Home > သတင်း > တရားဉပဒေစိုးမိုးရေး > အရွယ်မရောက်သေးသူကို လိင်တူဆက်ဆံပြီး အလောင်းဖျောက်ဖျက်ခဲ့တဲ့သူကို လေးရက်အတွင်း ဖမ်းမိ

အရွယ်မရောက်သေးသူကို လိင်တူဆက်ဆံပြီး အလောင်းဖျောက်ဖျက်ခဲ့တဲ့သူကို လေးရက်အတွင်း ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် စက်တင်ဘာလ ၂၁ ရက်နေ့က အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးတစ်ယောက်ကို အလိုမတူဘဲ လိင်တူဆက်ဆံကာ အလောင်းဖျောက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီလို ပြစ်မှုကျူးလွန်သူကိုတော့ ရွှေဘိုမြို့နယ်ရဲတပ်ဖွဲ့က ၄ ရက်အတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့သတင်းတွေအရ သိရပါတယ်။

“အဲ့ကလေး သေဆုံးမှုနဲ့ ပတ်သက်လို့ အရေးပေါ် အမှုစစ်အဖွဲ့ကို တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းကြည်က ချက်ချင်းဖွဲ့တယ်။ အမှုစစ်အဖွဲ့ရဲ့ စစ်ဆေးပေါ်ချက်အရ အရင်တခါက မုဒိမ်းလူသတ်မှုနဲ့ ထောင်နှစ်ရှည်ကျခံ ဖူးသူ ထွန်းထွန်းဝင်း ဖြစ်တယ်ဆိုတာ စစ်ဆေးပေါ်ပေါက်ခဲ့တယ်။ လက်ရှိတော့ ဖမ်းဆီးပြီး လိုအပ်တာတွေ ဆက်လုပ်နေပါတယ်။”လို့ လူသတ်မှုကို စုံးစမ်းစစ်ဆေးနေတဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

ရွှေဘိုမြို့ အမှတ် ၇ ဝက်လည်ရွဲရပ်ကွက် စျေးတောင်ဘက်လမ်းကြားမှာ စက်တင်ဘာ ၂၁ မနက် ၃ နာရီက အသက် ၁၃ နှစ်အရွယ် ယောကျ်ားလေးတစ်ယောက် စအိုသွေးထွက် ဒဏ်ရာနဲ့ သေဆုံး နေတာကို လှည့်ကင်းရဲအဖွဲ့က တွေ့ရှိခဲ့လို့ ရုပ်အလောင်းကို ရဲဆေးစာနဲ့ ရွှေဘိုပြည်သူ့ဆေးရုံးကို ပို့ဆောင် ခဲ့ပြီးနောက် ရဲစခန်းက လုပ်ကြံသတ်ဖြတ်သူကို အမှုဖွင့် စုံစမ်းထောက်လှမ်းခဲ့တာပဲဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူက အခုနှစ် သင်္ကြန်ကာလတုန်းက သမ္မတရဲ့ လွတ်ငြိမ်းနဲ့ပြန်လည်လွတ်လာသူဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်က အမျိုးသမီး တစ်ယောက်ကို အလိုမတူပဲ သားမယားအဖြစ် အဓမ္မပြုကျင့်သတ်ဖြတ်လို့ ထောင်နှစ်ရှည်ကျခံခဲ့ရဖူးသူလည်း ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့သတင်းတွေအရ စက်တင်ဘာ ၂၁ ညက အမှုနဲ့ ဖမ်းဆီးခံထားရသူ ထွန်းထွန်းဝင် ဆိုသူဟာ ရွှေဘိုအမှတ် ၁ ရပ်ကွက်၊ ပြင်စျေးမြောက်ရပ်ကနေ သေဆုံးသူ ကလေးကို ခြိမ်းခြောက်ပြောဆိုပြီး သူနေထိုင်ရာအိမ်ကို ခေါ်ဆောင် သွားခဲ့ပါတယ်။ အဲ့ဒီနောက် အလိုမတူဘဲ လိင်တူဆက်ဆံခဲ့ပြီး လည်ပင်ညှစ် သတ်ဖြတ်ကာ သေဆုံးသူ ရုပ်အလောင်ကို ဆိုင်ကယ်ပေါ်တင်ဆောင် သယ်ယူပြီး ဖျောက်ဖျက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ လိင်တူဆက်ဆံ သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်ခဲ့သူ ထွန်းထွန်းဝင်းဆိုသူကို ရွှေဘိုမြို့မ ရဲစခန်းက (ပ) ၅၆၃ / ၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/၃၇၇ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်နေပါတယ်။

မေဇင်မြင့် (မျက်မှောက်ခေတ်)

error: Content is protected !!