စစ်ရေး > ယင်းမာပင်နယ်မှာ စစ်တပ်က အင်အားထပ်တိုး ၊ အရပ်သားတွေ ထောင်နဲ့ချီထွက်ပြေးနေရ

ယင်းမာပင်နယ်မှာ စစ်တပ်က အင်အားထပ်တိုး ၊ အရပ်သားတွေ ထောင်နဲ့ချီထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် မြောက်ခြမ်းဒေသမှာ မေလ ၅ ရက်နေ့ နံနက်ပိုင်းကစလို့ စစ်တပ်က အင်အားထပ်တိုးလာတာကြောင့် အရပ်သားတွေ ထောင်နဲ့ချီထွက်ပြေးနေရတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ စစ်တပ် တပ်ဖွဲ့ဝင်တွေဟာ အင်အားအလုံးအရင်းနဲ့ ယင်းမာပင်မြို့နယ်ထဲကို ဝင်ရောက်လာတာလို့ သိရပါတယ်။
“ဒီကနေ့ မနက်ပိုင်းက အင်အားတိုးလာတယ်။ အင်အားများတယ်။ အခုစုန်းချောင်းအနောက်ရွာထဲဝင်နေတာ ။ မနက်ကြရင် ဘယ်ကိုထွက်မလဲတော့မသိဘူး ။ ဒေသခံတွေကတော့ ထုံးစမ်းအတိုင်းပဲ ။ ပြေးကြပြီပေါ့ဗျာ”လို့ ယင်းမာပင်မြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်တပ် တပ်ဖွဲ့ဝင်တွေဟာ ယင်းမာပင်မြို့နယ် ဆင်စွယ်ရွာ ၊ ပုလဲမြို့ ၊ ယင်းမာပင်မြို့နယ်မြောက်ခြမ်းဒေသနဲ့ကနီမြို့နယ် ချောင်းမရွာတွေမှာ အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေတာပါ။
စစ်တပ်စစ်ကြောင်းကြောင့် ယင်းမာပင်မြို့နယ် နဘူးတော ၊ ကျောက်မှော် ၊ ကျောက်ကုန်း ၊ စုန်းချောင်း ၊ ကွေ့ချောင်း စတဲ့ရွာတွေမှာ နေထိုင်ကြတဲ့ ဒေသခံတစ်ထောင်ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

error: Content is protected !!