Month

October 2020

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့တွင် အနံ့မရလို့ စစ်ဆေးရာက ကိုဗစ်ရောဂါကူးစက်ခံရသူနှစ်ဦး ရောဂါပိုးတွေ့

စစ်ကိုင်းတိုင်းဒေသကြီး အိန္ဒိယ-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ တမူးမြို့မှာ အောက်တိုဘာလ ၂၅ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်က အနံ့မရသူနှစ်ဦး ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ တမူးခရိုင် ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ အဲဒီပိုးတွေ့လူနာနှစ်ဦးက အနံ့မရလို့ တမူးမြို့ပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့ပြီး Test Kit နဲ့စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။...
Read More

ဟုမ္မလင်းမြို့နယ်တွင် ဥရုချောင်းရေမြင့်တက်လို့ လူဦးရေ ၄၀၀ ရေဘေးသင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်မှာ အောက်တိုဘာလ ၂၃ ရက်နေ့ကနေ စတင်ကာ ဥရုချောင်းရေ မြင့်တက်နေတာကြောင့် လူဦးရေ ၄၀၀ ရေဘေးသင့်နေတယ်လို့ ခန္တီးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက တာဝန်ရှိသူက ပြောပါတယ်။ ချောင်းအထက်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် ဟုမ္မလင်းမြို့နယ်အတွင်းရှိ ဉရုချောင်းတစ်လျှောက်က ကျေးရွာအုပ်စု...
Read More

ဟုမ္မလင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုတာ၊ ရေလျှံတာတွေ ဖြစ်ပေါ်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ဟုမ္မလင်းမြို့နဲ့တဖက်ကမ်းရှိ ကက်သာကျေးရွာမှာ အောက်တိုဘာလ ၂၃ ရက်နေ့ နေ့လည်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပြိုပြီး နေအိမ်နှစ်လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကက်သာရွာအုပ်ချုပ်ရေးမှူး ဦးဟန်နိုင်ဝင်းက ပြောပါတယ်။ တောင်ပြိုကျမှုကြောင့် ၃ ပေပတ်လည်နေအိမ်တစ်လုံးနှင့် ၄ ပေပတ်လည်ရှိတဲ့ နေအိမ်တစ်လုံးတို့ ထိခိုက်ပျက်စီးခဲ့ပြီး...
Read More

မုံရွာမြို့နယ်လုံးကျွတ် NLD မဲဆွယ်စည်းရုံးရေး မြင်ကွင်းအချို့

မုံရွာမြို့နယ်အတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ဝန်းရံအားပေးထောက်ခံသူတွေက အင်အားပြတဲ့အနေနဲ့ မြို့ပေါ်တင်မက ရပ်ကွက်၊ ကျေးရွာအသီးသီးကပါ လာရောက်ကာ မြို့ပေါ်မှာ ယာဉ်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ လှည့်လည်ခဲ့ကြပါတယ်။ လူဦးရေ သောင်းဂဏန်းရှိမယ်လို့ ခန့်မှန်းရပါတယ်။ လမ်းမကြီးတော်တော်များများမှာတော့ လမ်းပိတ်တာတွေလည်း ဖြစ်ပေါ်ခဲ့ပါသေးတယ်။

ကာဘိုးဖြစ်စဉ်တွင် ရိုက်နှက်ခံခဲ့ရသူ အမျိုးသားတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြိုနယ်၊ ကာဘိုးစံပြကျေးရွာမှာ အောက်တိုဘာလ ၂၂ ရက်နေ့က  ပြည်ခိုင်ဖြိုးပါတီဝန်းရံသူတွေနဲ့ NLD ပါတီဝန်းရံတဲ့သူတွေ ရုန်းရင်းဆံခတ်ဖြစ်ပွားခဲ့ပြီး ရိုက်နှက်ခံရသူအမျိုးသားတစ်ဦး အောက်တိုဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက မန္တလေးမှာ ဆေးကုသမှုခံယူရင်း သေဆုံးသွားပြီလို့ ကန့်ဘလူခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်က ပြောပါတယ်။...
Read More

မီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင် ကွယ်လွန်

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင်သည် ယနေ့ မွန်းလွဲ ၃ နာရီကျော်တွင် ရန်ကုန်ရှိ တပ်မတော်စစ်ဆေးရုံတွင် ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောဆိုသည်။ ဦးအုန်းကြိုင်သည် ကိုဗစ်ရောဂါကူးစက်ခံရသဖြင့် စစ်ဆေးရုံတွင် တက်ရောက်ကုသမှုခံယူခဲ့ကြောင်း၊ ယင်းနောက် ကိုဗစ်ရောဂါ Negative နှစ်ခါပြပြီးနောက် ဝမ်းဗိုက်ခွဲစိတ်ကုသမှု တစ်ခု...
Read More

ကာဘိုးဖြစ်စဉ်နဲ့ပတ်သက်လို့ အနည်းဆုံး ၃ မှုဖွင့်ထားပြီး USDPနှင့် NLD တို့အပြန်အလှန်စွပ်စွဲ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကာဘိုးစံပြကျေးရွာမှာ အောက်တိုဘာလ ၂၂ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီက မဲဆွယ်လှည့်လည်ရာ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူတွေနဲ့ NLD ပါတီဝန်းရံတဲ့သူတွေ ရုန်းရင်းဆံခတ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်ကြောင့် လူတချို့ ထိခိုက်ဒဏ်ရာရခဲ့သလို နေအိမ်တစ်လုံး၊ ဆိုင်ကယ် ၃ စီးနဲ့ ကိုဗစ်စစ်ဆေးရေးဂိတ်လည်း ပျက်စီးခဲ့ပါတယ်။...
Read More

MMK- ကိုရီးယားနိုင်ငံအကူအညီနဲ့ စစ်ကိုင်းတိုင်းအတွင်း ဂျုံမျိုးသန့် ဧက ၁၀၀ စိုက်ပျိုးမည်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဂျုံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် ဂျုံမျိုးကောင်းမျိုးသန့် ဧက (၁၀၀) ကို ကိုရီးယားနိုင်ငံရဲ့ အကူအညီနဲ့ မြို့နယ် (၅) မြို့နယ်မှာ စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ ဂျုံစိုက်ပျိုးထုတ်လုပ်မှုစီမံကိန်းကို စိုက်ပျိုးရေးသု တေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ KOPIA-RDA တို့ပူးပေါင်းကာ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွင်း...
Read More

ချင်းပြည်နယ်တွင် အသက် ၆၀ အထက် ကြိုတင်မဲပေးခွင့်ရှိသူ လေးသောင်းကျော်ရှိ

လာမယ့်ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ်အတွင်းမှာရှိတဲ့ အသက် ၆၀ နှစ်အထက် ကြိုတင်မဲပေးခွင့်ရှိသူ လေးသောင်းကျော်ရှိတယ်လို့ ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးက သိရပါတယ်။ အသက် ၆၀ နှစ်အထက် ကြိုတင်မဲပေးတာတွေကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ လာမယ့်အောက်တိုဘာ ၂၉ ရက်နေ့ကနေ နိုဝင်ဘာလ...
Read More

အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ ဉက္ကဌ ဦးကျော်မြင့်(ခ)မိုက်ကယ်ကျော်မြင့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲ

အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီရဲ့ ဉက္ကဌဖြစ်သူ ဦးကျော်ြမင့်(ခ)မိုက်ကယ်ကျော်မြင့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ ခင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ခင်ဦးမြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်ပြီး တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။ ပါတီဉက္ကဌဖြစ်သူ ဦးကျော်ြမင့်(ခ)မိုက်ကယ်ကျော်မြင့်ကို တရားစွဲဆိုမှုနဲ့ပက်သက်လို့ ဘယ်ကိစ္စကြောင့်တရားစွဲဆိုရတယ်ဆိုတာကိုတော့ မျက်မှောက်ခေတ်က သီးခြားအတည်ပြုစုံစမ်းနေပါတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး ခင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူတွေကို ဖုန်းဆက်အတည်ပြုရန် ကြိုးစားခဲ့ပေမယ့်...
Read More
error: Content is protected !!