Home > သတင်း > စစ်ရေး > စစ်ရေး > ပုလဲမှာ စစ်တပ်လေကြောင်းတိုက်ခိုက်၊ မြေပြင်မှာ တပ်ဖွဲ့ဝင်အင်အားဖြည်နေဟုဆို

ပုလဲမှာ စစ်တပ်လေကြောင်းတိုက်ခိုက်၊ မြေပြင်မှာ တပ်ဖွဲ့ဝင်အင်အားဖြည်နေဟုဆို

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကော်မရှင်တပ်က ၂ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီး မြေပြင်မှာ တပ်ဖွဲ့ဝင်အင်အားဖြည့်နေတယ်လို့ ဒေသခံကပြောပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက်က ပုလဲမြို့နယ်မြောက်ခြမ်းကို မနက်ပိုင်းနဲ့ညပိုင်းအချိန်တွေမှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းအချိန်မှာ လည်း ပုလဲမြို့ရဲ့ အနောက်တည့်တည့်မှာရှိတဲ့ နေရာတခုကို လေကြောင်းတိုက်ခိုက်ခဲ့တာတွေရှိခဲ့တယ်လို့ ဒေသခံကပြောပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်က ပုလဲမြို့ပေါ်ကို ရဟတ်ယာဉ်နဲ့ စစ်အင်အားဖြည့်ဆည်းခဲ့တာတွေရှိခဲ့သလို ပုလဲမြို့အနီးက သေတ္တရာရွာကိုလည်း အင်အား ၅၀ နီးပါးလောက်နဲ့ ဝင်ရောက်စီးနင်းခဲ့တာတွေရှိခဲ့သေးတယ်လို့လည်း ပြောပါတယ်။

error: Content is protected !!