အစိုးရသစ်ဖွဲ့တော့ကော ဘာထူးလာမှာမို့လဲ. . . . .?
ဘုန်းမောင် (မျက်မှောက်ခေတ် သတင်းဆောင်းပါး) ပြီးခဲ့သော ၂၀၂၀ ခုနှစ်တွင် အရပ်သားအစိုးရက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း အထွေထွေရွေးကောက်ပွဲများကို မြန်မာနိုင်ငံအနှံ့ ကျင်းပပေးခဲ့သည်။ မဲရလဒ်များ ပေါ်ထွက်လာချိန်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြီး စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ... Read More
ပြည်သူဟာ လက်သုတ်ဝတ်မဟုတ်၊ အများသုံးအိမ်သာမဟုတ်
တက်နေထွန်း (မျက်မှောက်ခေတ် အတွေးအမြင်) နိုင်ငံရေးမှာ ပြည်သူမပါလို့မရဘူး။ တော်လှန်ရေးမှာ ပြည်သူမပါလို့မရဘူး။ ဒီတော့ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းမဆို ပြည်သူကို ရှေ့တန်းကထားကြရတယ်။ ပြည်သူကို လေးစားကြရတယ်။စကားပြောဆိုရင် ပြည်သူကို တိုင်တည်ပြီး ပြောဆိုကြရတယ်။ ပြည်သူကို တိုင်တည်ပြီး ထုတ်ပြန်ကြရတယ်။ ဒါပေမယ့် ပြည်သူကို... Read More
အရုပ်သေနတ်နဲ့ TikTok ဆော့တဲ့ကလေးတစ်ဦးရဲ့ အိမ်ကို စစ်တပ်က စီးနင်းရှာဖွေ
စစ်ကိုင်းတိုင်း မုံရွာမြို့ ရတနာပုံရပ်ကွက်မှာ နေထိုင်တဲ့ကလေးငယ်တစ်ဦးဟာ အရုပ်သေနတ်နဲ့ TikTok ဆော့ကစားခဲ့တာကြောင့် စစ်သားတွေက နေအိမ်အထိလာရောက်ပြီး စီးနင်းရှာဖွေတာတွေ ပြုလုပ်သွားတယ်လို့ မြို့ခံပြည်သူတွေထံက သိရပါတယ်။ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးက TikTok မှာ အရုပ်သေနတ်နဲ့ ကစားထားတဲ့ ရုပ်သံကို... Read More
ဆားလင်းကြီးမြို့နယ် နဲ့ ရေစကြိုမြို့နယ်ထဲက ကျေးရွာတွေလည်း အသံတိတ်သပိတ်မှာပါဝင်
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် နဲ့ ရေစကြိုမြို့နယ်ထဲက ကျေးရွာတွေလည်း အသံတိတ်သပိတ်ကို ပါဝင်ခဲ့ကြပါတယ်။ ဓာတ်ပုံ-ပေးပို့
ယောဒေသမှာ အသံတိတ်သပိတ်ပြုလုပ်
မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နှင့် ထီးလင်းမြို့က ပြည်သူတွေဟာ ဒီကနေ့ ကမ္ဘာ့လူ့အခွင့်ရေးနေ့မှာ အသံတိတ်သပိတ်ပြုလုပ်ခဲ့ကြပါတယ်။ Photo ယောအလင်းတန်း၊ GSCB
မိုးကုတ်မြို့မှာ အသံတိတ်သပိတ်ပြုလုပ်
မိုးကုတ်မြို့မှာ စစ်တပ်ရဲ့ အုပ်ချုပ်မှုကို လက်မခံကြောင်း ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ အသံတိတ်သပိတ်ပြုလုပ်ခဲ့ကြပါတယ်။ Photo GSCB
ကချင်ပြည်နယ် ဖားကန့်မှာ အသံတိတ်သပိတ်ပြုလုပ်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာလည်း ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ အသံတိတ်သပိတ်ပြုလုပ်ခဲ့ကြပါတယ်။ Photo GSCB
ရေဦးမြို့နယ် အသံတိတ်သပိတ်
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ အသံတိတ်သပိတ် ပြုလုပ်ခဲ့ကြပါတယ်။ ရေဦးမြို့နယ်မှာ အသံတိတ်သပိတ်ပါဝင်မှု ပေးပို့လာတဲ့မှတ်တမ်းဓာတ်ပုံတွေအနက် လုံခြုံရေးအရ အချို့ကိုသာ ရွေးချယ်ဖော်ပြပါထားကြောင်း GSCB ကဆိုပါတယ်။ Photo GSCB
စစ်တပ်အုပ်စိုးတဲ့ ပုသိမ်မြို့လည်း အသံတိတ်သပိတ်မှာပါဝင်
ဧရာဝတီတိုင်းမြို့တော် ပုသိမ်မြို့မှာလည်း ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ အသံတိတ်သပိတ်မှာ ပါဝင်ကြတယ်လို့ သိရပါတယ်။ Photo – GCBS









