ဓာတ်ဆီစျေးကြောင့် ယောဒေသမှာ ဆိုင်ကယ်စီးနင်းသူနည်းပါးလာ
မကွေးတိုင်း၊ ယောဒေသမှာ ဓာတ်ဆီစျေးကြီးမြင့်မှုကြောင့် ဆိုင်ကယ်စီးပြီး သွားလာသူတွေ သိသိသာသာ နည်းပါးလာကြောင်း ဒေသခံတွေက ပြောပါတယ်။ “ဆိုင်ကယ်စီးတဲ့သူ တအားနည်းသွားတယ်။ သိသာတယ်။ ဆိုင်ကယ်လာပြင်တဲ့သူမရှိတာကိုး တစ်ပတ်ကျော်ပြီ”လို့ ယောဒေသ ထီးလင်းမြို့နယ်က ဆိုင်ကယ်ပြင်ဆိုင် ဖွင့်ထားသူ တစ်ဦးက ပြောပါတယ်။ ဓာတ်ဆီစျေးနှုန်းကြောင့် ဒေသခံတွေဟာ... Read More
ရွှေဘိုနယ်က စစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရ၊ ဘုန်းကြီး၁ ပါး၊ အမျိုးသမီး ၁ဦးသေဆုံးမှုရှိ
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆည်အင်းရွာစစ်ရှောင်စခန်း ဒီကနေ့ ဧပြီလ ၆ရက်မနက်ပိုင်းအချိန်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး ဘုန်းကြီး၁ ပါး၊ အမျိုးသမီး ၁ဦးသေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ “စစ်ဘေးရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရတာ။ ထိခိုက်ဒဏ်ရာရတာတွေရှိတယ်။ အခုအတည်ပြုလို့ရတာကတော့ ဘုန်းကြီးတပါးနဲ့ စစ်ဘေးရှောင်အမျိုးသမီးတဦးကတော့ သေဆုံးသွားတယ်” လို့ ရွှေဘိုမြို့နယ် ကယ်ဆယ်ရေးလုပ်နေတဲ့သူတွေက... Read More
ဘုတလင်နယ်ကို စစ်တပ်က အသေခံဒရုန်း ၄ စီးနဲ့ တိုက်ခိုက်၊ ၂ ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ဘုတလင်မြိုနယ် ရွာသာကျေးရွာကို အာဏာသိမ်းစစ်တပ်က ဧပြီလ ၅ ရက်မနက် ၁၁နာရီခွဲ၀န်းကျင်မှာ အသေခံဒရုန်း ၄ စီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကတက်လာတဲ့ အသေခံဒရုန်း ၄ စီးဟာ ရွာသာကျေးရွာက ရပ်ရွာအခြေပြုစာသင်ပေးနေတဲ့အိမ်ကို အသေခံဒရုန်း... Read More
ယင်းမာပင်နယ်မှာ စစ်တပ်စစ်ကြောင်းထိုးလာလို့ ဒေသခံ ထောင်ချီထွက်ပြေးနေရ
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် တယ်ပင်ကန်ရွာကို ဧပြီလ ၅ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ထောင်နဲ့ချီတဲ့ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကော်မရှင်တပ်စစ်ကြောင်းဟာ စစ်ကားအကြီး ၆ စီးနဲ မုံရွာဘက်ကနေ ဆားလင်းကြီးဘက်ကို ကူးလာပြီးနောက် ယင်းမာပင်မြို့နယ်... Read More
ပေါက်မြို့နယ်မှာ ၁၀ ကြိမ်ထက်မနည်းလေကြောင်းတိုက်ခိုက်ခံရ၊ ထိခိုက် သေဆုံးမှုရှိ
စစ်ကိုင်းတိုင်း၊ ပေါက်မြို့နယ်က ရွာနှစ်ရွာကို ၁၀ကြိမ်ထက်မနည်း စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေက မျက်မှောက်ခေတ်ကို ပြောပါတယ်။ ဖလန်ကိုင်ရွာနဲ့ ကံသစ်ရွာတွေမှာ ဧပြီလ ၄ ရက်နေ့လယ်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ “ပထမကြဲတဲ့ လေကြောင်းက သေဆုံးထိခိုက်တွေများတယ်။ ပျောက်ဆုံးတာတွေလည်းရှိနေတော့... Read More
မြောင်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရ၊ ကလေးငယ် ၁ဦးသေဆုံး၊ ၃ ဦးထိခိုက်ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် နဘတ်ကျေးရွာ ဧပြီလ ၄ ရက်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး ကလေးငယ် တဦးသေဆုံး၊ ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “လေယာဉ်လာတော့ မိသားစုလိုက် ဗုံးခိုကျင်းထဲ ဝင်ပုန်းကြတာ။ ကံမကောင်းချင်တော့ ဗုံးသီးက ဗုံးခိုကျင်းနားကျရောက်ပေါက်ကွဲသွားတာ။ ကလေးတဦးသေတယ်။ ကျန်တဲ့သုံးဦးကတော့ ထိခိုက်ဒဏ်ရာရတာရှိတယ်”... Read More
ရွှေဘိုမြို့နယ် ဆည်အင်းရွာ လေကြောင်းတိုက်ခိုက်ခံရ ၊ အရပ်သား ၇ ဦးထိခိုက်
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဆည်အင်းရွာကို စစ်ကော်မရှင်တပ်က ဧပြီလ ၃ ရက် နေ့လည်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ ဒီပဲယင်းမြို့နယ်နဲ့ရွှေဘိုမြို့နယ်အစပ်က ဆည်အင်းရွာကို ဂျက်ဖိုက်တာ ၃ စီးနဲ့ အပြန်ပြန်အလှန်လှန် လေကြောင်းတိုက်ခိုက်ခဲ့ပြီး... Read More
ယာဥ်စည်းကမ်းဖောက်ဖျက်လို့ ဖမ်းဆီးမှုနှင့်ပေါ်တာဆွဲဖမ်းဆီးမှု တပြိုင်တည်းပြုလုပ်ခံရမှာကို ကလေးမြို့ခံတွေ စိုးရိမ်
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဧပြီ ၁ ရက်နေ့ကစလို့ လမ်းပေါ်သွားလာတဲ့ ယာဥ်တွေကို “စုံမ” စနစ် စတင်အကောင်အထည်ဖော်ခဲ့ပြီး စစ်တပ်နဲ့ ယာဥ်ထိန်းရဲတွေက လမ်းပေါ်မှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ ကလေးမြို့ခံတွေဆီက သိရပါတယ်။ “ဧပရယ်တစ်ရက်နေ့ကတော့ လမ်းပေါ်မှာစစ်ဆေးဖို့ အဆင်သင့်စောင့်နေကြတယ်။ လမ်းဆုံးမှာလည်း စည်းကမ်းတွေကို... Read More
မုံရွာနယ်က အရပ်ဖက် ယာယီဆေးရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အရှေ့တောင်ခြမ်းညောင်ပင်သာကျေးရွာအနီးက အရပ်ဖက်ယာယီဆေးရုံကို အာဏာသိမ်းစစ်တပ်က ဧပြီလ ၂ရက် ညနေပိုင်းမှာ ဂျက်တိုက်လေယာဉ် ၅စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ငွေကြေးမတတ်နိုင်တဲ့ ဒေသတွင်းမှာရှိတဲ့ အခြေခံလူတန်းစားပြည်သူတွေ နဲ့လမ်းပန်းဆက်သွယ်ရေး၊ သွားလာရေး အခက်အခဲတွေကြောင့် မုံရွာမြို့ပေါ်ကို ဆေးကုသမှုသွားဖို့... Read More









