Home > သတင်း > တရားဉပဒေစိုးမိုးရေး > တန့်ဆည်မြို့နယ်တွင် ရေမော်တာ အပူလွန်ကဲရာကတဆင့် မီးလောင်မှုဖြစ်ပွား

တန့်ဆည်မြို့နယ်တွင် ရေမော်တာ အပူလွန်ကဲရာကတဆင့် မီးလောင်မှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့၊ မေတ္တာမြိုင်ရပ်ကွက်၊ ဈေးကြီးအနီး လူသုံးကုန်နှင့် ဆေးအရောင်ဆိုင် မီးလောင်မှု ဇန်နဝါရီလ ၁၀ ရက်နေ့ မနက်အစောပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ မီးလောင်တာက တန့်ဆည်မြို့ဈေးကြီးအနီးက မေရီချို အမည်ရ လူသုံးကုန်နှင့် ဆေးဝါးပစ္စည်းအရောင်းဆိုင်ဖြစ်ပြီး ကားဂိုဒေါင်အတွင်း ရေမော်တာမပိတ်မိရာကနေ အပူလွန်ကဲ မီးလောင်ခဲ့တာပါ။

“ဒီနေ့ မနက် ၁၂ နာရီ ၁၀ မိနစ်အချိန်က မီးလောင်တာပါ။ ဝါယာကြိုးအပူလွန်ကဲတာပေါ့။ ကားဂိုဒေါင်ထဲမှာရှိတဲ့ ရေတင်တဲ့မော်တာ မိန်းခလုတ်ကို ရေတင်ထားပီးတော့ မော်တာအဆင်မပြေဖြစ် ရပ်နေတဲ့အချိန်မှာ မေ့နေပြီး ပိတ်ထားတယ်ဆိုပြီးမှ ခလုပ်ကိုမချမိပဲ ဝါယာကြိုးအပူလွန်ကဲပြီး မီးလောင်ခဲ့တာပါ။ မီးလောင်မှုကြောင့် လူနဲ့တိရစ္ဆာန် ထိခိုက်ဒဏ်ရာရတာမရှိဘူး။”လို့ တန့်ဆည်မြို့နယ် မီးသတ်ဦးစီးမှူး ဦးခင်မောင်လတ်က ပြောပါတယ်။

မီးလောင်မှုကြောင့် ၄၀ ပေ × ၃၀ ပေ × ၁၂ ပေ ရှိ သွပ်မိုး၊ အုပ်ကာ၊ ပျဉ်ခင်းနှစ်ထပ်အိမ်တစ်လုံး၊ Mark II အိမ်စီးကား ၁စီး၊ Suzuki အမျိုးအစား အိမ်စီးကား ၁ စီး၊ Super Cud ဆိုင်ကယ် ၁စီး၊ အိမ်တွင်းပစ္စည်းများ၊ ဂိုဒေါင်အနည်းငယ် ဆုံးရှုံးခဲ့ပြီး စုစုပေါင်းဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၂၄၀ ကျော် ရှိခဲ့ပါတယ်။ မီးလောင်မှုကို တန့်ဆည်၊ ရေဦးမြို့နယ်တို့က မီးသတ်တပ်ဖွဲ့တင်တွေ၊ မီးသတ်ယာဉ်တွေနှင့် ဒေသခံပြည်သူတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး မီးပေါ့်ဆသူ ဦးစောလွင်ကို တန့်ဆည်မြို့မရဲစခန်းက (ပ) ၁၁/၂၀၂၁ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့လည်း သိရပါတယ်။

ပိုတေး

error: Content is protected !!