ယင်းမာပင်မြို့အနီး စစ်ကော်မရှင်တပ်က ဒုတိယအကြိမ် စစ်ကြောင်းထိုးလာ၊ အရပ်သားတွေ ထပ်မံထွက်ပြေးနေရ
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့အနီးကို မတ်လ ၂၀ ရက်နေ့ ညနေပိုင်းမှာ စစ်ကော်မရှင်တပ်က ဒုတိယအကြိမ် စစ်ကြောင်းထိုးလာတာကြောင့်အရပ်သားတွေ ထပ်မံထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ မတ်လ ၂၀ ရက်နေ့ မနက်ပိုင်းက ယင်းမာပင်မြို့အတွင်းကို ထပ်မံဝင်ရောက်သွားပြီးနောက် မတ်လ ၂၀ ရက်နေ့... Read More
မြောင်နယ်ကို စစ်တပ်ကလေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၁ ဦးသေဆုံးပြီး ၇ ဦး ထိခိုက်
စစ်ကိုင်းတိုင်း မြောင်မြို့နယ် နဘတ်ကျေးရွာကို စစ်တပ်က မတ်လ(၂၀)ရက် မနက်ပိုင်းမှာလေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ (၁)ဦးသေဆုံးပြီး (၇)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။ တံတားဦးလေတပ်ကတက်လာတဲ့ ဂျက်တိုက် လေယာဉ်တစ်စီးက နဘတ်ကျေးရွာကို မနက်၁၁ နာရီခွဲ၀န်းကျင်မှာ ဗုံးသီး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “တိုက်ပွဲဖြစ်တာမရှိဘူး၊ဗုံး... Read More
မုံရွာမှာ ၁ရက်အတွင်း လူငယ် ၃၀ ကျော်ပေါ်တာဆွဲဖမ်းဆီးခံရ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မတ်လ ၁၉ရက်ညနေပိုင်းက အလုပ်ပြန် လူငယ် ၃၀ကျော် ကိုစစ်တပ်က ပေါ်တာဆွဲဖမ်းစီးသွားတယ်လို့ မြို့ခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။ အာဏာသိမ်းစစ်တပ်က အိမ်စီးကား ၄စီးနဲ့အတူ ဖမ်းဆီးရမိသူတွေကို သယ်ဆောင်ဖို့ အတွက် ဒိုင်နာကားတစ်စီးပါ၀င်ပြီး မုံရွာမြို့ပေါ် ရပ်ကွက်အစုံ၊နေရာစုံကို လှည့်လည်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။... Read More
အရွယ်ရောက်ပြီး ချင်းအမျိုးသားတွေ စစ်မှုထမ်းကြဖို့ ၃၈ နှစ်မြောက် ချင်းတော်လှန်ရေးနေ့မှာ CNF / CNA တိုက်တွန်း
အရွယ်ရောက်ပြီးတဲ့ ချင်းအမျိုးသားတွေအနေနဲ့ အမျိုးသားရေးအသိ၊ အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ချင်းတော်လှန်ရေးမှာ စစ်မှုထမ်းကြဖို့ (၃၈) နှစ်မြောက် ချင်းတော်လှန်ရေးနေ့ဖြစ်တဲ့ ဒီကနေ့ မတ်လ ၂၀ ရက်နေ့မှာ ချင်းအမျိုးသားတပ်ဦး ( CNF / CNA) က ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။ ချင်းအမျိုးသားတပ်ဦးကို ၁၉၈၈... Read More
ဂန့်ဂေါ လေကြောင်းတိုက်ခိုက်ခံရမှု တစ်ဦးထပ်မံသေဆုံး၊ တစ်မိသားစုထဲက မိသားစုဝင်သုံးဦးသေဆုံးခြင်းဖြစ်
မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ ကျောက်ဂူသာသနာ့နယ်မြေအနီး မတ် ၁၆ ရက် နေ့လယ်ပိုင်း လေကြောင်းတိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသားတစ်ဦး ဒီကနေ့ မနက်မှာ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ထိတာက ခေါင်းကိုထိတာဆိုတော့ ဒီမနက်မှာပဲ ဆုံးသွားတယ်” လို့ ဂန့်ဂေါမြို့နယ်... Read More
ဂန့်ဂေါနယ်မှာ လောင်းကစားဝိုင်းတွေများပြားနေပြီး ဓားမြမှုတွေဖြစ်ပွားနေဟုဆို
မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ လောင်းကစားဝိုင်းတွေ ပြန့်နှံ့နေပြီး ဓားမြမှုတွေလည်း ဖြစ်ပွားနေတယ်လို့ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း ဒေသခံတွေဆီက သိရပါတယ်။ “ရေရှင်မရွာဆို လမ်းမကြီးဘေးမှာကို ခြောက်ကောင်ဝိုင်းက လုပ်နေတာ။ သွားလာရင်း ဒီတိုင်းကို မြင်နေရတာ”လို့ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။... Read More
ယောဒေသ၊ကျောက်ဂူသာသနာ့နယ်မြေအနီးကို ဖိုက်တာလေးစီးနဲ့ လေကြောင်းတိုက်ခိုက်၊အမျိုးသမီးနှစ်ဦးသေဆုံး
မကွေးတိုင်း၊ယောဒေသ၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ ကျောက်ဂူတောရဘိုးဘွားရိပ်သာ သာသနာ့နယ်မြေအနီးကို မတ် ၁၆ ရက်နေ့၊ နေ့လည် ၁ နာရီကျော်မှာ ဂျက်ဖိုက်တာ လေးစီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနှစ်ဦးသေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ “ဆုံးသွားတာက အမေနဲ့ သမီးအငယ်ဆုံးလေးပါ။ မိသားစု အကုန်ထိတာ။... Read More
ယင်းမာပင်မြို့အနီး စစ်ကော်မရှင်တပ် ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့အနီးကို စစ်ကော်မရှင်တပ်က မတ်လ ၁၅ ရက်နေ့ ည ၇ နာရီကျော်မှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အင်အားရာချီပါ စစ်ကော်မရှင်စစ်ကြောင်းဟာ ယင်းမာပင်မြို့ကနေ မြို့ပေါ်ရွာနဲ့ ပြောင်းပြာရွာထဲကို တပ်စွဲနေတာဟာ ၄ ရက်ရှိသွားပြီလို့ ဒေသခံတွေက... Read More
ဆားလင်းကြီးနယ်နဲ့ ပုလဲနယ်တွေမှာ လေကြောင်းတိုက်ခိုက်ခံရ ၊ အရပ်သား သေဆုံးမှုအချို့ရှိ
စစ်ကိုင်းတိုင်း ဆားလင်းကြီးနယ်နဲ့ ပုလဲနယ်တွေမှာ စစ်ကော်မရှင်တပ်က မတ်လ ၁၂ ရက်နေ့ကစလို့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားသေဆုံးမှုအချို့ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကော်မရှင်တပ်က မတ်လ ၁၂ ရက်နေ့မှာ ဆားလင်းကြီးမြို့နယ် ဖိုလ်ဝင်တောင်ကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနှစ်ဦးသေဆုံးခဲ့ရပါသေးတယ်။ “ဆားလင်းကြီးမှာတော့ အရပ်သားနှစ်ယောက်သေတယ်။ ပုလဲနယ် မုံသွင်ချင်ပြစ်ဘက်မှာတော့... Read More









