Home > သတင်း > တရားဉပဒေစိုးမိုးရေး > ခင်ဦးမြို့နယ်တွင် ကြက်သားပေါက် အပူပေးရာမှ မီးလောင်မှုဖြစ်ပွား

ခင်ဦးမြို့နယ်တွင် ကြက်သားပေါက် အပူပေးရာမှ မီးလောင်မှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ရွာစဉ်နယ်မြေ မီးသတ်စခန်းနဲ့ ၁ မိုင်ခွဲခန့်အကွာရှိ ကြက်ခြံတစ်ခုတွင် ကြက်သားပေါက်အပူပေးရာကနေ မီးလောင်မှုတစ်ခု အောက်တိုဘာလ ၁၄ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ ဦးသောင်းငွေပိုင်ဆိုင်တဲ့ ကြက်ခြံမှာ Gas မီးဖိုနဲ့ ကြက်သားပေါက်တွေကို အပူပေးရာကနေ ဘေးကာကပ်ကို မီးကူးပြီး စတင်လောင်ကျွမ်းခဲ့တာလို့ မီးသတ်ဦးစီးဌာနရဲ့ သတင်းတွေအရ သိရပါတယ်။ မီးလောင်မှုကို မီးသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီးနဲ့ ခင်ဦးမြို့နယ် မီးသတ်ဦးစီးဌာန၊ နယ်မြေမီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ပြည်သူတွေ ဝိုင်းဝန်းကာ ငြိမ်းသတ်ခဲ့ရပါတယ်။ မီးလောင်မှုကြောင့် ဦးသောင်းငွေပိုင်ဆိုင်တဲ့ သက္ကယ်မိုး၊ ကပ်ကာ၊ ကပ်ခင်း အလျား ၂၄၀၊ အနံ ၂၀၊ အမြင့် ၁၂ ပေရှိတဲ့ ကြက်ခြံတစ်လုံး၊ ကြက်သားပေါက်ကောင်ရေ ၃ ထောင်ခန့် မီးလောင်ခဲ့ပြီး ဆုံးရှုံးမှုကာလတန်ဖိုး ကျပ်သိန်း ၆၉ သိန်းရှိခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုနဲ့ပတ်သက်ပြီး မီးပေါ့ဆသူ ဦးသောင်းငွေကိုတော့ ခင်ဦးမြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

လွင်မင်း (မျက်မှောက်ခေတ်)

error: Content is protected !!