Home > သတင်း > ပြည်တွင်း (Page 3)

ချင်းတောင်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေ၊ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်၊ ရိက္ခာဖြည့်တင်းမှုတွေပြုလုပ်၊ ဒေသခံ ၁၇၀၀၀ ဝန်းကျင် စစ်ဘေးရှောင်နေရ

ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြိုနယ်မှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်းနဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ မေ ၃၀ ရက်နေ့ကစ တိုက်ပွဲဖြစ်ပွားနေပြီး အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ ချင်းတောင်ပိုင်းနဲ့ နယ်မြေချင်းထိစပ်နေတဲ့ ယောဒေသ၊ ကျောက်ထုမြို့ကနေ မင်းတပ်မြို့နယ်ထဲကို မေ ၂၉ ရက်နေ့က အာဏာသိမ်းစစ်တပ်က...
Read More

ကလေးမြို့မှာ စစ်ဘေးရှောင်တွေကြောင့် စစ်တပ်လက်အောက်ခံ ကျောင်းတွေမှာ ကျောင်းအပ်သူ များပြား

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ စစ်ဘေးရှောင်တွေကြောင့် စစ်တပ်လက်အောက်ခံစာသင်ကျောင်းတွေမှာ ကျောင်းအပ်မယ့် ကျောင်းသူကျောင်းသား ၃၀၀၀ ဝန်းကျင်ထိ ရှိတယ်လို့ ပညာရေး အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ မြို့ခံတွေဆီက သိရပါတယ်။ “ချင်းတောင်မှာက ပြီးခဲ့တဲ့နှစ် တိုက်ပွဲတွေဖြစ်တော့ ကလေးမြို့ပေါ်ကို အများကြီး စစ်လာရှောင်ကြတာ။ ဒီနှစ်မှာ စစ်တပ်က...
Read More

စစ်တပ်ရဲ့ လေယာဥ်နဲ့ ဗုံးကြဲမှုကြောင့် PDF – Zoland က ဆေးတပ်သားနဲ့ ထောက်ပို့ ရဲမေ ၅ ဦး၊ ရဲဘော် ၄ ဦးကျဆုံးခဲ့ရ

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်၊ ဖူနွမ်းကျေးရွာကို မေ ၆ ရက်နေ့မှာ အာဏာသိိမ်းစစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တီးတိန်ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ PDF – Zoland က ဆေးတပ်သားနဲ့ ရဲမေ ၅ ဦးအပါဝင် ရဲဘော် ၉ ဦးကျဆုံးခဲ့ရတယ်လို့...
Read More

စစ်တပ်က ဖလမ်းမြို့ အုပ်ချုပ်ယန္တယား လည်ပတ်ရေး ဘက်စုံက ဖိအားပေး ကြိုးပမ်းနေ

ချင်းပြည်နယ်၊ ဖလမ်းမြို့ အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်နိုင် ဖို့အတွက် အာဏာသိမ်းစစ်တပ်ဟာ ကလေးမြို့က အရပ်သားကားတွေကို ချောဆွဲပြီး Non – CDM ဝန်ထမ်းတွေကိုလည်း ပို့ဆောင်ခဲ့သလို ဖလမ်းမြို့ကို နောက်ထပ်လူတွေပို့ဆောင်ဖို့ ကားတွေကို ထပ်ချောဆွဲထားတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “စစ်ရှောင်တွေ...
Read More

စစ်တပ်က ယောနဲ့ ချင်းနယ်စပ်ကို လေကြောင်းဆက်တိုက်ပစ်ခတ်ပြီး မြေပြင်စစ်ကြောင်းလည်း ဦးတည်လာနေ

မကွေးတိုင်း၊ ယောဒေသ၊ ကျောက်ထုနဲ့ ချင်းပြည်၊ မင်းတပ်နယ်စပ်ကို လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး ကျောက်ထုဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၅၀၀ ပါစစ်ကြောင်းဟာလည်း ပေါက်မြို့ကနေ ကျောက်ထုဘက်ကို ထွက်လာပြီဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ကျောက်ထုမြို့အနီး ယောနဲ့ ချင်း ဆက်သွယ်ရေးလမ်းကြောင်းပေါ်က ကံကြီးကျေးရွာလမ်းဆုံကို...
Read More

ကနီမြို့နယ် ဝင်မနားတိုက်နယ်ဆေးရုံဟောင်း လေကြောင်းတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ကနီမြို့နယ် ဝင်မနားတိုက်နယ်ဆေးရုံဟောင်းကို မေလ ၇ ရက်နေ့မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတာ‌ ရှိပေမယ့် အခြေအနေ အ‌သေးစိတ်ကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။ “ကြားတာကတော့ အရပ်သားနှစ်ယောက်ဆုံးတယ်ကြားတယ်။ ထိခိုက်တာတွေလည်းရှိတယ်ကြားတယ်။ အတိအကျတော့...
Read More

တီးတိန်မြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက် ခိုက်မှုကြောင့် PDF-Zoland ရဲမေ ၄ ဦး၊ ရဲဘော် ၃ ဦး ကျဆုံး

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်၊ ဖူနွမ်းကျေးရွာကို မေ ၆ ရက်နေ့က အာဏာသိိမ်းစစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် တီးတိန်ဒေသခံ ချင်းတော်လှန်ရေးတပ်ဖွဲ့ PDF – Zoland က ရဲမေ ၄ ဦးနဲ့ ရဲဘော် ၃ ဦးကျဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကနေ...
Read More

တီးတိန်မြို့နယ် ကနေဒီတောင် စခန်းကို စစ်တပ်က ပြန်သိမ်းပိုက်

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်က စစ်ရေးအရ အရေးပါတဲ့ ကနေဒီတောင်စခန်းကို မေ ၅ ရက်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေက လက်လွတ်ခဲ့ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ သိုင်းငင်းနဲ့ တီးတိန်မြို့ကြားမှာ မေ ၂ ရက်နေ့ကစလို့ အင်အား ၂၀၀ ဝန်းကျင်ပါ စစ်တပ်စစ်ကြောင်းနဲ့...
Read More

ယင်းမာပင်နယ်မှာ စစ်တပ်က အင်အားထပ်တိုး ၊ အရပ်သားတွေ ထောင်နဲ့ချီထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် မြောက်ခြမ်းဒေသမှာ မေလ ၅ ရက်နေ့ နံနက်ပိုင်းကစလို့ စစ်တပ်က အင်အားထပ်တိုးလာတာကြောင့် အရပ်သားတွေ ထောင်နဲ့ချီထွက်ပြေးနေရတယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ စစ်တပ် တပ်ဖွဲ့ဝင်တွေဟာ အင်အားအလုံးအရင်းနဲ့ ယင်းမာပင်မြို့နယ်ထဲကို ဝင်ရောက်လာတာလို့ သိရပါတယ်။ “ဒီကနေ့ မနက်ပိုင်းက...
Read More
error: Content is protected !!