Home > သတင်း > စီးပွားရေး > မံစီမြို့နယ်တွင် ဒေသပေါက်ဈေး ကျပ်သိန်း ၇၇၀ တန်ဖိုးရှိ မူယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မံစီမြို့နယ်တွင် ဒေသပေါက်ဈေး ကျပ်သိန်း ၇၇၀ တန်ဖိုးရှိ မူယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ မံစီမြို့နယ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု (၁) ဗန်းမော်မှ ရဲအုပ်ခါးလီဦးဆောင်ကာ သက်သေတွေနဲ့အတူ ပူးပေါင်းအဖွဲ့ဝင်တွေက ဒေသပေါက်ဈေး ကျပ်သိန်း ၇၇၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ဇန်နဝါရီလ ၁၂ ရက်နေ့က ဟန်ထက်ကျေးရွာနှင့် မန်ရကျေးရွာသွား ကားလမ်းပေါ်တွင် ဆိုင်ကယ်စီးနင်းလာသူနှစ်ဦးထံကနေ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ (CCDAC) က သတင်းထုတ်ပြန်ပါတယ်။

ပူးပေါင်းအဖွဲ့က မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်နေကြစဥ် မန်ရကျေးရွာဘက်မှ ဟန်ထက်ကျေးရွာဘက်သို့ KENBO 125 ဆိုင်ကယ် (၂) စီးကို တားဆီးစစ်ဆေးဖို့ လုပ်ဆောင်စဉ် မူးယစ်ဆေးဝါးသယ်လာသူတွေက ဆိုင်ကယ်ကို ပစ်ကာ ထွက်ပြေးခဲ့တာပါ။ ဒါ့ပေမယ့် ရဲဝင်း (၂၀ နှစ်) မောင်းနှင်ပြီး မအမ်မင် (၃၆ နှစ်) စီးနင်းလိုက်ပါလာတဲ့ ဆိုင်ကယ်တစ်စီးကိုတော့ လက်ရဖမ်းဆီးနိုင်ခဲ့ပြီး ဆိုင်ကယ်တွေကို စစ်ဆေးရာမှာ ဆိုင်ကယ်ရှေ့ဂွကြားက တင်ဆောင်လာတဲ့ ဆာလာအိတ်အတွင်း ဘိန်းဖြူထည့်ထားတဲ့ ရောင်စုံဆပ်ပြာခွက် ၁၁၀ ခွက်၊ စုစုပေါင်းအလေးချိန် ၁.၁ ကီလိုနှင့် မြန်မာငွေကျပ် ၁ သိန်းကျော်ကို ရှာဖွေတွေ့ရှိခဲ့တာပါ။

ဆိုင်ကယ်ထားကာ ထွက်ပြေးလွတ်မြောက်သွားတဲ့ အိုက်မန် ကိုတော့ ပိတ်ဆို့ရှာဖွေတာတွေလုပ်ဆောင်နေပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ကနဦး စစ်ဆေးချက်တွေအရ မူးယစ်ဆေးဝါးတွေကို ပြန်လည်ဖြန့်ဖြူးရောင်းချဖို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်ကနေ သယ်ဆောင်လာတာလို့လည်း သိရပါတယ်။ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုနဲ့ပတ်သက်လို့ မူးယစ်ဆေးဝါးသယ်ဆောင်လာသူ ၃ ဦးကို ရဲအုပ်ခါးလီမှ တရားလိုပြုလုပ်ကာ မံစီမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် မူးယစ်ဆေးဝါနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ တွေနဲ့ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်တရားခံတွေကို ဆက်လက်ဖော်ထုတ်နေကြောင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မျက်မှောက်ခေတ်

error: Content is protected !!