Home > သတင်း > တရားဉပဒေစိုးမိုးရေး > မြိုင်မြို့နယ်တွင် လျှပ်စစ်မီးသွယ်တန်းရာလမ်းကြောင်း ပြောင်းလဲပေးရေး ရွာသားတချို့ဆန္ဒပြ

မြိုင်မြို့နယ်တွင် လျှပ်စစ်မီးသွယ်တန်းရာလမ်းကြောင်း ပြောင်းလဲပေးရေး ရွာသားတချို့ဆန္ဒပြ

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ မုံညင်းကျေးရွာ လျှပ်စစ်ဓာတ်အားလိုင်းသွယ်တန်းရာမှာ မူလသတ်မှတ်ထားတဲ့ ဖွံ့ဖြိုးရေး လမ်းမကြီးအတိုင်းမဟုတ်ပဲ တောလမ်းကနေ ပြောင်းလဲသွယ်တန်းမှုကို ရွာသားတချို့က ဇန်နဝါရီလ ၁၄ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

မုံညင်းကျေးရွာ ဓာတ်အားလိုင်းသွယ်တန်းတာနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေက လိမ်လည်ပြောဆိုထားမှုတွေရှိနေပြီး လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို နိုင်ငံတော်အဆင့်က လာရောက်ဖြေရှင်းပေးမှသာ အဆင်ပြေနိုင်မယ်လို့လဲ ရွာသာားတွေက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြိုင်မြို့နယ်လျှပ်စစ်ဦးစီးဌာန တာဝန်ရှိသူကိုဆက်သွယ်မေးမြန်းရာမှာ ခရီးလွန်နေပြီးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် မေးမြန်းခွင့်မရခဲ့ပါဘူး။

မီးလိုင်းနဲ့ပတ်သက်လို့ ၂၀၂၀ အောက်တိုဘာလအတွင်း ရွာသားတွေ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး တရားစွဲဆိုခံရတာတွေလည်း ရှိခဲ့ပါတယ်။ အခုလက်ရှိ သွယ်တန်းနေတဲ့လျှပ်စစ်ဓာတ်အားလိုင်းက မြိုင်မြို့နယ်ထဲက ဇီးဖြူစကောင်း၊ မုံညင်း၊  ချောင်းဆုံ ၊ငှက်သိုက် ကျေးရွာ (၄) ရွာကို (၁၁) ကေဗွီဓာတ်အားလိုင်းသွယ်တန်းနေတာြဖစ်ပြီး မုံညင်းကျေးရွာတရွာသာ မီးလင်းဖို့ကျန်ရှိနေတာလည်း ဖြစ်ပါတယ်။ ဒီဆန္ဒပြပွဲကိုတော့ လူ ၁၀၀ လောက်လာရောက်ဝန်းရံခဲ့ကြကာ ကြွေးကြော်သံတွေကိုလည်း ကြွေးကြော်ခဲ့ကြပြီး မြို့တွင်းတလျှောက် စီတန်း လှည့်လည်ခဲ့ပါတယ်။

error: Content is protected !!