စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ဘုရားပြန်ကျေးရွာအုပ်စု၊ ပြွန်ဦးကျေးရွာတွင် စက်တင်ဘာလ ၁၉ ရက်နေ့ နေ့လည်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်တစ်လုံးဆုံးရှုံးကာ စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦး သေဆုံးမှု ဖြစ်ပေါ်ခဲ့ပါတယ်။ မီးလောင်မှုက ဆေးလိပ်မီးပွားကျရာကနေ မီးကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ပြီး နေအိမ်မှာရှိနေတဲ့ အသက် (၈၀)နှစ်အရွယ် စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦးမှာ မီးလောင်ဒဏ်ရာတွေနဲ့သေဆုံးမှု ဖြစ်ပေါ်ခဲ့တာပါ။ ဒါ့အပြင် ၆ ပေပတ်လည် သွပ်မိုး၊ ဘိလပ်ပြားကာ မြေစိုက်တဲအိမ်တစ်လုံးလည်း မီးလောင်ခဲ့ဆုံးရှုံးခဲ့ပါသေးတယ်။ မီးလောင်မှုကို ကျေးရွာသားတွေက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။ မီးလောင်မှုနဲ့ပတ်သက်လို့ သက်ဆိုင်ရာက အမှုဖွင့် အရေးယူဆောင်ရွက်နေပါတယ်။
လွင်မင်း (မျက်မှောက်ခေတ်)