မုံရွာမြို့နယ်တွင် ရေနံချက်ဖိုမီးလောင်ပြီး လူနှစ်ဦးထိခိုက်ဒဏ်ရာရ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကျောက္ကာမြောက်ရွာ ရေနံချက်ဖိုကုန်းက ရေနံဖိုတစ်ခုမှာ ဒီဇင်ဘာလ ၈ ရက်နေ့ နေ့လည်ပိုင်းက မတော်တဆ မီးလောင်မှုဖြစ်ခဲ့ပြီး လူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီရေနံချက်ဖိုမှာ CANDER ၆ ဘီးယာဉ်ပေါ်ရှိ ပေပါခွံအတွင်းသို့ ဓာတ်ဆီထည့်ရာကနေ ပေပါပေါက်ပြီး ယိုစိမ့်နေတာကြောင့် လက်ရိုက်ပန့်နဲ့ တခြားပေပါကို... Read More
ကိုဗစ်ပိုးတွေ့လူနာများတဲ့ ကလေးမြို့ပေါ် ရပ်ကွက် ၅ ခုကို Stay At Home သတ်မှတ်ရန် စီစဉ်နေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ ကိုဗစ်ပိုးတွေ့လူနာများလာတာကြောင့် မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်ကို Stay At Home သတ်မှတ်ဖို့ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းက ကလေးခရိုင် ကိုဗစ် ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံ စာတင်ပြထားပါတယ်။ ဒီဇင်ဘာလ ၈... Read More
စစ်ကိုင်းတိုင်းတင်ဒါကိစ္စနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ ဂုဏ်သိက္ခာကျဆင်းအောင် ရေးသားသူကို ဝန်ကြီးချုပ် ကိုယ်ရေးအရာရှိက ဆက်သွယ်ရေးပုဒ်မနဲ့ အမှုဖွင့်
စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရဲ့ တင်ဒါလေလံပွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာလ နောက်ဆုံးပတ်က ပြုလုပ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ တင်ဒါလျှောက်ထားကြတဲ့ ကုမ္ပဏီတွေကြားမှာ ဝေဖန်မှုတွေလည်း များစွာ ထွက်ပေါ်နေပါတယ်။ ဒီတင်ဒါကိစ္စကိုပဲ Ko Zaw Gyi Facebook အကောင့်တစ်ခုကနေ အဆောက်အဦးတင်ဒါလုပ်ငန်းအကြောင်းဆွေးနွေးကြမယ်ဆိုတဲ့ ဂရုထဲမှာ ဝန်ကြီးချုပ်ကတော်... Read More
စစ်ကိုင်းတိုင်းအတွင်း ကိုဗစ်ပိုးတွေ့မြို့နယ် ၃၀ ထိရှိလာ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလကနေ တကျော့ပြန်ကူးစက်လာတဲ့ ကိုဗစ်ကပ်ရောဂါကြောင့် တိုင်းအတွင်း မြို့နယ် ၃၇ မြို့နယ်မှာ မြို့နယ်ပေါင်း ၃၀ ထိ ကူးစက်ခံနေရပြီဖြစ်ပါတယ်။ အစိုးရအဖွဲ့က ဒီဇင်ဘာ (၅)ရက်နေ့အထိ ထုတ်ပြန်ထားတဲ့ သတင်းတွေအရ တိုင်းအတွင်း ပိုးတွေ့လူနာ (၉၅၇)... Read More
ခန္တီးမြို့တွင် ပထမဆုံး ကိုဗစ်လူနာတွေတွေ့ရှိ
စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီးမြို့တွင် ဒီဇင်ဘာလ ၆ ရက်နေ့က မန္တလေးက လာရောက်သူ တွေထဲကနေ ကိုဗစ်ပိုးတွေ့ရှိခဲ့ပါတယ်။ ပိုးတွေ့လူနာက ခန္တီးရတနာနယ်မြေကို အလုပ်လုပ်ဖို့ လာရောက်တာဖြစ်ပြီး Test Kit နဲ့ စစ်ဆေးတာကနေ တွေ့ရှိခဲ့တာပါ။ “အခုခန္တီးမြို့မှာ ပထမဦးဆုံးပိုးတွေ့ခဲ့တာပါ။ အခုတွေ့တဲ့လူက... Read More
ထီးချိုင့်မြို့နယ်က ထွေ/အုပ်ဝန်ထမ်းတစ်ဦး လိမ်လည်မှုနဲ့ အမှုဖွင့်ခံရပြီး ထွက်ပြေးတိမ်းရှောင်နေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အောက်ခြေဝန်ထမ်း အမျိုးသမီးတစ်ဦး ဒီဇင်ဘာလ ၄ ရက်နေ့က ရဲစခန်းမှာ လိမ်လည်မှု၊ အတုပြုလုပ်မှုတွေနဲ့ အမှုဖွင့်ခံရပြီး ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။ အမှုဖွင့်ခံရသူအမျိုးသမီးက ထီးချိုင့်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ စာရင်းကိုင်-၄ အဆင့်ရှိ ဒေါ်ခင်သန္တာဦး... Read More
မင်းကင်းတွင် NLD ဥပဒေအထောက်အကူပြုကော်မတီဥက္ကဌကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုဖမ်းဆီး
မင်းကင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဌလည်းဖြစ်၊ လက်ရှိတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဒေါက်တာ ဆန်းဝင်းရဲ့ မြို့နယ်စီခန့်ကို တင်ပြချက်အရ အခုလို ဖမ်းဆီးတရားစွဲဆိုလိုက်တာဖြစ်ပါတယ်။ မင်းကင်းတွင် NLD ဥပဒေအထောက်အကူပြုကော်မတီဥက္ကဌ ဦးကျော်မင်းထွဋ်က Facebook လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားချက်တွေက အများပြည်သူ အထိတ်တလန့်ဖြစ်စေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ တရားစွဲဆိုခံရတာဖြစ်ပြီး... Read More
ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုနဲ့ ဖမ်းဆီးခံထားရတဲ့ မုံရွာခရိုင်ဗကသကျောင်းသား လင်းသူရကို ကိုရုံးမထုတ်ဘဲ ရက်ရွှေ့ပြောင်း
ပြည်တွင်းငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ်မှာ 4G အင်တာနက် ပြန်လည်ဖွင့်ပေးရေး၊ သွေးစွန်းအစိုးရအလိုမရှိ၊ လူသတ်စစ်တပ်အလိုမရှိ၊ ဖမ်းဆီးခံကျောင်းသားတွေ ပြန်လွှတ်ပေးရေး စတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ တောင်းဆိုလှုပ်ရှားမှုလုပ်ခဲ့လို့ဆိုပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မုံရွာခရိုင် ဗကသကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ လင်းသူရကို ကိုဒီဇင်ဘာ ၁ ရက်နေ့မှာ ရုံးထုတ်မယ်လို့ ချိန်းဆိုထားပေမယ့် ကိုဗစ်အကြောင်းပြချက်နဲ့ ရုံးထုတ်ခြင်းမရှိဘဲ... Read More
ကိုဗစ်ကြောင့် ဒီမိုကရေစီစံနှုန်းတွေ လျော့ကျစေပြီး လူ့အခွင့်အရေး ဆုံးရှုံးနစ်နာမှုတွေ ကြုံတွေ့နေရ
ကမ္ဘာတဝှမ်း ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတာ ၁ နှစ်ဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။ ကာကွယ်ဆေးရရှိရေးကိုလည်း တိုးတက်ပြီးနိုင်ငံတွေက အပြိုင်အဆိုင် စမ်းသပ်တီထွင်နေကြဆဲဖြစ်ပါတယ်။ WHO ရဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့ထိ စာရင်းတွေအရ ကမ္ဘာတဝှမ်း နိုင်ငံပေါင်း ၂၂၀ မှာ ကိုဗစ်ကူးစက်ခံရသူ ၅၈ သန်းကျော်ရှိနေပြီး သေဆုံးသူ... Read More