ယောမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်ချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ဗိုလ်ကြီးကောင်းကောင်းအပါအဝင် ၂ ဦးကျဆုံး
မကွေးတိုင်း၊ ယောဒေသ၊ ညောင်လယ်ကျေးရွာအနီးမှာ မတ် ၂၂ ရက်နေ့၊ မွန်းလွဲပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး YDF စစ်မြေပြင်ရုံးမှ ဗိုလ်ကြီးကောင်းကောင်းအပါအဝင် ရဲဘော်နှစ်ဦးကျဆုံးပြီး၊ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ “ဘယ်ဘက်ကမှားတယ်၊ မှန်တယ်ဆိုတာထက် တော်လှန်ရေးသမားချင်း လက်နက်နဲ့ဒီလို လုပ်တာကို... Read More
မုံရွာနယ် အရှေ့ခြမ်းလေကြောင်းတိုက်ခိုက်ခံရ၊ ၁ ဦးသေဆုံး၊ ကလေးငယ် အပါအ၀င် ၆ ဦးထိခိုက်
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ညောင်ပင်တဲ ရွာအနီးကို စစ်တပ်က မတ်လ ၂၃ ရက် ညနေ ၆နာရီ ၀န်းကျင်မှာ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ တစ်ဦးသေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကနဦး သိရပါတယ်။ မုံရွာနယ် အရှေ့ခြမ်း ညောင်ပင်တဲကျေးရွာအနီး... Read More
မြောင်နယ်က သောင်ကြီးရွာလေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သား ၆ ဦးထက်မနည်း သေဆုံး
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ သောင်ကြီးရွာကို စစ်ကော်မရှင်တပ်က မတ်လ ၂၃ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၆ ဉီးထက်မနည်းသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “မြေပြင်တိုက်ပွဲမရှိဘူး။ လေကြောင်းတိုက်ခိုက်မှုကြောင့် လောလောဆယ်အတည်ပြုလို့ရတာကတော့ ရွာခံခြောက်ဦး သေဆုံးတယ်။ အလောင်းတွေကတော့ ဆက်ပြီးရှာဖွေနေဆဲပဲ” လို့ မြောင်မြို့နယ်ဒေသခံတဦးက... Read More
ပုလဲမြို့နယ်မှာ ဒရုန်းနဲ့ မီးလောင်ဗုံးချတိုက်ခိုက်ခံရ၊ လူနေအိမ် ၃၀ ကျော်ထက်မနည်း ပျက်စီး
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မုံသွင်ရွာကို စစ်ကော်မရှင်တပ်က ဒီကနေ့မတ်လ ၂၃ ရက်နေ့ နံနက် အစောပိုင်းအချိန်မှာ ဒရုန်းနဲ့ မီးလောင်ဗုံးချတိုက်ခိုက်သွားတယ်လို့ ဒေသခံကပြောပါတယ်။ မီးလောင်ဗုံးနဲ့တိုက်ခိုက်ခံရလို့ လူနေအိမ် ၃၀ ကျော် ထက်မနည်း ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ “မနေ့ညက ဒရုန်းနဲ့ မီးလောင်ဗုံးကြဲသွားတာ။... Read More




