Home > သတင်း > ကျန်းမာရေး > စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကိုဗစ်ကာလအတွင်း ညမထွက်ရ အမိန့် ၂လ ထပ်မံတိုးမြှင့်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကိုဗစ်ကာလအတွင်း ညမထွက်ရ အမိန့် ၂လ ထပ်မံတိုးမြှင့်

ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တွေကို ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်ကို ထပ်မံ ရက်တိုးမြှင့်လိုက်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။
ညမထွက်ရ အမိန့်ကို စစ်ကိုင်းတိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့ ဇူလိုင်လက စပြီး မြို့နယ်တွေအလို က်ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ စက်တင်ဘာလ ၁၄ရက်နေ့မှာ နှစ်လပြည့်မှာလည်း ဖြစ်ပါတယ်။ လာမယ့် စက်တင်ဘာလ ၁၅ ရက်နေ့ကနေ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ ၂ လတိုးမြှင့်ခဲ့ပြီး ည ၁၂ နာရီကနေ နံနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်လည်း ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးမှာ သုံးလတာကာလအတွင်း Mask မတပ်တဲ့လူဦးရေ ငါးထောင်နီးပါးကို ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ ၁၅ အရ အရေးယူခဲ့တာတွေရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၈ လပိုင်းက ကျင်းပခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ တိုင်းတရားလွှတ်တော် တရားသူကြီးချုပ် ဦးမျိုးမောင် တင်သွင်းခဲ့တဲ့ အစီရင်ခံစာအရ Mask မတပ်လို့ ကူးစပ်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၁၅ အရ အမှုဖွင့်ခံရတဲ့ လူဦးရေ ၄၆၁၅ ဦးဖြစ်ပြီး အဲဒီအထဲမှာ ကလေးသူငယ် ၃၃ ဦးလည်း ပါဝင်ပါတယ်။ ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ ၁၈ အရ အမှုပေါင်း ၁၈ မှုအထိရှိပြီး လူဦးရေ ၂၂ ဦးအထိရှိခဲ့ပါတယ်။

အလားတူ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ တရားစွဲဆိုခဲ့တဲ့အမှုပေါင်း ၂၅ မှု၊ လူဦးရေ ၄၀ ဦး၊ ရာဇသတ်ကြီးပုဒ်မ ၁၈၈ အရ တရားစွဲဆိုခဲ့တဲ့အမှုပေါင်း ၆၃ မှု၊ လူဦးရေ ၁၇၈ ဦးရှိပါတယ်။

ရာဇသတ်ကြီးပုဒ်မ ၃၃၃၊ ရဲအက်ပုဒ်မ ၄၇ ၊ ရာဇသတ်ကြီးပုဒ်မ ၂၇၁ စတဲ့ပုဒ်မတွေနဲ့လည်း အရေးယူမှု တစ်မှုစီ ရှိခဲ့ပါသေးတယ်။

error: Content is protected !!