Home > သတင်း > ရွေးကောက်ပွဲ (Page 10)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တပ်နယ်အားလုံးမှာ တပ်တွင်းမဲရုံ မရှိဘူးလို့ တိုင်းရွေးကော်တာဝန်ရှိသူပြောကြား။

နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တပ်ရင်းတပ်ဖွဲ့တည်ရှိရာ တပ်နယ်အားလုံးမှာ တပ်မတော်သားနှင့် မိသားစုဝင်တွေအတွက် သီးသန့်မဲရုံ (တပ်တွင်းမဲရုံ) တစ်ခုမှမရှိဘူးလို့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှုးက ပြောပါတယ်။ ပထမအကြိမ်မဲစာရင်းထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းအတွင်းမှာ မဲပေးခွင့်ရှိသူ မဲဆန္ဒရှင်ဦးရေ ၄၁ သိန်း...
Read More

ရွေးကောက်ပွဲမှာ အရပ်ဖက်စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို ရွေးကော်က ကန့်သတ်ပိတ်ပင်တဲ့အပေါ် အရပ်ဖက်အဖွဲ့အစည်း ၄၄၀ ကျော်က သဘောထားထုတ်ပြန်။

မကြာခင်ကျင်းပတော့မယ့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ PACE (People’s Alliance for Credible Elections) ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ရွေးကောက်ပွဲစောင့်ကြည့်ခွင့် ပိတ်ပင်လိုက်ပါတယ်။ အဓိကအားဖြင့် အသင်းအဖွဲ့မှတ်ပုံတင်ထားခြင်းမရှိလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ပိတ်ပင်လိုက်တာပါ။ အခုလို ပိတ်ပင်လိုက်တဲ့အပေါ် လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်မလာမှာကိုလည်း...
Read More

စစ်ကိုင်းတိုင်းမှာ လက်ရှိ အာဏာရပါတီအပါအဝင် နိုင်ငံရေးပါတီကြီး ၄ ခုက မဲဆန္ဒနယ်အားလုံး ယှဉ်ပြိုင်မည်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မဲဆန္ဒနယ် ၁၂၅ နေရာရှိပါတယ်။ အဲဒီနေရာအားလုံးကို လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အပါအဝင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် ညီညွတ်သော ဒီမိုကရက်တစ်ပါတီတို့က နေရာလပ်မကျန် ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် သက်ဆိုင်ရာ...
Read More

လာမယ့်၂၀၂၀အထွေထွေရွေးကောက်ပွဲအတွက် စစ်ကိုင်းတိုင်းဒေသကြီးမှာ တစ်သီးပုဂ္ဂလကိုယ်စားလောင်း၃၃ဦးအထိရှိကြောင်း တိုင်းရွေး/ကော်သတင်းထုတ်ပြန်။

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ၂၀၂၀အထွေထွေရွေးကောက်ပွဲအတွက် စစ်ကိုင်းတိုင်းဒေသကြီးမှာ တစ်သီးပုဂ္ဂလကိုယ်စားလောင်း၃၃ဦးအထိရှိတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ရုံးက သြဂုတ်လ ၁၀ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင် ပြည်သူ့လွှတ်တော်နေရာမှာတော့ မဲဆန္ဒနယ်အရေအတွက်မှာ ၃၇ခုအထိရှိပြီး အမျိုးသား၁၈၀ဦးနဲ့အမျိုးသမီး၁၉ဦး စုစုပေါင်း ၁၉၉ဦးအထိရှိသလို အဲဒီထဲမှာတစ်သီးပုဂ္ဂလ ၉ဦးကလည်း ပါဝင်ကြပါတယ်။...
Read More

ကြိုတင်မဲအတွက် ဩဂုတ်လ(၂၈)ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားနိုင်။

မဲဆန္ဒနယ်ပြင်ပမှာရောက်ရှိနေတဲ့ ပြည်သူတွအနေနဲ့ ကြိုတင်မဲပေးနိုင်ဖို့အတွက် အခုလ(၂၈)ရက်နေ့နောက်ဆုံးထားပြီး သက်ဆိုင်ရာ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ ပုံစံ(၁၅)နဲ့ လျှောက်ထားကြဖို့လိုအပ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူးက ပြောပါတယ်။ ကြိုတင်မဲပေးရမယ့် မဲဆန္ဒရှင်တွေမှာ ပြည်ပရောက်မဲဆန္ဒရှင်တွေနဲ့ ပြည်တွင်း မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်(၂)မျိုးရှိတာဖြစ်ပါတယ်။ ကြိုတင်မဲပေးရမယ့် မဲဆန္ဒနယ်ကပြည်သူတွေအနေနဲ့ မူလနေရပ်မှာရှိတဲ့ မဲစာရင်းမှာ...
Read More
1 8 9 10
error: Content is protected !!