Home > သတင်း > ကျန်းမာရေး > နာဂရိုးရာနှစ်သစ်ကူးပွဲတော် ကိုဗစ်ကြောင့် အကျဉ်းချုံးကျင်းပ

နာဂရိုးရာနှစ်သစ်ကူးပွဲတော် ကိုဗစ်ကြောင့် အကျဉ်းချုံးကျင်းပ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို ကိုဗစ်ကပ်ရောဂါကြောင့် အကျဉ်းချုံးပြီးတော့သာ ကျင်းပခဲ့ပါတယ်။ နှစ်စဉ် နာဂရိုးရာနှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပေမယ့် ဒိနှစ်မှာတော့ ကျန်းမာရေးအနေအထားအရ မကျင်းပနိုင်တာလည်း ဖြစ်ပါတယ်။

“ခါတိုင်းနှစ်တွေက နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို စုပေါင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပတယ်။ ဒါပြီး မြို့နယ်အလိုက် ကျင်းပတာပေါ့။ အခုဒီနှစ်က နန်းယွန်းမှာ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကျင်းပဖို့ အလှည့်ကျပေမယ့် ကိုဗစ်ကြောင့် အကျဉ်းချုံးလုပ်လိုက်ရတာ။ ကိုယ့်ရိုးရာအထိမ်းအမှတ်အနေနဲ့ အခမ်းအနားလေးကို လူ ၂၀ လောက်စုစည်းပြီးတော့မှ ဒီကနေ့ မနက်ပိုင်းက ၁၅ မိနစ်လောက်ပဲ နန်းယွန်းမြို့ နာဂရိုးရာရုံးမှာ ကျင်းပခဲ့လိုက်ရတယ်။”လို့ လို့ နန်းယွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့က ကျရောက်တဲ့နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို လဟယ်မြို့မှာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အဆင့် အကြီးအကဲတွေ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းအဆင့်တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတာပါ။ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လေရှီး၊ လဟယ်နှင့် နန်းယွန်းမြိုနယ်တို့မှာ အလှည့်ကျစနစ်နဲ့ စည်းကားသိုက်မြိုက်စွာ ကျင်းပကြတာပါ။

နာဂနှစ်သစ်ကူးပွဲတော်ကို နှစ်စဉ်နှစ်အတိုင်း နိုင်ငံတော်အဆင့်အနေနဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့ကစပြီး ၁၆ ရက်နေ့အထိ ကျင်းပလေ့ရှိပြီး နိုင်ငံတော်အဆင့် အကြီးအကဲတွေ တက်ရောက်တဲ့ တိုင်းရင်းသားပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။

ပိုတေး

error: Content is protected !!