လူငယ်တွေကို ၃နှစ်စစ်မှုထမ်းဖို့ ထုတ်ပြန်ပြီး PDF-Zoland က လူငယ်အချို့ကို စစ်မှုထမ်းဖို့ ခေါ်ဆောင်ဟုဆို
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်နှင့် တွန်းဇန်မြို့နယ်က လူငယ်အမျိုးသား၊ အမျိုးသမီးတွေကို စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် အနည်းဆုံး သုံးနှစ်စစ်မှုထမ်းဆောင်ကြဖို့ ZFU/ PDF – Zoland က မတ်လ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ စစ်မှုထမ်းဖို့ ထုတ်ပြန်တဲ့ရက်မှာပဲ PDF – Zoalnd... Read More
ယင်းမာပင်မြို့အနီးက ရွာ ၂ ရွာကို စစ်ကော်မရှင်တပ် မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့အနီးက မြို့ပေါ်ရွာနဲ့ပြောင်းပြာရွာကို စစ်ကော်မရှင်တပ်က မတ်လ ၂၅ ရက် ဒီကနေ့ နံနက်ပိုင်းမှာ လူနေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ လက်နက်ကြီးတွေအများအပြား ပစ်ခတ်ခဲ့ပြီးနောက် မြို့ပေါ်ရွာနဲ့ပြောင်းပြာရွာထဲကို အင်အားရာချီအသုံးပြုကာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာလို့ဆိုပါတယ်။ “တိုက်ပွဲဖြစ်တာမရှိဘူး။ အရင်ဆုံးလက်နက်ကြီးတွေနဲ့ရွာထဲကို ပစ်တယ်။... Read More
ကလေးမြို့ပေါ်မှာ ဗုဒ္ဓဟူးနေ့ ရုံးစပိတ်၊ ဖမ်းဆီးမှုတွေပိုလုပ်မှာ ဒေသခံတွေစိုးရိမ်
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ် လက်အောက်ခံရုံးတွေဟာ အပတ်စဥ် စနေ ၊ တနင်္ငနွေ ရုံးပိတ်ရင်အပြင် ဗုဒ္ဓဟူးနေ့ကို ရုံးပိတ်ရက်အဖြစ် တစ်ရက်တိုးသတ်မှတ်ပြီး ဒီကနေ့ မတ် ၂၅ ရက်နေ့၊ ဗုဒ္ဓဟူးနေ့ကစ ရုံးတွေစပိတ်ကြောင်း ကလေးမြို့ခံတွေဆီက သိရပါတယ်။ “ဓာတ်ဆီချွေတာဖို့လို့ လည်းပြောတယ်။... Read More
မြိုင်မြို့နယ်၊ သပြေညိုရေနံမှော် မီးလောင်မှုဖြစ်ပွား
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊မြိုင်မြို့နယ် သပြေညိုရေနံမှော် တစ်နေရာမှာ ဒီကနေ့ မတ်လ ၂၅ရက် နေ့လယ်ပိုင်းက ရေနံစိမ်းကန်ဟောင်းအချို့ မီးလောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ တောမီးကတဆင့် တွင်းအဟောင်းတွေဆီကူးလာတာလို့ဒေသခံတွေကပြောပါတယ်။ “မနေ့ညကတည်းက မီးကလောင်နေတာ တောမီးကနေ ဒီထိရောက်လာတာ စက်မောင်းတဲ့တစ်လုံး ပေါ်မီးပွားရောက်လာသေးတယ်။ ရာသီကပူနေတာနဲ့ အချိန်မှီသာမတားနိုင်ရင်... Read More




