Month

January 2021

တန့်ဆည်မြို့နယ်တွင် ရေမော်တာ အပူလွန်ကဲရာကတဆင့် မီးလောင်မှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့၊ မေတ္တာမြိုင်ရပ်ကွက်၊ ဈေးကြီးအနီး လူသုံးကုန်နှင့် ဆေးအရောင်ဆိုင် မီးလောင်မှု ဇန်နဝါရီလ ၁၀ ရက်နေ့ မနက်အစောပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ မီးလောင်တာက တန့်ဆည်မြို့ဈေးကြီးအနီးက မေရီချို အမည်ရ လူသုံးကုန်နှင့် ဆေးဝါးပစ္စည်းအရောင်းဆိုင်ဖြစ်ပြီး ကားဂိုဒေါင်အတွင်း ရေမော်တာမပိတ်မိရာကနေ အပူလွန်ကဲ မီးလောင်ခဲ့တာပါ။...
Read More

ဟားခါးတွင် လူနေအိမ် ၃ လုံးမီးလောင်၊ အမျိုးသားတစ်ဦး သေဆုံး

ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်မှာ ဇန်နဝါရီလ ၉ ရက်နေ့ ညဉ့်နက်ပိုင်းအချိန်က မီးလောင်မှုတစ်ခုဖြစ်ပွားကာ လူနေအိမ် ၃ လုံးမီးလောင်ကျွမ်းခဲ့ပြီး အိမ်ဌားနေထိုင်သူ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာနက သိရပါတယ်။ အိမ်ငှားနေထိုင်သူ အသက် ၃၆ နှစ်အရွယ် ဦးသန်းဝင်းရဲ့...
Read More

အင်းတော်အင်း ပတ်လမ်းဖောက်လုပ်ရာမှာ ဒေသခံအချို့ ခေတ္တထိန်းသိမ်းခံခဲ့ရ

တဖြည်းဖြည်း ကျဉ်းမြောင်းတိမ်ကောလာနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့အနီးရှိ မြန်မာနိုင်ငံရဲ့ တတိယအကြီးဆုံး သဘာဝကုန်းတွင်း ရေချို အင်းတော်အင်း မပျောက်ကွယ်ရေးအတွက် အင်းပတ်လမ်းကို သက်ဆိုင်ရာက ဖောက်လုပ်နေတာပါ။ ဒါပေမယ့် အင်းပတ်လမ်းမှာ မြေယာဆုံးရှုံးရမယ့် ဒေသခံတောင်သူတချို့နဲ့ ပြေလည်မှုမရရှိဘဲ လုပ်ကိုင်နေတဲ့အတွက် တားမြစ်တာတွေလည်း ရှိခဲ့ပါတယ်။ လမ်းဖောက်တာကို...
Read More

စစ်ကိုင်းတိုင်းအတွင်းက ရွှေကြွေးကျန်နှင့် သယံဇာတ ထုတ်ယူမှုပြဿနာများ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၀၇-၂၀၀၈ ခုနှစ်ကနေ ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း ရွှေသတ္တုသယံဇာတ တူးဖော်မှုကနေ နိုင်ငံတော်ကို ပေးသွင်းရန်ကျန်ရှိတဲ့ ရွှေစင်ကျပ်သားပေါင်း ၆၀၉၉,.၆၇ ကျပ်သား (၆ ပိဿာကျော်) ရှိပြီး မပေးသွင်းသေးတဲ့ ကုမ္ပဏီပေါင်း ၅၁ ခုရှိပါတယ်။ အဲဒီကုမ္ပဏီ ၅၁ ခုထဲက...
Read More

ရိဒ်ရေကန် သန့်ရှင်းသာယာလှပရေး ကျပ်သိန်း ၅၀၀ အကုန်အကျခံ ဆောင်ရွက်မည်

အသည်းပုံရေကန်လို့ နာမည်ကြီးတဲ့ ချင်းပြည်နယ်၊ ရိဒ်ခေါ်ဒါရ်မြို့မှာရှိတဲ့ ရိဒ်ရေကန်ကို သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်နယ်စည်ပင်ရန်ပုံငွေကနေ ငွေကျပ်သိန်းပေါင်း ၅၀၀ အကုန်ကျခံကာ ဆောင်ရွက်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေကျပ်သိန်း ၅၀၀ နဲ့ ရိရေကန်ဆိုင်းဘုတ် စိုက်ထူတာ၊ ရေကန်ပတ်လမ်းမှာ...
Read More

အိန္ဒိယနယ်စပ်ဂိတ်ပိတ်ထားလို့ ဒေသထွက်မျောက်ငိုသီးဈေးကွက် အရောင်းအဝယ် ကျဆင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ အိန္ဒိယ-မြန်မာနယ်စပ်၊ တမူးမြို့မှာ မျောက်ငိုသီးစျေးကွက် တစ်တောင့်ကို ၁၅၀ ကျပ်နှုန်း လက်လီဈေးကွက်သာ အရောင်းအဝယ်ဖြစ်နေတယ်လို့ တမူးမြို့က မျောက်ငိုသီးရောင်းဝယ်ရေး လုပ်ကိုင်သူတွေရဲ့ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ကိုဗစ်ကြောင့် အိန္ဒိယ-မြန်မာနယ်စပ်တမူးမြို့ နယ်စပ်ဂိတ်တွေ ပိတ်ထားတဲ့အတွက် မျောက်ငိုသီးဈေးကွက် အရှုံးနှင့်ရင်ဆိုင်ကြုံတွေ့ခဲ့ရတာပါ။ “စျေးကွက်ကတော့ နယ်စပ်စျေးပိတ်ထားတဲ့အတွက်ကြောင့်...
Read More

ထီးဆောင်း မျက်စိဆေးရုံ ဇန်နဝါရီလ ၁၀ ရက်နေ့ ဖွင့်မည်

အနယ်နယ်အရပ်ရပ်က မျက်စိဝေဒနာရှင်တွေကို အခမဲ့ကုသပေးနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာရှိ ရွှေရတု တိပိဋက‌ စက္ခုပါလ ဆေးရုံတော်ကြီးကို ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး အရေးကြီးလူနာတွေကို အဓိကထား ကုသပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းမှာ ကိုဗစ်ရောဂါပိုး ပိုမိုပြန့်နှံ့လာတဲ့အခြေနေတွေကြောင့်...
Read More

မုံရွာတွင် ဆေးကုသမှုခံယူနေသူ ကိုဗစ်ပိုးတွေ့လူနာတစ်ဦး ထပ်မံသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ပြည်သူ့ဆေးရုံမှာ ဇန်နဝါရီလ ၇ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက ကိုဗစ်အတည်ပြုလူနာတစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ မုံရွာမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးအာကာမြင့်က ပြောပါတယ်။ အဲဒီသေဆုံးလူနာက နဂိုကတည်းက ရောဂါအခံရှိသူဖြစ်ပြီး မြောင်မြို့နယ်ကနေ လာရောက်ဆေးကုသမှုခံယူနေသူ အသက် ၆၃ နှစ်အရွယ်ရှိ...
Read More

စစ်ကိုင်းတိုင်းဒေသကြီးတွင် ကိုဗစ်ကြောင့် သေဆုံးလူနာ ၁၅ ဦးအထိ ရှိလာ

စစ်ကိုင်းတိုင်းဒေသကြီးမှာ ကိုဗစ်ကြောင့် သေဆုံးလူနာ ၁၅ ဦးအထိရှိလာပြီဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ ကိုဗစ်ကြောင့် သေဆုံးလူနာ ၁၅ ဦးရှိတဲ့အထဲမှာ ကလေး ၅ ဦး၊ စစ်ကိုင်း ၃ ဦး၊ ရွှေဘိုနှင့် မုံရွာတွင် ၂...
Read More

မြစ်သဲကျောက်အလွန်အကျွံထုတ်လုပ်မှုကြောင့် ဒေသခံတွေရဲ့ မြေနုကျွန်းတွေဆုံးရှုံးပြီး ကျေးရွာတွေပါ ကမ်းပြိုအန္တရာယ်နဲ့ ရင်ဆိုင်နေရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ အမြင့်မြို့ဟောင်းကျေးရွာမှာ သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်နဲ့ လုပ်ငန်းရှင်တချို့က ချင်းတွင်းမြစ်အတွင်း မြစ်သဲကျောက် ထုတ်ယူတာတွေကို ပြုလုပ်နေပါတယ်။ မြစ်သဲကျောက် အလွန်အကျွံထုတ်ယူနေတာကြောင့် လက်ရှိမှာ ဒေသခံတွေစိုက်ပျိုးလုပ်ကိုင်နေတဲ့ မြေနုကျွန်းတွေ ပြိုကျပျက်စီးပြီး ကောက်ပဲသီးနှံစိုက်ပျိုးစရာတွေ လျော့နည်းလာနေတာပါ။ ဒါ့အပြင် အနီးအနားက ရွှေကူ၊ ဝယာစတဲ့ကျေးရွာတွေကလည်း...
Read More
error: Content is protected !!