Day

November 7, 2020

ပုလဲမြို့နယ်တွင် ငွေကျပ် ၂.၅၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆိးရမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်တွင် နိုဝင်ဘာလ ၆ ရက်နေ့က ကျပ် ၂.၅၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ ရဲဇာနည် Facebook Page ကနေ သတင်းထုတ်ပြန်ပါတယ်။ ကြိုတင်ရရှိတဲ့ သတင်းအရ မူးယစ်ဆေးဝါးကာကွယ်တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေက ပုံတောင်နတ်ထိပ်ကျေးရွာအနီး ပုလဲ-ဂန့်ဂေါကားလမ်းမှာ...
Read More

မုံရွာမြို့က မဲရုံအချို့ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားတဲ့မြင်ကွင်း(ဓာတ်ပုံ)

မုံရွာမြို့မှာ နိုဝင်ဘာလ ၈ ရက်နေ့အတွက် မဲရုံတွေ ကြိုတင်ပြင်ဆင်ထားတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။ မြို့နယ်တွင်း မဲရုံပေါင်း ၁၉၀ ကျော်ရှိပြီး အိမ်ထောင်စု ၇၅၀၀၀ ကျော်က မဲပေးနိုင်သူဦးရေ ၂၉၀၀၀၀ ကျော်ရှိပါတယ်။

ခန္တီးနှင့် မင်းကင်းတွင် နိုဝင်ဘာ ၈ ရက်နေ့အတွက် မဲရုံကြိုတင်ပြင်ဆင်နေမှုမြင်ကွင်း (ဓာတ်ပုံ)

စစ်ကိုင်းတိုင်းအတွင်းက ခန္တီးမြို့နယ်၊ မင်းကင်းမြို့နယ်တွေအပြင် တနိုင်ငံလုံးက ရွေးကောက်ပွဲကျင်းပမယ့်နေရာတွေမှာ နိုဝင်ဘာလ ၈ ရက်နေ့မှာ အဆင်သင့်ဖြစ်နိုင်ရေးအတွက် မဲရုံတွေကို ကြိုတင်ပြင်နေကြပြီဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်ရောဂါကြောင့် အရင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့မတူဘဲ တမူထူးခြားစွာ ကျန်းမာရေးအကာအကွယ်အတွက် ပြင်ဆင်ထားရှိမှုတွေကိုလည်း မြင်တွေ့ရပါတယ်။

စစ်ကိုင်းတိုင်းတွင် ရွေးကောက်ပွဲနဲ့ဆက်စပ်ပြီး ဆက်သွယ်ရေးဉပဒေနဲ့ တရားစွဲမှု အနည်းဆုံး ၄ မှုရှိနေ

၂၀၂၀ အထွေထွေရွေးကောက်ပွဲကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးက မြို့နယ် (၄) ခုမှာ ဆက်သွယ်ရေးဉပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်တိုင်ကြားထားတဲ့အမှု (၄) ခုထိ ရှိလာနေပါတယ်။ စစ်ကိုင်းမြို့မှာ အလွတ်တန်းသတင်းထောက်တစ်ဦးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ် စားလှယ်လောင်းက တိုင်းကြားတဲ့အမှု၊ လေရှီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ...
Read More

မော်လိုက်မြို့နယ် ထွေ/အုပ်ဝန်ထမ်းတစ်ဦး မဲလက်မှတ်မရလို့ ကြိုတင်မဲပေးခွင့်ဆုံးရှုံး

သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်တွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ကော်မရှင်အချင်းချင်း ချိတ်ဆက်မှု အားနည်းလို့ နိုင်ငံ့ဝန်ထမ်းအပါအဝင် နိုင်ငံသားအချို့ မဲပေးခွင့် ဆုံးရှုံးမှုတွေ ရှိနေပါတယ်။ အချိန်မှီ ပုံစံ ၁၅ နဲ့ ကြိုတင်မဲအတွက် လျှောက်ထားခဲ့ပေမယ့် နိုဝင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းထိ...
Read More
error: Content is protected !!