Month

October 2020

ဗန်းမောက်မြို့နယ်တွင် ဆင်တစ်ကောင်အပါအဝင် တရားမဝင်သစ်တွေဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် အောက်တိုဘာလ ၂၁ ရက်နေ့က ဆင်မတစ်ကောင်အပါအဝင် တရားမဝင်သစ်တွေကို ကသာခရိုင် သစ်တောဦးစီးဌာန တာဝန်ရှိသူတွေက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ဗန်းမောက်မြို့နယ်နှင့် အင်းတော်မြို့နယ်တွေမှာ တရားမဝင်သစ်တန် ၁၈ တန်ကျော်နှင့် ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တာပါ။ “ဆင်က မှတ်ပုံတင်မထားဘူး။...
Read More

မုံရွာတွင် အုပ်စုဖွဲ့ သံပိုက်နဲ့ရိုက်၊ ဓားနဲ့ခုတ်သူတွေကို ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်တွင် အောက်တိုဘာလ ၂၁ ရက်နေ့ ညဦးပိုင်းက ဆိုင်ကယ်စီးလာသူနှစ်ယောက်ကို လူ ၆ ယောက်အုပ်စုက ရန်ငြိုးရန်စမရှိဘဲ သံပိုက်နဲ့ ရိုက်၊ ဓားနဲ့ခုတ်မှုဖြစ်ပွားခဲ့ပါတယ်။ ရန်ပြုခံခဲ့ရသူ ကောင်းထက်ဇော် (၂၂) နှစ်နှင့် ထွန်းနိုင်ဝင်း (၂၃) နှစ်တို့က...
Read More

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၀ လသားအရွယ် ကလေးတစ်ဦးအပါအဝင် ကိုဗစ်လူနာ ၆ ဦး ထပ်တိုး

စစ်ကိုင်းတိုင်းဒေသကြီးမှာ ၁၀ လသားအရွယ်ကလေးတစ်ဦးအပါအဝင် ကိုဗစ်အတည်ပြုလူနာ ၆ ဦး ထပ်တိုးတယ်လို့ စစ်ကိုင်းတိုင်း COVID – 19 ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီရဲ့ ကနဦးထုတ်ပြန်ချက်အရ သိရပါတယ်။ ပိုးတွေ့ရှိလူနာတွေက တမူးမြို့နယ် ၄ ဦး၊ မြင်းမူမြို့နယ် ၁ ဦးနှင့်...
Read More

ပင်လည်ဘူး၊ ဗန်းမောက်၊ ဝန်းသိုမြို့နယ်မှာ ကြေးနီနှင့် ဆက်စပ်သတ္တုရှာဖွေမည့်အပေါ် ဒေသခံတွေ လက်မှတ်ထိုးကန့်ကွက်နေ

Pan Aust ကုမ္ပဏီရဲ့ လက်အောက်ခံ Wantho Resources Co, ltd. ကနေ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဝန်းသို၊ ပင်လည်ဘူး၊ ဗန်းမောက် စတဲ့ မြို့နယ်တွေမှာ ဧက ၁၈၀၀၀၀ ကျော်ကို ကြေးနီနှင့် ဆက်စပ်သတ္တုတွေ ရှာဖွေစမ်းသပ်ဖို့အတွက် လုပ်ဆောင်နေတာပါ။...
Read More

နှင်းဆီပါတီကို မဲပေးရင် ပယ်မဲအဖြစ်သတ်မှတ်မယ်လို့ UEC ကြေငြာ

နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP)ကို မဲပေးမိရင် အဲဒီမဲလက်မှတ်ကို ပယ်မဲအဖြစ် သတ်မှတ်မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က အောက်တိုဘာလ ၂၀ ရက်နေ့က ထုတ်ပြန်ကြေငြာထားပါတယ်။ ပါတီဉက္ကဌ ဦးကျော်မြင့်ကို ထောင်ပြေးမှု၊ ငွေကြေးခဝါချမှု စတာတွေနဲ့ ဖမ်းဆီးပြီးနောက်ပိုင်း ပါတီကိုလည်း...
Read More

တမူးမြို့တွင် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကထုတ်ပြန်ထားတဲ့အမိန့် မလိုက်နာသူ ၅ ဦး အရေးယူ

စစ်ကိုင်းတိုင်းဒေသကြီး၊ အိန္ဒိ-မြန်မာနယ်စပ် တမူးမြို့မှာ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကထုတ်ပြန်ထားတဲ့အမိန့် မလိုက်နာသူ ၅ ဦးကို အောက်တိုဘာလ ၁၉ ရက်နေ့က မြို့နယ်တရားရုံးကနေ ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။ မြို့နယ်တရားရုံးကနေ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကထုတ်ပြန်ထားတဲ့အမိန့် မလိုက်နာသူ ၅ ဦးထဲက ၂ နှစ်ဦးကိုတော့ အသက်မပြည့်သေးတဲ့အတွက် တစ်နှစ်ခံဝန်လက်မှတ်နဲ့ မိဘတွေထံပြန်အပ်နှံခဲ့ပြီး...
Read More

ချင်းပြည်နယ်တွင် ဒုတိယအကြိမ် မဲစာရင်းကြေညာခဲ့ရာ မဲစာရင်းလာရောက်ကြည့်ရှု့သူ ၄ သောင်းကျော်ရှိ

ချင်းပြည်နယ်မှာ ဒုတိယအကြိမ် ၁၄ ရက်တာအကြာ မဲစာရင်းကြေညာခဲ့ရာ ပြည်နယ်တွင်း ၉ မြို့နယ်မှာ မဲစာရင်းလာရောက်ကြည့်ရှု့သူ ၄ သောင်းကျော်ရှိတယ်လို့ ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး တာဝန်ရှိသူက ပြောပါပါတယ်။ ချင်းပြည်နယ်မှာ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ၁၄ ရက်နေ့အထိ ဒုတိယအကြိမ်...
Read More

မုံရွာမြို့တွင် ပလပ်စတစ်မှ လောင်စာတောင့် ထုတ်လုပ်နိုင်ရေး ဂျပန်နိုင်ငံနဲ့ ညှိနှိုင်းနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ကာဗွန်လျော့ချနိုင်ရေးအတွက် ပလပ်စတစ်စွန့်ပစ်အမှိုက်တွေကနေ လောင်စာတောင့် ထုတ်လုပ်နိုင်ရေး ဂျပန်နိုင်ငံနဲ့ ညှိနှိုင်း ချိတ်ဆက်ဆောင်ရွက်နေ‌တယ်လို့ မုံရွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့က သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဂျပန်နိုင်ငံ၊ ဖူကူရှီးမားမြို့တို့ မိတ်ဖက်မြို့အဖြစ် ဆောင်ရွက်နေသလို ပူးပေါင်းဆောင်ရွက်မှုအဖြစ် ပလပ်စတစ်ကနေ လောင်စာတောင့် ထုတ်လုပ်နိုင်ရေးအတွက် ဆွေးနွေးနေတာဖြစ်ပါတယ်။ “စစ်ကိုင်းတိုင်းဒေသကြီးနဲ့...
Read More

ဖမ်းဆီးထားတဲ့ NLD ပါတီကိုယ်စားလှယ်လောင်း ၃ ဦးကို ကာလတစ်ခုထိ ထိန်းသိမ်းထားမယ်လို့ AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာ မဲဆွယ်စည်းရုံနေစဉ် NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း ၃ ဦးဖြစ်တဲ့ ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချော တို့ကို ရက္ခိုင့်တပ်တော် (AA) က ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့က ဖမ်းဆီးသွားခဲ့တာပါ။ ဒါနဲ့ပတ်သက်ပြီး ကိုယ်စားလှယ်လောင်း...
Read More

စစ်ကိုင်းတိုင်းတွင် ပိုးတွေ့ထိတွေ့သူတွေအပါအဝင် ကိုဗစ်လူနာ ၅ ဦးထပ်တိုး

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အောက်တိုဘာလ ၁၉ ရက်နေ့ ကိုဗစ်ပိုးတွေ့စာရင်းတွေအရ ရန်ကုန်ပြန် နှစ်ဦးနှင့် အရင်ပိုးတွေ့လူနာနဲ့ ထိတွေ့ဆက်စပ်သူ ၃ ဦး စုစုပေါင်း ကိုဗစ်အတည်ပြုလူနာ ၅ ဦးထပ်တိုးလာတယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ပိုးတွေ့လူနာတွေထဲမှာ ဒီပဲယင်းမြို့နယ်၊ တည်တောကျေးရွာက အသက် ၂၁...
Read More
error: Content is protected !!