Month

November 2020

ADB အထောက်အပံ့ဖြင့် ဆောင်ရွက်သည့် ကုန်ထုတ်လမ်းကို ယခုရက်ပိုင်းအတွင်း ပြီးစီးအောင် ဆောင် ရွက်သွားမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အထောက်အပံ့နဲ့ ဆောင်ရွက်တဲ့ ကျေးလက်ကုန်ထုတ်လမ်းကို အခုရက်ပိုင်းအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမယ်လို့ မုံရွာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက သိရပါတယ်။ ဒီကျေးလက်ကုန်ထုတ်လမ်းကို ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်စေမယ့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာ ကွင်းဆက်စီမံကိန်းအဖြစ် မုံရွာမြို့ နယ်၊ ခိုးသန်းကျေးရွာမှာ ဩဂုတ်လ(၁၀)ရက်နေ့က စတင်အကောင်အထည်ဖော်...
Read More

မင်းကင်းမြို့နယ်တွင် ရွေးကောက်ပွဲမှာ ငွေပေးမဲဆွယ်ခဲ့လို့ဆိုကာ NLD ပါတီကို ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းက ရဲစခန်းမှာ အမှုဖွင့်

၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ ရွေးကောက်ပွဲဉပဒေပါ ပြဌာန်းချက်တွေကို ချိုးဖောက်ပြီး ငွေကြေးပေးကာ စည်းရုံးခဲ့တယ်ဆိုကာ မင်းကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ကိုယ်စားလှယ်လောင်း ဦးဇော်မိုးလွင်က NLD ပါတီကို နိုဝင်ဘာလ ၂၂ ရက်နေ့က မောက္ကတော်နယ်မြေရဲစခန်းမှာ အမှု ၃...
Read More

တိုင်းအစိုးရကတိတွေထဲက တစ်ခုဖြစ်တဲ့ မုံရွာကားကြီးကွင်းတည်ဆောက်မှု အခုလကုန်အပြီးဆောက်မည်လို့ စည်ပင်တာဝန်ရှိသူပြော

မုံရွာမြို့ သန့်ရှင်းသာယာလှပရေးနှင့် ရေရှည်တည်တံ့ရေးအတွက်ဆိုပြီး အချက် ၉ ချက်ထဲက တစ်ခုဖြစ်တဲ့ မုံရွာမြို့ ကားကြီးကွင်း တိုးချဲ့ရေးနဲ့ပတ်သက်လို့ နိုဝင်ဘာလအကုန်မှာ အပြီးတည်ဆောက်သွားမယ်လို့ တိုင်းစည်ပင်တာဝန်ရှိသူက ပြောပါတယ်။ လက်ရှိမှာ ၉၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလက စတင်တည်ဆောက်ခဲ့တာပါ။ “အဝေးပြေးကားကြီးကွင်း...
Read More

တန့်ဆည်မြို့နယ် အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ဝက်အကောင်ရေ ၁၀၀ ကျော် သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်အတွင်းက ကျေးရွာနှစ်ရွာမှာ အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ဝက်အကောင်ရေ ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ တန့်ဆည်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာမင်းက ပြောပါတယ်။ အဲဒီကျေးရွာနှစ်ရွာမှာ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက အာဖရိကဝက် အပြင်းဖျားရောဂါ စတင်ဖြစ်ပွားနေပြီး ဒီနေ့ထိ ဝက်အကောင်ရေ ၁၀၀ ကျော် သေဆုံးခဲ့တာပါ။...
Read More

ယင်းမာပင်မြို့နယ်တွင် လ/ထ ပညာရေးမှူးအပါအဝင် အနံ့မရသူ ၂ ဦးထံမှ ကိုဗစ်ပိုးတွေ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်မှာ အနံ့မရသူ ၂ ဦးထံကနေ နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ခဲ့တယ်လို့ ယင်းမာပင်မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးငြိမ်းထက်က ပြောပါတယ်။ အဲဒီပိုးတွေ့လူနာ ၂ ယောက်က နိုဝင်ဘာလ ၂၂ ရက်နေ့က အနံ့ပျောက်နေသဖြင့်...
Read More

ကောလင်းစည်ပင်ဉက္ကဌအိမ် မူးယစ်ဆေးဝါးဝင်ရောက်ရှာဖွေရာမှာ ဘိန်းမဲအနည်းငယ်သာ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၊ စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးမင်းညီအိမ်ကို နိုဝင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းက မူးယစ်ဆေးဝါးဝင်ရောက်ရှာဖွေဖမ်းဆီးရာမှာ ဘိန်းမဲအနည်းငယ်သာ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့သတင်းတွေအရ သိရပါတယ်။ စည်ပင်ဥက္ကဌက မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ ကောလင်းမြို့မှာ အရင်ကတည်းက ထင်ကြေးပေး ပြောဆိုမှုတွေလည်း ရှိပါတယ်။ “အရင်ကတည်းက အပြင်မှာတော့...
Read More

နတ်မတောင်ထိပ်အထိ ခြေလျင်တက်နိုင်မယ့် လမ်းကြောင်းသစ် ရှာဖွေနေ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ ခေါ်နူးစုမ် ခေါ် နတ်မတောင်ထိပ်အထိ ခြေလျင်တောင်တက်နိုင်အောင် လမ်းကြောင်းသစ် ရှာဖွေမှုတွေ ဆောင်ရွက်နေတယ်လို့ ချင်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ခေါ်နူးစုမ်ခေါ် နတ်မတောင်ထိပ်အထိ ခြေလျင်လမ်းလျှောက်တက်ချင်သူတွေအတွက် ခြေလျင်လမ်းလျှောက်တက်နိုင်မယ့် လမ်းကြောင်းကို ပြုပြင်ဆောင်ရွက်ပေးမှာဖြစ်သလို...
Read More

ပြည်ခိုင်ဖြိုးအမတ် ဦးမောင်မြင့်ကို NLD ဉ/ထောက်ကော်မတီက ရဲစခန်းမှာ အမှုဖွင့်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ကို မင်းကင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဉပဒေအထောက်အကူပြုအဖွဲ့ကနေ တရားလိုပြုလုပ်ကာ မင်းကင်းမြို့မရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့ပါတယ်။ ရွေးကောက်ပွဲမဲဆွယ် ကာလအတွင်း မင်းကင်းမြို့နယ်အတွင်းက ကျွန်းတော်ကျေးရွာနှင့် ဉယျာဉ်မကျေးရွာတို့မှာ ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြပြီး မဲဆွယ်ခဲ့တာကြောင့်...
Read More

မေတ္တာတရားကို မေတ္တာတရားဖြင့် တုန့်ပြန်ရင် အသင့်ရှိကြောင်း AA ထုတ်ပြန်

ရက္ခိုင့်တပ်တော် (AA) ရဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့က စာမျက်နှာ နှစ်မျက်နှာပါ ထုတ်ပြန်ကြေငြာချက်မှာ ဖော်ပြထားတာပါ။ AA ကနေ အောက်တိုဘာလ ၁၄ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ကိုယ်စားလှယ်လောင်း ၃...
Read More

ကြေးနီစီမံကိန်းက အလုပ်သမားတွေ မုံရွာမြို့ရှိ ဟိုတယ်တွေမှာ အုပ်စုလိုက် ကွာရင်တင်းဝင်ရောက်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်အတွင်းက ကြေးနီစီမံကိန်းတွေမှာ အလုပ်လုပ်နေတဲ့ ဒေသခံအလုပ်သမား ၄၀ ကျော်က နိုဝင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်းမှာ ကွာရင်တင်းဝင်ရောက်ရန်အတွက် မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်ရှိ စိန်နန်းတော် ဟိုတယ်ကို ရောက်ရှိလာပါတယ်။ “တရုတ်နိုင်ငံသားတွေမဟုတ်ပါဘူးခင်ဗျ။ မြန်မာနိုင်ငံက လိုကယ်တွေပါခင်ဗျ။ ဒေသခံအလုပ်သမားတွေပါ။ ဆားလင်းကြီး၊...
Read More
error: Content is protected !!