Month

November 2020

မြန်မာ့ထောပတ်သီး ဗြိတိန်ဈေးကွက်ကို စမ်းသပ်တင်ပို့ရောင်းချ

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ထွက်ရှိတဲ့ ထောပတ်သီးတွေကို ဗြိတိန်ဈေးကွက်အတွင်း တင်ပို့ကာ စမ်းသပ်ရောင်းချနေပြီလို့ သိရပါတယ်။ အခုလိုတင်ပို့ရောင်းချနိုင်ဖို့ မြန်မာနိုင်ငံ သစ်သီးဝလံ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း (MFVP) ရဲ့ အစီအစဉ်နဲ့ ထောပတ်သီးတောင်သူ ၁၅ ဦးရဲ့ Amara...
Read More

MMK News- ဖမ်းဆီးခံထားရတဲ့ မုံရွာဗကသကျောင်းသားကို နောက်ရုံးချိန်းထပ်မံချိန်းဆို

ပြည်တွင်းစစ်ရပ်စဲရေးအတွက် မုံရွာမြို့က လူစည်ကားရာနေရာတွေ၊ ဌာနဆိုင်ရာအဆောက်အဦးရှေ့တွေမှာ စာရွက်ကပ်ခဲ့လို့ဆိုပြီး မုံရွာခရိုင်ဗကသကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုလင်းသူရကို ကို စက်တင်ဘာလ ၁၇ ရက်နေ့က နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။ ဖမ်းဆီးခံရပြီး ၂ လကြာတဲ့အထိ မိသားစု၊ အပေါင်းအသင်းတွေနဲ့ တွေ့ခွင့်မရသေးသလို တရားရုံးထုတ်တာတွေလည်း မရှိသေးတဲ့အတွက် စိုးရိမ်စိတ်တွေ...
Read More

MMK News – မုံရွာရစကက ရေယာဉ်လုပ်သား (၁၈၉၁) ဦးကို ရိက္ခာထောက်ပံ့

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်ရေး‌ကော်မတီ (ရစက)က ရေယာဉ်တွေကို အမှီပြုလုပ်ကိုင်နေတဲ့ ရေယာဉ်လုပ်သား (၁၈၉၁) ဦးကို နိုဝင်ဘာလ ၁၇ ရက်နေ့က ဆန်၊ ဆီ၊ ပဲ ထောက်ပံ့ပေးခဲ့ပါတယ်။ အခုလို ထောက်ပံ့တာက ပထမဆုံးအကြိမ်ဖြစ်ပြီး...
Read More

နိုင်ငံတော်ထောက်ပံ့ကြေးအဖြတ်ခံရလို့ ချောင်းဦးတွင် ဆန္ဒပြ

နိုင်ငံတော်က ကိုဗစ်ကာလအတွင်း ဝင်ငွေပုံမှန်မရှိတဲ့ အိမ်ထောင်စုတွေကို တစ်အိမ်ထောင်ကို ကျပ်နှစ်သောင်းနှုန်းနဲ့ စတုတ္ထအကြိမ်အဖြစ် ထောက်ပံ့ကြေးတွေ ပေးအပ်နေတာပါ။ အခုလိုပေးအပ်ရာမှာ ချောင်းဦးမြို့နယ်အတွင်းက ကျေးရွာတွေမှာ ထောက်ပံ့ငွေအပြည့်အဝမရရှိဘဲ ဖြတ်တောက်ခံနေရတာတွေ၊ ရသင့်ပြီး မရတာတွေ၊ အရင်ကရပြီး အခုမရတော့တာတွေ ဖြစ်ပေါ်နေတာကြောင့် နိုဝင်ဘာလ ၁၈ ရက်နေ့က...
Read More

ထောက်ခံသူရော၊ မထောက်ခံသူရဲ့အခွင့်အရေးပါ ကာကွယ်သွားမယ်လို့ NLD ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အနေနဲ့ အဖွဲ့ချုပ်ကို ထောက်ခံတဲ့သူရော မထောက်ခံတဲ့ ပြည်သူတွေရဲ့အခွင့်အရေးကိုပါ ကာကွယ်စောင့်ရှောက်သွားမယ်လို့ နိုဝင်ဘာ (၁၇) ရက်က NLD ပါတီရဲ့ facebook စာမျက်နှာမှာ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ ထုတ်ပြန်ချက်မှာ စာပိုဒ် (၅) ပိုဒ် ပါဝင်ပြီး...
Read More

ပြည်ထောင်စုဝန်ကြီးနဲ့အဖွဲ့ကို ရွာထဲအဝင်မခံခဲ့တဲ့ ရာအိမ်မှုးကို ထောင်ဒဏ်တစ်လချမှတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကြိုးကြာကန်ကျေးရွာကို ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်အမာကြည်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်သီတာဝင်းတို့ အပါအဝင် NLD ပါတီဝင်တွေက အောက်တိုဘာလ ၂၇ ရက်နေ့က မဲဆွယ်စည်းရုံးရေးသွားရာမှာ ရွာထိပ်အရောက်မှာ ရာအိမ်မှုးက ဝါးလုံးနဲ့တားကာ အဝင်မခံတာဖြစ်ခဲ့ပါတယ်။ ဒီအတွက်...
Read More

ပြည်သူ့ပါတီနှင့် NLD ပါတီတို့ပူးပေါင်းကာ အမှိုက်ကောက်ကမ်ပိန်းပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ချောင်းဦး-ပခုက္ကူကားလမ်း၊ နွယ်ခွေကျေးရွာအနီးမှာ နိုဝင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းက ပြည်သူ့ပါတီနှင့် NLD ပါတီ၊ Save Monywa အဖွဲ့နှင့် ချောင်းဦးမြို့ခံ အရပ်ဖက်အဖွဲ့တွေ၊ ဒေသခံတွေပူးပေါင်းကာ အမှိုက်ကောက်ကမ်ပိန်းတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ “အဓိကကတော့ ဒီလမ်းက ပုဂံကိုသွားတဲ့လမ်းဖြစ်တယ်။...
Read More

ကနီမြို့နယ်တွင် မဲဆန္ဒရှင်အချို့ မဲပေးခွင့်ဆုံးရှုံးခဲ့တဲ့အပေါ် အမှုဖွင့်တိုင်ကြား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ သစ်ခက်ကျေးရွာတွင် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ မဲမပေးလိုက်ရသူတွေက သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူကို အရေးယူပေးဖို့ နိုဝင်ဘာလ ၁၂ ရက်နေ့က ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့ပါတယ်။ သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲကို...
Read More

စစ်ကိုင်းတိုင်းမှာ မဲဆန္ဒနယ် ၃၀ ခုရဲ့ မဲရလဒ်ကိုသာ ထုတ်ပြန်နိုင်သေး

ရွေးကောက်ပွဲကျင်းပပြီး (၃) ရက်ကြာတဲ့ ဒီကနေ့ နို၀င်ဘာလ (၁၁) ရက်နေ့ နေ့လည်ပိုင်းအထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ် (၁၀) မြို့နယ်ရဲ့ ပြည်သူ့လွှတ်တော် နဲ့ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် ၃၀ ကိုသာ မဲရလဒ်တွေ ထုတ်ပြနိုင်သေးတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြင်းမူ၊...
Read More

လေရှီးမြို့နယ်တွင် NLD ပါတီက မဲဝယ်တယ်ဆိုပြီး USDP ပါတီက ကော်မရှင်ကို တိုင်ကြား

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်မှာ ရွေးကောက်ပွဲကာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကနေ ပါတီအနိုင်ရရှိရေးအတွက် မဲဝယ်တာတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီကနေ နိုဝင်ဘာလ ၁၀ ရက်နေ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားခဲ့ပါတယ်။ အသက် ၁၈ နှစ်ပြည့်ပြီးသူတွေဆီကနေ မဲရရှိရေးအတွက်...
Read More
error: Content is protected !!