မင်းကင်း-မြို့မကားလမ်းတွင် ယာဉ်တိုက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ မင်းကင်း-မြို့မကားလမ်းမှာ အောက်တိုဘာလ ၁၈ ရက်နေ့ ညပိုင်းက ယာဉ်တိုက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ မင်းကင်းမြို့မရဲစခန်းက သိရပါတယ်။ အခင်းဖြစ်ရာနေရာက မင်းကင်း-မြို့မကားလမ်း ရွှေသမင်တောင်အဆင်း နတ်စဉ်ကွေ့အနီးမှာ ကားတစ်စီးနှင့်ဆိုင်ကယ်တစ်စီးတို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ “သတင်းရလို့ သွားရောက်စစ်ဆေးတယ်။ ရွှေသမင်တောင်အဆင်း နတ်စဉ်အကွေ့အနီးမှာ အမျိုးသားတစ်ဦး... Read More
ဆားလင်းမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၆ ဦးတွေ့ရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၆ ဦး တွေ့ရှိရတယ်လို့ တိုင်းအစိုးရက သတင်းထုတ်ပြန်ပါတယ်။ ပိုးတွေ့လူနာတွေက ရန်ကုန်က ပြန်လာသူတွေဖြစ်ပြီး ကျေးရွာ Quarantine Center တွေမှာ ဝင်ရောက်နေသူတွေဖြစ်ကာ Swab နမူနာရယူစစ်ဆေးရာမှာ ရောဂါပိုးကူးစက်ခံထားရတာကို တွေ့ရှိခဲ့တာပါ။ “အခုပိုးတွေ့လူနာတွေက ကျန်းမာရေးလဲကောင်းပါတယ်။... Read More
စစ်ကိုင်းတိုင်းတွင် အသက် ၂ အရွယ် ကလေးတစ်ဦးအပါအဝင် ကိုဗစ်အတည်ပြုလူနာ ၆ ဦး ထပ်တိုး
စစ်ကိုင်းတိုင်းဒေသကြီးမှာ အသက် ၂ အရွယ် ကလေးတစ်ဦးအပါအဝင် ကိုဗစ်အတည်ပြုလူနာ ၆ ဦး ထပ်မံတွေ့ရှိရတယ်လို့ အောက်တိုဘာလ ၁၈ ရက်နေ့ညပိုင်းက စစ်ကိုင်းတိုင်း COVID – 19 ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။ အဲဒီပိုးတွေ့လူနာ ၆ ဦးမှာ... Read More
အင်းတော်မြို့နယ်တွင် နေအိမ်တစ်လုံးမီးလောင်ပြီး လူနှစ်ဦးဒဏ်ရာရ
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ နဘားကျေးရွာ၊ ဘူတာစုရပ်ကွက်မှာ အောက်တိုဘာလ ၁၇ ရက်နေ့ မနက် ၁ နာရီခွဲခန့်အချိန်လောက်က နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အင်းတော်မြို့နယ် မီးသတ်ဦးစီးဌာနက တာဝန်ရှိသူကပြောပါတယ်။ ဘူတာစုရပ်ကွက်မှာ အိမ်ရှင် ဦးမျိုးမင်းသန့်ရဲ့ ၆ ပေပတ်လည်နေအိမ်မှာ... Read More
တန့်ဆည်မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးအပါအဝင် ကိုဗစ်အတည်ပြုလူနာ ၅ ဦးထပ်တိုး
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြိုနယ်မှာ အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းတစ်ဦးအပါအဝင် ကိုဗစ်အတည်ပြုလူနာ ၅ ဦး ရောဂါပိုးတွေ့ရှိတယ်လို့ စစ်ကိုင်းတိုင်း COVID – 19 ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီရဲ့ ကနဦး ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီပိုးတွေ့လူနာ ၅... Read More
မြင်းမူမြို့တွင် NLD ပါတီအောင်နိုင်ရေး လှည့်လည်မဲဆွယ်ရာမှာ ပါဝင်သူတစ်ဦး ဓာတ်လိုက်သေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့မှာ အောက်တိုဘာလ ၁၆ ရက်နေ့က NLD ပါတီအောင်နိုင်ရေး လှည့်လည်မဲဆွယ်ရာမှာ ပါဝင်သူတစ်ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့ပြီး သေမှုသေခင်းနဲ့ အမှုဖွင့်ထားတယ်လို့ မြင်းမူမြို့မရဲစခန်းရဲ့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။ NLD ပါတီကို ဝန်းရံထောက်ခံသူအင်အား ၂၀၀ ဝန်းကျင်က ပါတီအကျီတွေ... Read More
ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တရားမဲ့ပြုကျင့်တာတွေမှန်သမျှ ထိရောက်စွာအရေးယူကြဖို့ သမ္မတရုံးအမိန့်ထုတ်ပြန်
မကြာခင်ကျင်းပတော့မယ့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၂၇/၂၀၂၀ နဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တည်ဆဲဉပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်ရေးအတွက် အပိုဒ် ၄ ပိုဒ်ပါ အမိန့်စာတစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ အမိန့်စာအရ အစိုးရအနေနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ သန္နိဌာန်ချထားပြီးဖြစ်လို့ လွတ်လပ်ပြီး... Read More
ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နေရာတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကြေငြာ
မကြာခင်ကျင်းပတော့မယ့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာတွေကို အောက်တိုဘာလ ၁၆ ရက်နေ့က ကြေငြာချက်အမှတ် ၁၉၂၊ ၁၉၃၊ ၁၉၄၊ ၁၉၅၊ ၁၉၆၊ ၁၉၇ တို့နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ ကြေငြာချက်မှာ ပါဝင်တဲ့နေရာတွေက... Read More
ယင်းမာပင်မြို့နယ်တွင် မဲရုံတိုးချဲ့ပေးရေး ဒေသခံတွေ တောင်းဆို
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ကပိုင်အုပ်စု ပေါင်းဝကျေးရွာတွင် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မဲရုံတိုးချဲ့ချထားပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။ အခုလို တောင်းဆိုရတာက မဲဆန္ဒရှင်ပိုများတဲ့ ပေါင်းဝရွာမှာ မဲရုံမထားဘဲ ၃ ဖာလုံခန့်ဝေးပြီး မဲဆန္ဒရှင်နည်းတဲ့ ကဗြုရွာမှာ မဲရုံထားတာကြောင့် တောင်းဆိုရတာဖြစ်တယ်လို့ဒေသခံတွေက ပြောပါတယ်။ “ကျွန်တော်တို့က အောက်တိုဘာလ... Read More