NLD ပါတီရဲ့ မေတ္တာရပ်ခံချက်ကို မလိုက်နာဘဲ ကျွန်းလှမြို့တွင် NLD ဝန်းရံထောက်ခံသူ ၁၀၀၀ ခန့်မြို့တွင်း လှည့်လည်မဲဆွယ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့မှာ အောက်တိုဘာလ ၆ ရက်နေ့ မနက်ပိုင်းက အမျိုးသားဒီမိုကရေစီပါတီကို ဝန်းရံထောက်ခံသူ ၁၀၀၀ ဝန်းကျင်စုရုံးကာ ဆိုင်ကယ်၊ ကား၊ သုံးဘီးယာဉ်တွေနဲ့ မြို့တွင်း လှည့်လည်ကာ မဲဆွယ်အင်အား ပြခဲ့ကြပါတယ်။ ကျွန်းလှမြို့ အမျိုးသားဒီမိုကရေစီပါတီကို ဝန်းရံထောက်ခံသူ ပြည်သူတွေက မြို့တွင်းလမ်းတွေအပြင်... Read More
သပိတ်ကျင်းမြို့နယ်က NLD မဲဆွယ်စည်းရုံးရေး ထော်လာဂျိီတိမ်းမှောက်ပြီး ယာဥ်ပေါ်ပါ လူ ၃၂ ဦး ဒဏ်ရာတွေရ
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ သပိတ်ကျင်း-တကောင်းမြို့သွားကားလမ်း မိုင်တိုင်အမှတ် ၄၀/၂ နေရာအနီးမှာ အောက်တိုဘာလ ၅ ရက် နေ့လည်ပိုင်းက ခရမ်းစပ်ကုန်းကျေးရွာကနေ တကောင်းမြို့ကို မဲဆွယ်စည်းရုံးရေးထွက်လာခဲ့ ထော်လာဂျီယာဥ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါတယ်။ ယာဉ်တိမ်းမှောက်မှုကောင့် ယာဉ်ပေါ်ပါ လူ ၃၂ ယောက် ဒဏ်ရာကိုယ်စီ... Read More
ချင်းပြည်နယ်တွင် တိုက်ပွဲရှောင်တွေများလာလို့ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းမှာ မဲပေးဦးရေ ၁ သောင်းကျော် လျော့နည်း
မကြာခင်ကျင်းပတော့မယ့် ၂၀၂၀ ခုနှစ်၊ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ်အတွင်း မဲဆန္ဒရှင်ဦးရေ ၁ သောင်းကျော် လျော့နည်းသွားတယ်လို့ ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး စာရင်းတွေအရ သိရပါတယ်။ ချင်းပြည်နယ်မှာ ပထမအကြိမ် ၂၁ ရက်အကြာ မဲစာရင်းကြေညာခဲ့ရာ မဲဆန္ဒရှင်ဦးရေ ၃၄၂၁၄၂ ဦးရှိပြီး... Read More
မြိုင်မြို့နယ် ကန်နီရွာမှာ အသံချဲ့စက် ဆူညံစွာ မဖွင့်ဖို့ သွားရောက်တားမြစ်ရာကနေ ဝိုင်းဝန်းထိုးကြိတ် ရိုက်နှက်ခံရလို့ လူငယ်တစ်ဦး ဆေးရုံတက် ကုသမှု ခံယူနေရ
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာမှာ အောက်တိုဘာလ ၃ ရက်နေ့ ညပိုင်းက အသံချဲ့စက်ဖွင့်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ခိုက်ရန်ဖြစ်ပွားမှု တစ်ခု ဖြစ်ပေါ်ခဲ့တာကြောင့် ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့ကနေ လာရောက်ထိန်းသိမ်းခဲ့ရပါတယ်။ ခိုက်ရန်ဖြစ်ပွားမှုမှာ ကျေးရွာသားတစ်ချို့ပါ ပါဝင်လာခဲ့ပြီး ဦးမြင့်နိုင်ရဲ့ နေအိမ်အဆောက်အဦးတွေ၊ ကားတွေနှင့် တခြားပစ္စည်းတွေ... Read More
ဒုတိယအကြိမ် မဲစာရင်းထုတ်ပြန်ချက်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်ပြည်သူ ၄ သောင်းကျော်တိုးလာ
ဒုတိယအကြိမ် မဲစာရင်းထုတ်ပြန်ချက်မှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်ပြည်သူ (၄၀၀၀၀) ကျော်တိုးလာတယ်လို့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့စာရင်းတွေအရ သိရပါတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာ ပထမအကြိမ် မဲစာရင်းထုတ်ပြန်ချက်အရ မဲဆန္ဒရှင်ပြည်သူ ၄၁ သိန်း ၆ သောင်းကျော်သာ ရှိခဲ့ပြီး အောက်တိုဘာလ (၁) ရက်နေ့က ထပ်မံကပ်ထားကြေငြာတဲ့... Read More
စစ်ကိုင်းတိုင်းတွင် ပြည်ပကြိုတင်မဲ လျှောက်ထားသူ (၅၇၀၀) ကျော်ရှိ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းကနေ အစိုးရခွင့်ပြုချက်နဲ့ နိုင်ငံအသီးသီးကို ရောက်ရှိနေကြသူတွေထဲက ၂၀၂၀ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲအတွက် ပြည်ပကြိုတင်မဲလျှောက်လာသူဦးရေ (၅၇၀၀) ကျော် ရှိတယ်လို့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာရှိ ဦးအောင်မျိုးလွင်က ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ပါတီစုံ... Read More
NLD ပါတီဝန်းရံသူတွေ မဲဆွယ်စည်းရုံးရေးပြုလုပ်တာကို SERT အဖွဲ့(စစ်ကိုင်း)က နောက်ကလိုက် ပိုးသတ်ဆေးဖျန်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၀န်းရံသူတွေက စစ်ကိုင်းမြို့အတွင်း စက်တင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းက ယာဉ်တန်းနဲ့ မြို့တွင်းလှည့်လည်ကာ မဲဆွယ်စည်းရုံးရေးပြုလုပ်ခဲ့ပါတယ်။ ဒီမဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုကို စစ်ကိုင်းမြို့တွင်းလမ်းတွေပေါ်မှာ ကား၊ ဆိုင်ကယ်တွေနဲ့ NLD ပါတီတံဆိပ်ပါ အင်္ကျီအနီရောင်ဆင်တူ၀တ်ဆင်ပြီး NLD ပါတီအလံလွင့်တွေလွှင့်ထူကာ ပါတီစည်းရုံးရေးသီချင်းများဖွင့်ပြီး စီတန်းလှည့်လည်ခဲ့ကြတာပါ။... Read More
ပုလဲမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီက ရွာသား ၂၀ ကျော်ကို ရွေးကောက်ပွဲဉပဒေနဲ့ အမှုဖွင့်
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ မွေ့တုံကျေးရွာသား ၂၁ ယောက်ကို မဲဆွယ်စည်းရုံးမှုကို ဟန့်တားနှောက်ယှက်ခဲ့လို့ဆိုပြီး ပြည်ခိုင်ဖြိုးပါတီကနေ တရားလိုပြုလုပ်ကာ စက်တင်ဘာလ ၂၅ ရက်နေ့က ပုလဲမြို့မရဲစခန်းမှာ ရွေးကောက်ပွဲဉပဒေနဲ့ အမှုဖွင့်တိုင်းကြားခဲ့ပါတယ်။ ပုလဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနဲ့ မဲဆွယ်စည်းရုံးနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲအဖွဲ့ခွဲရုံးကို တရား၀င် အကြောင်းကြားခဲ့တယ်လို့... Read More
ပြည်ခိုင်ဖြိုးပါတီမဲဆွယ်စည်းရုံးတာကို NLD အင်္ကျီဝတ်ဆင်ထားသူတွေက ရိုင်းပြစွာ ပြောဆိုနှောင့်ယှက်ခဲ့လို့ ကော်မရှင်ကို တိုင်တန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတချို့မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲဆွယ်စည်းရုံးရေးဆင်း၊ ဆိုင်းဘုတ်တင်တာတွေ သွားလုပ်ရာမှာ NLD အင်္ကျီဝတ်ဆင်ထားသူတွေက ရိုင်းပြစွာ ပြောဆိုနှောင့်ယှက်ခဲ့လို့ဆိုပြီး ယင်းမာပင်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီက ခရိုင်ရွေးကောက်ပွဲကော်မရှင်ကို တိုင်တန်းမှု စက်တင်ဘာလ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ အခုလို... Read More








