Home > သတင်း > စစ်ရေး > စစ်တပ်ရဲ့ လေယာဥ်နဲ့ ဗုံးကြဲမှုကြောင့် PDF – Zoland က ဆေးတပ်သားနဲ့ ထောက်ပို့ ရဲမေ ၅ ဦး၊ ရဲဘော် ၄ ဦးကျဆုံးခဲ့ရ

စစ်တပ်ရဲ့ လေယာဥ်နဲ့ ဗုံးကြဲမှုကြောင့် PDF – Zoland က ဆေးတပ်သားနဲ့ ထောက်ပို့ ရဲမေ ၅ ဦး၊ ရဲဘော် ၄ ဦးကျဆုံးခဲ့ရ

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်၊ ဖူနွမ်းကျေးရွာကို မေ ၆ ရက်နေ့မှာ အာဏာသိိမ်းစစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တီးတိန်ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ PDF – Zoland က ဆေးတပ်သားနဲ့ ရဲမေ ၅ ဦးအပါဝင် ရဲဘော် ၉ ဦးကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ဧပြီ ၆ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်မှာ တိန်းမြို့တောင်ဘက် မိုင် နှစ်ဆယ်ဝန်းကျင်အကွာ ဖူနွမ်းကျေးရွာက AG ဘုရားကျောင်းကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာမှာ ခုလိုကျဆုံးမှုဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးတပ်သားနဲ့ ထောက်ပို့တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီး ရဲမေ ၅ ဦးနဲ့ ထောက်ပို့တာဝန်ယူပေးနေတဲ့ အမျိုးသား ၄ ဦး ကျဆုံးခဲ့ရတယ်လို့ PDF – Zoalnd တာဝန်ရှိသူတစ်ဦးက မျက်မှောက်ခေတ်ကို ပြောပါတယ်။ ဒါ့အပြင် ရဲဘော် ၁ ဦး အသေးစားထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ မေ ၂ ရက်နေ့ကစ ကလေးမြို့ကနေ တက်လာတဲ့ အာဏာသိမ်းစစ်တပ်နဲ့ ချင်းညီနောင်တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာပါ။
“တိုက်ပွဲတွေအတွင်း စစ်တပ်က လေကြောင်းအင်အား အများကြီးသုံးပါတယ်။ ကနေဒီတောင်စခန်းတိုက်ပွဲမှာလည်း လေကြောင်းအားတွေ တော်တော်သုံးခဲ့တယ်” လို့ ချင်းပြည်နယ်လေကြောင်း စောင့်ကြည့်နေတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။
ချင်းပြည်နယ်ကို စစ်တပ်က စစ်ရေးနဲ့ဆိုင်တဲ့ ပစ်မှတ်တွေကိုသာ မဟုတ်ဘဲ အရပ်သားတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ကလေးငယ်တွေနဲ့ အရပ်သားတွေလည်း သေဆုံးခဲ့ရပါတယ်။
ချင်းပြည်နယ်မှာ ဧပြီ ၂၉ ရက်နေ့ကနေ မေလ ၂ ရက်နေ့အထိ အာဏာသိမ်းစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ် ၇ ဦးအပါအဝင် အရပ်သား ၁၈ ဦး ထိ သေဆုံးခဲ့တာကို ဒေသတွင်း သတင်းအချက်အလက်တွေအရ သိရပါတယ်။
Photo – PDF – Zoland

error: Content is protected !!