Home > သတင်း > ရွေးကောက်ပွဲ (Page 9)

၂၀၂၀ ရွေးကောက်ပွဲအတွက် အထူးရဲလျှောက်ထားသူတချို့ ကိုဗစ်-၁၉ ရောဂါကြောင့် သင်တန်းတက်ရောက်ရန် စိုးရိမ်မှုတွေရှိနေ

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် လုံခြုံရေးဆောင်ရွက်ဖို့ အထူးရဲအဖြစ် လျှောက်ထားသူ စစ်ကိုင်းတိုင်းမှာ ၄၁၀၀ ကျော်ရှိပါတယ်။ အထူးရဲအဖြစ် လျှောက်ထားသူတွေက လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ပိုးတွေ့ လူနာတွေ တနေ့တခြား များပြားလာနေလို့ သင်တန်းတက်ရောက်ရမှာကို ကြောက်ရွံ့နေတယ်လို့...
Read More

ကောလင်းမြို့နယ်မှာ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ ယာယီရပ်နားထားဖို့ မြို့နယ်ရွေး/ကော် ညွှန်ကြားထား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်အတွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေရဲ့မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေကို ယာယီရပ်နားထားဖို့ ညွှန်ကြားချက်ထုတ်ပြန်သွားမယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦး၀င်းကိုကိုက ပြောပါတယ်။ ကောလင်းမြို့နယ်အတွင်းမှာ COVID-19 အတည်ပြုလူနာ တွေ့ရှိပြီးတဲ့နောက် မြို့နယ်တာ၀န်ရှိသူတွေက Stay at home ထုတ်ပြန်လိုက်တဲ့အတွက် နိုင်ငံရေးပါတီတွေအနေနဲ့လည်း မဲဆွယ်စည်းရုံးတာတွေကို ယာယီရပ်နားထားဖို့ ညွှန်ကြားချက်ထုတ်ရတာဖြစ်တယ်လို့...
Read More

ထီးချိုင့်မြို့နယ် NLD ပါတီ မဲဆွယ်ဗွီနိုင်း ဖျက်ဆီးသူတွေကို ဖမ်းဆီးအမှုဖွင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်မှာ စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ – NLD ရဲ့ ပါတီကိုယ်စားလှယ်လောင်းတွေပုံပါ မဲဆွယ်ဗွီနိုင်းကို လာရောက်ဖျက်ဆီးခဲ့သူ လူငယ်နှစ်ဦးကို ဖမ်းဆီးကာ ပါတီတာဝန်ရှိသူတွေက သက်ဆိုင်ရာ ရဲစခန်းမှာ သွားရောက်အမှုဖွင့်လိုက်ပါတယ်။...
Read More

ရွေးကောက်ပွဲကုန်ကျစရိတ်မှာ ကျန်းမာရေးဆိုင်ရာအထောက်အကူပြုပစ္စည်းအတွက် ကုန်ကျစရိတ် ထည့်သွင်းဖို့ မလိုကြောင်း UEC ထုတ်ပြန်

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် တစ်သီးပုဂ္ဂလကိုယ်လှယ်လောင်းတွေအပါအဝင် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီအသီးသီးက ကိုယ်စားလှယ်လောင်းတွေကို စက်တင်ဘာလ ၈ ရက်နေ့ကနေ စတင်ကာ မဲဆွယ်စည်းရုံးနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပြီးဖြစ်ပါတယ်။ မဲဆွယ်စည်းရုံးရေးတွေကိုလည်း ကိုယ်စားလှယ်လောင်းတွေ၊ ဝန်းရံကြသူတွေက သက်ဆိုင်ရာ...
Read More

စစ်ကိုင်းတိုင်း၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင် ရွှေဘိုမြို့တွင် NLD ပါတီအောင်နိုင်ရေးအလံ လွှင့်ထူ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်ဟာ စက်တင်ဘာ (၈) ရက် မနက်ပိုင်းက ရွှေဘိုမြို့အမှတ် (၃) ရပ်ကွက်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးမှာ NLD ပါတီ အောင်နိုင်ရေးအလံ လွှင့်ထူခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီ၀င်၊ စစ်ကိုင်းတိုင်း၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ရွှေဘိုအမှတ်...
Read More

စစ်ကိုင်းတိုင်းအတွင်းက မဲရုံတွေအတွက် အထူးရဲ (၄၁၀၀) ကျော် ရွေးချယ်ထား

လာမယ့်အထွေထွေရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မဲရုံတွေအတွက် အထူးရဲ (၄၁၀၀) ကျော်ရွေးချယ်ထားပြီး ဖြစ်တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။ ရွေးကောက်ပွဲကာလမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၀င်တွေအနေနဲ့ မဲရုံတွေကိုအနီးကပ်စောင့် ရှောက်ခွင့် မရှိတာကြောင့် မဲရုံအနီးကပ်စောင့်ရှောက်ဖို့ ရပ်ကွက်၊ကျေးရွာတွေကနေရွေးချယ်ပြီး အထူးရဲတွေ ခန့်ထားဆောင်ရွက်တာဖြစ်တယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာ မဲရုံပေါင်း...
Read More

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တပ်နယ်အားလုံးမှာ တပ်တွင်းမဲရုံ မရှိဘူးလို့ တိုင်းရွေးကော်တာဝန်ရှိသူပြောကြား။

နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တပ်ရင်းတပ်ဖွဲ့တည်ရှိရာ တပ်နယ်အားလုံးမှာ တပ်မတော်သားနှင့် မိသားစုဝင်တွေအတွက် သီးသန့်မဲရုံ (တပ်တွင်းမဲရုံ) တစ်ခုမှမရှိဘူးလို့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှုးက ပြောပါတယ်။ ပထမအကြိမ်မဲစာရင်းထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းအတွင်းမှာ မဲပေးခွင့်ရှိသူ မဲဆန္ဒရှင်ဦးရေ ၄၁ သိန်း...
Read More

ရွေးကောက်ပွဲမှာ အရပ်ဖက်စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို ရွေးကော်က ကန့်သတ်ပိတ်ပင်တဲ့အပေါ် အရပ်ဖက်အဖွဲ့အစည်း ၄၄၀ ကျော်က သဘောထားထုတ်ပြန်။

မကြာခင်ကျင်းပတော့မယ့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ PACE (People’s Alliance for Credible Elections) ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ရွေးကောက်ပွဲစောင့်ကြည့်ခွင့် ပိတ်ပင်လိုက်ပါတယ်။ အဓိကအားဖြင့် အသင်းအဖွဲ့မှတ်ပုံတင်ထားခြင်းမရှိလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ပိတ်ပင်လိုက်တာပါ။ အခုလို ပိတ်ပင်လိုက်တဲ့အပေါ် လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်မလာမှာကိုလည်း...
Read More

စစ်ကိုင်းတိုင်းမှာ လက်ရှိ အာဏာရပါတီအပါအဝင် နိုင်ငံရေးပါတီကြီး ၄ ခုက မဲဆန္ဒနယ်အားလုံး ယှဉ်ပြိုင်မည်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မဲဆန္ဒနယ် ၁၂၅ နေရာရှိပါတယ်။ အဲဒီနေရာအားလုံးကို လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အပါအဝင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် ညီညွတ်သော ဒီမိုကရက်တစ်ပါတီတို့က နေရာလပ်မကျန် ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် သက်ဆိုင်ရာ...
Read More
error: Content is protected !!