Home > သတင်း > ပြည်တွင်း > စစ်ကိုင်းတိုင်းမှာ တရက်ထဲ မြို့နယ်လေးခု လေကြောင်းတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်းမှာ တရက်ထဲ မြို့နယ်လေးခု လေကြောင်းတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်းထဲက မုံရွာ ၊ အရာတော် ၊ ဘုတလင်နဲ့ ချောင်းဦး မြို့နယ်လေးခုကို စစ်ကော်မရှင်တပ်က ဧပြီလ ၂ ရက်နေ့ တရက်ထဲမှာ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူထိခိုက်သေဆုံးမှုရှိခဲ့သလို လူနေအိမ်တွေပါ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အနဲနဲ့အများတော့ ထိခိုက်မှုရှိတယ် ။ လေကြောင်းမှတ်တမ်းအရတော့ မုံရွာ အရာတော် ဘုတလင် ချောင်းဦး အဲဲဒီမြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်တာရှိတယ် ” လို့ တော်လှန်ရေးနဲ့နီးစပ်သူတွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းက ပင်လည်ဘူး ၊ ဗန်းမောက် ၊ ထီးချိုင့် ၊ ကသာ စတဲ့မြို့နယ်တွေကိုလည်း လေကြောင်းတိုက်ခိုက်တာတွေ ရှိခဲ့သေးတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းထဲက ပုလဲ ၊ ယင်းမာပင် ၊ ဗန်းမောက် ၊ ကသာနဲ့ထီးချိုင့်မြို့နယ်တွေမှာ စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် ( PDF ) တွေအကြား နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့လည်း သိရပါတယ်။

Photo credit

error: Content is protected !!