နာဂဒေသ ပန်ဆောင်တွင် လောင်းမီးပိုးကျလို့ စပါးခင်းတွေပျက်စီး
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့တွင် စပါးခင်းတွေမှာ လောင်မီးပိုးကျရောက်ခဲ့တာကြောင့် စပါးခင်းတွေ ပျက်စီးခဲ့ပါတယ်။ အဲဒီအတွက် မိုးစပါးအထွက်နှုန်း ထက်ဝက်ခန့် လျော့ကျသွားနိုင်တယ်လို့ ပန်ဆောင်မြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးက သိရသည်။ ပန်ဆောင်မြို့နယ်ခွဲအတွင်းက ကျေးရွာ (၉) ရွာမှာ စိုက်ပျိုးထားတဲ့ မိုးစပါးဧက (၁၇၅)... Read More
စစ်ကိုင်းတိုင်းအတွင်းမှာ အသက် (၆၀) နဲ့အထက်အဖိုးအဖွားတွေ မဲပေးခွင့်မဆုံး ရှုံးစေဖို့အတွက် ကြိုတင်မဲများကောက်ခံသွားမှာဖြစ်ပါတယ်။
လာမဲ့နိုဝင်ဘာလ (၈) ရက်နေ့မှာကျင်းပမဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အသက် (၆၀) နှစ် နဲ့အထက် အဘိုးအဖွားတွေ မဲပေးခွင့်မဆုံးရှုံးစေဖို့ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက အောက်တိုဘာလ (၂၉) ရက်နေ့ကနေ နိုဝင်ဘာလ (၅) ရက်နေ့အထိ ကြိုတင်မဲတွေ လိုက်လံကောက်ခံသွားမှာဖြစ်ပါတယ်။ လက်ရှိ... Read More
ရေဦးမြို့နယ်အတွင်း အထူးရဲသင်တန်းသား ၉၀ ကို ကိုဗစ်ရောဂါပိုးရှိ/မရှိ swab ယူစစ်ဆေး
ရေဦးမြို့နယ်အတွင်း ရွေးကောက်ပွဲမှာတာဝန်ထမ်းဆောင်မဲ့ အထူးရဲတွေကို အောက်တိုဘာလ (၁) နေ့ကစတင်ပြီး ရေဦးမြို့ အ.ထ.က (၂) ကျောင်းခန်းမမှာ သင်တန်းပို့ချပေးနေတာဖြစ်ပါတယ်။ ဒီသင်တန်းကို အောက်တိုဘာလ (၂၈) ရက်နေ့အထိ ပို့ချပေးသွားမှာဖြစ်ပြီး သင်တန်းသား (၉၀) ကိုတပ်စု (၃) စုခွဲကာ သင်တန်းပို့ချပေးနေတာပါ။... Read More
စစ်ကိုင်းတိုင်းဒေသကြီးတွင် တစ်နေ့ထဲ ကိုဗစ်အတည်ပြုလူနာ ၃၅ ဦးထပ်တိုး
စစ်ကိုင်းတိုင်းဒေသကြီးမှာ အောက်တိုဘာလ ၁၁ ရက်နေ့ တစ်နေ့ထဲ မနက်ပိုင်းမှာ ကိုဗစ်အတည်ပြုလူနာ ၂၂ ဦးနှင့် ညဦးပိုင်းမှာ ကိုဗစ်အတည်ပြုလူနာ ၁၃ ဦး စုစုပေါင်း ၃၅ ဦး ထပ်တိုး ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်း COVID – 19... Read More
ရေဦးမြို့နယ်က ကိုဗစ်အတည်ပြုလူနာ ၉ ဦးရဲ့ ကျန်းမာရေးကောင်းမွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်အတွင်းမှာ အောက်တိုဘာလ (၅) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် မှန်ဘီလူးစက်ရုံကပြန်လာတဲ့ ဖလံခုံကျေးရွာက အမျိုးသမီး (၉) ယောက်မှာ အောက်တိုဘာ ၉ ရက်နေ့က ကိုဗစ်ရောဂါပိုး စတင်တွေ့ရှိခဲ့တာပါ။လက်ရှိရောဂါပိုးတွေ့ရှိသူတွေကို ရေဦးမြို့ကုတင်(၁၀၀) ဆေးရုံကြီး သံဃာဆောင်မှာ စောင့်ကြည့်ကုသပေးနေပြီး ကျန်းမာ... Read More
ခန္တီးမြို့တွင် NLD ပါတီကိုဝန်းရံသူများက ချင်းတွင်းမြစ်အတွင်း လှေအစီး ၅၀ နဲ့ အင်အားပြလှည့်လည်
စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အထက်ပိုင်း၊ ခန္တီးမြို့တွင် NLD ပါတီဝန်းရံသူ အင်အား ၁၀၀၀ ခန့်က အောက်တိုဘာလ ၁၁ ရက်နေ့ နေ့လည်ပိုင်းက ချင်းတွင်းမြစ်အတွင်း လှည့်လည်အင်းပြခဲ့ကြပါတယ်။ အခုလို အင်အားပြရာမှာ စက်လှေအကြီးအသေး အစင်းပေါင်း ၅၀ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ “အခုက... Read More
စစ်ကိုင်းမြို့မှာ NLD ပါတီဝန်းရံသူတွေက အင်အားပြ လှည့်လည်စဉ် မိသားစုတစ်စုက လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒပြ
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့မှာ NLD ပါတီဝန်းရံသူတွေက အင်အားပြ မဲဆွယ်စည်းရုံးရေးယာဉ်တန်းနဲ့ မြို့တွင်း လှည့်လည်နေစဉ်မှာ ဆွမ်းချက်ရက်ကွက်အရောက်မှာ မိသားစုတစ်စုက ယာဉ်တန်းကို ဆန့်ကျင် ဆန္ဒပြမှု အောက်တိုဘာလ ၁၁ ရက်နေ့ မနက်ပိုင်းက ဖြစ်ပေါ်ခဲ့ပါတယ်။ ဆန္ဒထုတ်ဖော်ရာမှာ “သားတို့ ကိုဗစ်ကိုကြောက်လို့ မဲဆွယ်တာတွေ... Read More
ပြည်ခိုင်ဖြိုးပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပယ်ဖျက်
စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မြေ အမှတ် ၄ ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ကိုယ်စားလှယ်လောင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ပယ်ဖျက်လိုက်တယ်လို့ စစ်ကိုင်းတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက သိရပါတယ်။ ကိုယ်စားလှယ်အဖြစ်က ပယ်ဖျက်ခံရသူက ဦးအောင်မောင်းဆိုသူဖြစ်ပြီး ဒုတိယညွှန်ကြားရေးမှုးချုပ်အငြိမ်စားတစ်ဦးဖြစ်ကာ ပင်စင်ခံစားခွင့်ကာလကျန်နေသေးတဲ့အတွက် ပယ်ဖျက်ရတာလို့ တိုင်းရွေးကော်တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။... Read More
NLD မဲဆွယ်ယာဉ်ပေါ်က မီးစက်မီးလောင်ပြီး လူ ၁၅ ဦးဒဏ်ရာရ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် အောက်တိုဘာလ ၁၀ ရက်နေ့က NLD ပါတီဝန်းရံသူတွေ တင်ဆောင်လာတဲ့ ကားတစ်စီးမှာ ကားပေါ်ပါ မီးစက် မီးလောင်ပြီး လူ ၁၅ ဦး မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ထန်းကုန်းနယ်မြေ ရဲစခန်း သတင်းတွေအရ သိရပါတယ်။... Read More