Day

November 3, 2020

တန့်ဆည်တွင် UEC တံဆိပ်တုံးနှစ်ခု ပျောက်ဆုံးမှုဖြစ်လို့ အမှုဖွင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ အုတ်ဖိုအိုင်ကျေးရွာတွင် အောက်တိုဘာလ ၂၉ ရက်နေ့က ကြိုတင်ဆန္ဒမဲပေးရာမှာ အသုံးပြုတဲ့ UEC တံဆိပ်ပါ ဆန္ဒပြုတံဆိပ်တုံး နှစ်ခု ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပြီး ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံက သိရပါတယ်။ “တံဆိပ်တုံးပျောက်တဲ့အကြောင်းကို မနေ့က ရဲစခန်းမှာ အမှုဖွင့်ထားတယ်။ အောက်တိုဘာလ...
Read More

ဒေသတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် ပျားတောင်သူများ ပျားရည် သိုလှောင်စရာ အခက်အခဲဖြစ်နေ

မြန်မာနိုင်ငံမှာ ပျားလုပ်ငန်းအများဆုံးလုပ်ကိုင်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကနီ၊ ဘုတလင်၊ ဒီပဲယင်းမြို့နယ်တွေမှာ ကိုဗစ်-၁၉ ရောဂါကြောင့် ဒေသတွင်း သွားလာကန့်သတ်တာတွေရှိနေပြီး ပျားရည် ဝယ်ယူတဲ့ ကုမ္ပဏီတွေက ပျားရည် ဝယ်ယူမှု မရှိတာကြောင့် ထွက်ရှိနေတဲ့ ပျားရည်တွေ သိုလှောင်စရာပင်မရှိတော့တဲ့ အခက်အခဲကြုံနေရတယ်လို့ ပျားမွေးတောင်သူတွေက ပြောပါတယ်။...
Read More

စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အချို့မှာ နွားကိုယ်ရေးပြားရောဂါတမျိုးဖြစ်နေပြီး သေဆုံးတာတွေဖြစ်ပေါ်နေ

စစ်ကိုင်းဒေသကြီးအတွင်းက မြို့နယ်အချို့မှာ ကျွဲနွားတွေမှာ ဖြစ်တတ်တဲ့ ကိုယ်ရေးပြားရောဂါပိုးတစ်မျိုး ကျရောက်နေပြီး သေဆုံးတာတွေ ဖြစ်ပေါ်နေပါတယ်။ ဒီရောဂါက ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ကာ ရောဂါအတိအကျကိုတော့ ဓာတ်ခွဲခန်းပို့ထားဆဲဖြစ်လို့ အတိအကျမသိရသေးဘူးလို့ တိုင်းတိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက သိရပါတယ်။ ရောဂါကြောင့် ကျွဲနွားသေဆုံးမှုတွေ ရှိပေမယ့် လူကို ကူးစက်နိုင်ခြင်းမရှိဘူးလို့လည်း...
Read More

စစ်ကိုင်းမြို့နယ် အမှတ်(၃) ဆေးဝါးစက်ရုံဂိုဒေါင် မီးလောင်

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းအုပ်စု၊ ချောင်းပေါက်ကျေးရွာမှာရှိတဲ့ အမှတ်(၃) ဆေးဝါးစက်ရုံ ဂိုဒေါင်မှာ နို၀င်ဘာ (၂) ရက် ည ၁၂ နာရီ၀န်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ စစ်ကိုင်းခရိုင် မီးသတ်ဦးစီးဌာန သတင်းတွေအရ သိရပါတယ်။  မီးလောင်မှု ဖြစ်ပွားခဲ့တာဟာ စက်ရုံဂိုဒေါင်ရဲ့ မျက်နှာကျက်အတွင်းမှာရှိတဲ့ လျှပ်စစ်ဝါယာကြိုးကို...
Read More

ခန္တီးတွင် NLD ထောက်ခံသူတွေ ဒုတိယအကြိမ် အင်အားပြ

စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီးမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဝန်းရံသူတွေက ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းက အင်အားပြ လှည့်လည်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီအင်အားပြပွဲမှာ ကားအစီး ၃၀ အပြင် ဆိုင်ကယ်တွေလည်း ပါဝင်ပြီး လူဦးရေ ခန့်မှန်း...
Read More
error: Content is protected !!