Month

October 2020

ဒုတိယအကြိမ် မဲစာရင်းထုတ်ပြန်ချက်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်ပြည်သူ ၄ သောင်းကျော်တိုးလာ

ဒုတိယအကြိမ် မဲစာရင်းထုတ်ပြန်ချက်မှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်ပြည်သူ (၄၀၀၀၀) ကျော်တိုးလာတယ်လို့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့စာရင်းတွေအရ သိရပါတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာ ပထမအကြိမ် မဲစာရင်းထုတ်ပြန်ချက်အရ မဲဆန္ဒရှင်ပြည်သူ ၄၁ သိန်း ၆ သောင်းကျော်သာ ရှိခဲ့ပြီး အောက်တိုဘာလ (၁) ရက်နေ့က ထပ်မံကပ်ထားကြေငြာတဲ့...
Read More

Covid ကာလအတွင်း တောင်သူများ၏ အခြေအနေမှန်ကိုသိရှိရန် စိုက်ပျိုးရေးဌာနက Door To Door စနစ်ဖြင့် ကွင်းဆင်း

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း Covid-19 ကူးစက်ရောဂါကာလမှာ တောင်သူတွေရဲ့ အခြေအနေမှန်ကို သိရှိပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းတွေက Door To Door စနစ်နဲ့ ကွင်းဆင်းတာတွေ ပြုလုပ်နေပါတယ်။ Covid ကာလအတွင်း အသွားအလာ ကန့်သတ်ချက်တွေကြောင့် တောင်သူတွေရဲ့ လိုအပ်ချက်အခက်အခဲတွေကို...
Read More

တရားမဝင် ကျောက်စိမ်းအရိုင်းတုံးတွေပါ သယ်ဆောင်လာလို့ ရေယာဥ်တစ်စီးကို ရေကြောင်းရဲဖမ်းဆီး

ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေတဲ့ ကုန်တင်ရေယာဉ်တစ်စီးပေါ်ကနေ အောက်တိုဘာလ ၃ ရက်နေ့ ညနေပိုင်းက တရားမဝင် ကျောက်စိမ်းအရိုင်းတုံးတွေ တင်ဆောင်လာတာကို ရေကြောင်းရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီး ရမိခဲ့ပါတယ်။ စိန်ဝေလျှံ အမည်တပ်ဆင်ထားတဲ့ သံခွန်အမျိုးအစား ရေယာဥ်တစ်စီးဟာ ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ကျေးရွာအုပ်စု၊ နုံးကျေးရွာဆိပ်ကမ်းမှာ ရပ်နားဆိုက်ကပ်ထားတဲ့အချိန်မှာ ရေကြောင်းရဲတပ်ဖွဲ့က...
Read More

မုံရွာနှင့် တန့်ဆည်တွင် ကိုဗစ်အတည်ပြုလူနာ ၅ ဦးထပ်တိုး

စစ်ကိုင်းတိုင်းဒေသကြီးမှာ ကိုဗစ်အတည်ပြုလူနာ ၅ ဦး ထပ်တိုးခဲ့တယ်လို့ စစ်ကိုင်းတိုင်း COVID – 19 ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ထပ်တိုးလူနာတွေက တန့်ဆည်မြို့နယ်မှာ ပိုးတွေ့လူနာ ၄ ဦးနှင့် မုံရွာမြို့နယ်က ၁ ဦးတို့ဖြစ်ပါတယ်။ ပိုးတွေ့လူနာအားလုံးက...
Read More

ကိုဗစ်စည်းကမ်းချက်တွေကြောင့် သွားလာရေးခက်ခဲပြီး လယ်ယာထွက်သီးနှံရောင်း၀ယ်မှု ရပ်တန့်နေ

ကိုဗစ်ကပ်ရောဂါကြောင့် နိုင်ငံတွင်းမှာ ကိုဗစ်ပိုးတွေ့လူနာများလာပြီး တိုင်းနှင့် ပြည်နယ်တွေမှာ ၀င်ထွက်သွားလာခွင့် စည်းကမ်းတင်းကြပ်လာတဲ့အတွက် လယ်ယာထွက်သီးနှံ ရောင်း၀ယ်မှု ရပ်တန့်နေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာရှိတဲ့ ကုန်သည်၊ ပွဲစားတွေက ပြောပါတယ်။ မြန်မာနိုင်ငံက လယ်ယာထွက်သီးနှံတွေဖြစ်တဲ့ ကြက်သွန်နဲ့ ဆီထွက်သီးနှံတွေကို တစ်ဖက်နိုင်ငံတွေက ၀ယ်လိုအားရှိနေပေမယ့် ပြည်တွင်းသွားလာမှု...
Read More

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၄ နာရီအတွင်း ကိုဗစ်အတည်ပြုလူနာ ၂၈ ဦးတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီးမှာ ကိုဗစ်အတည်ပြူလူနာတွေ့ရှိမှုက ၂၄ နာရီအတွင်း စုစုပေါင်း ၂၈ ဦးရှိတယ်လို့ တိုင်း COVID – 19 ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပိုးတွေ့လူနာတွေက အောက်တိုဘာလ ၁ ရက်နေ့ ညပိုင်းမှာ ၁၃ ဦးနှင့်...
Read More

တမူးမြို့တွင် အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်များ အောက်တိုဘာလအကုန်အထိ ဆက်လက်ပိတ်၊ ဒေသတွင်း စီးပွားရေးထိခိုက်နစ်နာမှုတွေ ကြုံတွေ့နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ရှိ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေကို ကိုဗစ်ကပ်ရောဂါအနေအထားကြောင့် မြန်မာအစိုးရဘက်က အောက်တိုဘာလအကုန်အထိ ဆက်လက်ပိတ်လိုက်ထားတယ်လို့ တမူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။ တမူးမြို့ရှိ အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ်တွေကို မြန်မာနိုင်ငံအစိုးရဘက်ကနေ ဧပြီလ ၁၄ ရက်နေ့ကစတင်ကာ စက်တင်ဘာလအကုန်အထိ ပိတ်ထားခဲ့တာဖြစ်ပြီး...
Read More

ခိုင်ကမ်းဆင်စခန်းမှ ဆင်များအတွက် ဆင်စာဘူဖေး အလှုရှင်လိုအပ်နေ

ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းဆင်စခန်းကို ပိတ်ထားပြီး ခရီးသွားဧည့်သည် လာရောက်လည်ပတ်တာလည်း မရှိပါဘူး။ ဒီအတွက် ဆင်တွေကို အစာကျွေးသူတွေလိုအပ်နေတာကြောင့် ဆင်စာဘူဖေး အလှုရှင်လိုအပ်နေပြီး စေတနာရှင်တွေအနေနဲ့ လာရောက်လှူဒါန်းနိုင်တယ်လို့ ချင်းပြည်နယ်သစ်ထုတ်လုပ်ရေး ခိုင်ကမ်းဆင်စခန်း တာဝန်ခံ သစ်အုပ်ကြီး ဦးတိုးချစ်မှူးပိုင်က...
Read More
error: Content is protected !!