Home > သတင်း > ရွေးကောက်ပွဲ (Page 7)

စစ်ကိုင်းမြို့မှာ NLD ပါတီဝန်းရံသူတွေက အင်အားပြ လှည့်လည်စဉ် မိသားစုတစ်စုက လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒပြ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့မှာ NLD ပါတီဝန်းရံသူတွေက အင်အားပြ မဲဆွယ်စည်းရုံးရေးယာဉ်တန်းနဲ့ မြို့တွင်း လှည့်လည်နေစဉ်မှာ ဆွမ်းချက်ရက်ကွက်အရောက်မှာ မိသားစုတစ်စုက ယာဉ်တန်းကို ဆန့်ကျင် ဆန္ဒပြမှု အောက်တိုဘာလ ၁၁ ရက်နေ့ မနက်ပိုင်းက ဖြစ်ပေါ်ခဲ့ပါတယ်။ ဆန္ဒထုတ်ဖော်ရာမှာ “သားတို့ ကိုဗစ်ကိုကြောက်လို့ မဲဆွယ်တာတွေ...
Read More

ပြည်ခိုင်ဖြိုးပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပယ်ဖျက်

စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မြေ အမှတ် ၄ ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ကိုယ်စားလှယ်လောင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ပယ်ဖျက်လိုက်တယ်လို့ စစ်ကိုင်းတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက သိရပါတယ်။ ကိုယ်စားလှယ်အဖြစ်က ပယ်ဖျက်ခံရသူက ဦးအောင်မောင်းဆိုသူဖြစ်ပြီး ဒုတိယညွှန်ကြားရေးမှုးချုပ်အငြိမ်စားတစ်ဦးဖြစ်ကာ ပင်စင်ခံစားခွင့်ကာလကျန်နေသေးတဲ့အတွက် ပယ်ဖျက်ရတာလို့ တိုင်းရွေးကော်တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။...
Read More

NLD မဲဆွယ်ယာဉ်ပေါ်က မီးစက်မီးလောင်ပြီး လူ ၁၅ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် အောက်တိုဘာလ ၁၀ ရက်နေ့က NLD ပါတီဝန်းရံသူတွေ တင်ဆောင်လာတဲ့ ကားတစ်စီးမှာ ကားပေါ်ပါ မီးစက် မီးလောင်ပြီး လူ ၁၅ ဦး မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ထန်းကုန်းနယ်မြေ ရဲစခန်း သတင်းတွေအရ သိရပါတယ်။...
Read More

ခန္တီးခရိုင်နှင့် နာဂဒေသတွင် ရွေးကောက်ပွဲတာဝန်ထမ်းဆောင်မည့် ဆရာ/မ များကို ရေယာဉ်များဖြင့် အခမဲ့ပို့ဆောင်ပေးခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ ရွေးကောက်ပွဲတာဝန် ထမ်းဆောင်ကြမယ့် ဆရာ/ဆရာမ တွေကို အောက်တိုဘာလ ၇ ရက်နေ့ မနက်ပိုင်းက တိုင်းအစိုးရရဲ့ အစီအစဉ်နဲ့ ရေလမ်းကတဆင့် အခမဲ့ပို့ဆောင်ပေးခဲ့ပါတယ်။ ခရီးသည် သယ်ယူပို့ဆောင်ရေး လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်း ခရီးတွေကို ပိတ်ထားတဲ့အတွက်...
Read More

ကနန်းလူမျိုး တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးစိန်လွင်နဲ့ လာမယ့်ရွေးကောက်ပွဲအပေါ် အမြင်သဘောထား တွေ့ဆုံမေးမြန်းခြင်း။

၂၀၂၀ ပြည့်နှစ်၊ မြန်မာနိုင်ငံရဲ့ ပါတီစုံ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေ ထုတ်ပြန်ကြေငြာထားပါတယ်။ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီပေါင်း ၉၂ ပါတီက ကိုယ်စားလှယ်တွေအပါအဝင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၂၈၀ ဦး၊ စုစုပေါင်း...
Read More

ကျွန်းလှမြို့နယ်က NLD ပါတီ ဝန်းရံသူတွေရဲ့ မဲဆွယ်လှည့်လည်ပွဲ မြင်ကွင်း (ဓာတ်ပုံ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်မှာ NLD ပါတီ ဝန်းရံထောက်ခံသူ အင်အား ၁၀၀၀ ကျော်က ဆိုင်ကယ်၊ ကား၊ သုံးဘီး၊ ထော်လာဂျီ စတာတွေနဲ့ မဲဆွယ်စည်းရုံးရေး လှည့်လည်ခဲ့ကြတဲ့မြင်ကွင်းတွေဖြစ်ပါတယ်။ ဝန်းရံသူတွေက မြို့တွင်းလမ်းတွေအပြင် ပိတောက်မြိုင်ရပ်ကွက်ထဲမှာရှိတဲ့ ဈေးနှင့် သဖန်းဆိပ်ဆည် စတဲ့နေရာတွေကို လှည့်လည်ပြီး...
Read More

NLD ပါတီရဲ့ မေတ္တာရပ်ခံချက်ကို မလိုက်နာဘဲ ကျွန်းလှမြို့တွင် NLD ဝန်းရံထောက်ခံသူ ၁၀၀၀ ခန့်မြို့တွင်း လှည့်လည်မဲဆွယ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့မှာ အောက်တိုဘာလ ၆ ရက်နေ့ မနက်ပိုင်းက အမျိုးသားဒီမိုကရေစီပါတီကို ဝန်းရံထောက်ခံသူ ၁၀၀၀ ဝန်းကျင်စုရုံးကာ ဆိုင်ကယ်၊ ကား၊ သုံးဘီးယာဉ်တွေနဲ့ မြို့တွင်း လှည့်လည်ကာ မဲဆွယ်အင်အား ပြခဲ့ကြပါတယ်။ ကျွန်းလှမြို့ အမျိုးသားဒီမိုကရေစီပါတီကို ဝန်းရံထောက်ခံသူ ပြည်သူတွေက မြို့တွင်းလမ်းတွေအပြင်...
Read More

သပိတ်ကျင်းမြို့နယ်က NLD မဲဆွယ်စည်းရုံးရေး ထော်လာဂျိီတိမ်းမှောက်ပြီး ယာဥ်ပေါ်ပါ လူ ၃၂ ဦး ဒဏ်ရာတွေရ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ သပိတ်ကျင်း-တကောင်းမြို့သွားကားလမ်း မိုင်တိုင်အမှတ် ၄၀/၂ နေရာအနီးမှာ အောက်တိုဘာလ ၅ ရက် နေ့လည်ပိုင်းက ခရမ်းစပ်ကုန်းကျေးရွာကနေ တကောင်းမြို့ကို မဲဆွယ်စည်းရုံးရေးထွက်လာခဲ့ ထော်လာဂျီယာဥ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါတယ်။ ယာဉ်တိမ်းမှောက်မှုကောင့် ယာဉ်ပေါ်ပါ လူ ၃၂ ယောက် ဒဏ်ရာကိုယ်စီ...
Read More

ချင်းပြည်နယ်တွင် တိုက်ပွဲရှောင်တွေများလာလို့ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းမှာ မဲပေးဦးရေ ၁ သောင်းကျော် လျော့နည်း

မကြာခင်ကျင်းပတော့မယ့် ၂၀၂၀ ခုနှစ်၊ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ်အတွင်း မဲဆန္ဒရှင်ဦးရေ ၁ သောင်းကျော် လျော့နည်းသွားတယ်လို့ ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး စာရင်းတွေအရ သိရပါတယ်။ ချင်းပြည်နယ်မှာ ပထမအကြိမ် ၂၁ ရက်အကြာ မဲစာရင်းကြေညာခဲ့ရာ မဲဆန္ဒရှင်ဦးရေ ၃၄၂၁၄၂ ဦးရှိပြီး...
Read More
error: Content is protected !!