Home > သတင်း > တရားဉပဒေစိုးမိုးရေး > ထန်တလန်မှာ လုပ်လုပ်မိုင်းပေါက်ကွဲတဲ့နေရာကို စစ်ဆေးရာကနေ ဖောက်ခွဲရေးပစ္စည်းတွေနဲ့အတူ တရားခံကို ဖမ်းဆီးရမိခဲ့ဟု တပ်မတော်သတင်းထုတ်ပြန်

ထန်တလန်မှာ လုပ်လုပ်မိုင်းပေါက်ကွဲတဲ့နေရာကို စစ်ဆေးရာကနေ ဖောက်ခွဲရေးပစ္စည်းတွေနဲ့အတူ တရားခံကို ဖမ်းဆီးရမိခဲ့ဟု တပ်မတော်သတင်းထုတ်ပြန်

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ စက်တင်ဘာလ ၂၀ ရက်နေ့ ည ၁၁နာရီကျော်က လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး အဲဒီပေါက်ကွဲခဲ့တဲ့နေရာကို စစ်ဆေးရာကနေ ဖောက်ခွဲရေးပစ္စည်းတွေနဲ့အတူ တရားခံတစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော် သတင်းမှန်ကြားရေးအဖွဲ့က စက်တင်ဘာလ ၂၃ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။ လက်လုပ်မိုင်းပေါက်ကွဲခဲ့တဲ့နေရာကို လုံခြုံရေးပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာမှာ ယမ်းတောင့်နဲ့ လုပ်ထားတဲ့ လက်လုပ်မိုင်းကို “ကြောင်”တစ်ကောင်အား ပစ်ပေါက်ရာကနေ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ပေါက်ကွဲခဲ့တဲ့နေရာမှာ ချင်းပြည်နယ်၊ ထန်တလန်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဆေးရုံလမ်းမှာရှိတဲ့ ဦးကျော်မင်းထက် (ဘ) ဦးစီရာမာ နေထိုင်တဲ့ နေအိမ်အတွင်းမှာ ဖြစ်တယ်လို့လည်း ပါရှိပါတယ်။ လုံခြုံရေးပူးပေါင်းအဖွဲ့က ဦးကျော်မင်းထက် (ဘ) ဦးစီရာမာ နေထိုင်တဲ့ နေအိမ်အတွင်းကို ရှာဖွေရာမှာ အရှည် ၉ လက်မ၊ လုံးပတ် ၃ လက်မခန့်ရှိ NEOGEL-90 စာတမ်းပါ ယမ်းတောင့် ၁၆၀ တောင့်၊ SOD တံဆိပ်ပါ Special Ordinary Detonator စာတန်းပါ အရှည် ၁ ဒသမ ၅ လက်မခန့်ရှိ ၁၀၀ တောင့်ပါဒီတိုနေတာ ၁ ဘူးနှင့် ၇၁ တောင့်ပါ ၁ ဘူး၊ ဖြူး(စ်) (အနှေးယမ်းကြိုး) စိမ်းပြာရောင် ၃၀ ပေခန့် ၃ ခွေ၊ ၂၅ ပေခန့် ၁ ခွေ တို့ကို ရှာဖွေ သိမ်းဆည်း ရမိခဲ့တယ်လို့လည်း သိရပါတယ်။ ထန်တလန်မြို့မရဲစခန်းက ဦးကျော်မင်းထက် (ဘ) ဦးစီရာမာကို ပေါက်ကွဲ စေတတ်သော ဝတ္တုပစ္စည်းများ အက်ဥပဒေပုဒ်မ ၅ အရ အမှုဖွင့်အရေးယူထားတယ်လို့လည်း တပ်မတော် သတင်းမှန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

error: Content is protected !!