ကချင်ပြည်နယ် ဖားကန့်မှာ အသံတိတ်သပိတ်ပြုလုပ်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာလည်း ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ အသံတိတ်သပိတ်ပြုလုပ်ခဲ့ကြပါတယ်။ Photo GSCB
ရေဦးမြို့နယ် အသံတိတ်သပိတ်
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ အသံတိတ်သပိတ် ပြုလုပ်ခဲ့ကြပါတယ်။ ရေဦးမြို့နယ်မှာ အသံတိတ်သပိတ်ပါဝင်မှု ပေးပို့လာတဲ့မှတ်တမ်းဓာတ်ပုံတွေအနက် လုံခြုံရေးအရ အချို့ကိုသာ ရွေးချယ်ဖော်ပြပါထားကြောင်း GSCB ကဆိုပါတယ်။ Photo GSCB
စစ်တပ်အုပ်စိုးတဲ့ ပုသိမ်မြို့လည်း အသံတိတ်သပိတ်မှာပါဝင်
ဧရာဝတီတိုင်းမြို့တော် ပုသိမ်မြို့မှာလည်း ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ အသံတိတ်သပိတ်မှာ ပါဝင်ကြတယ်လို့ သိရပါတယ်။ Photo – GCBS
ရန်ကုန်၊ ကြည့်မြင်တိုင် အသံတိတ်သပိတ်
ရန်ကုန်က မြို့နယ်တွေမှာလည်း ပြည်သူတွေဟာ ဒီကနေ့ ဒီဇင်ဘာ ၁၀ရက် အသံတိတ်သပိတ်မှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ လမ်းမတွေပေါ်မှာ ကားတစ်စီး၊နှစ်စီး သွားလာတာမျိုးကလွဲလို့ အပြင်ကိုမထွက်ကြဘဲ အသံတိတ်သပိတ်မှာ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။ Photo GCBS
စစ်ကျွန်မခံတဲ့ ပညာမာန်တွေနဲ့ ကလေးဒေသပြည်သူတွေ
(မျက်မှောက်ခေတ် အတွေးအမြင်) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ဟာ စိုက်ပျိုးရေး၊ စီးပွားကုန်သွယ်ရေးကောင်းတဲ့ ဒေသတစ်ခုဖြစ်သလို ပညာရေးကို လိုက်စားရကောင်းမှန်းသိတဲ့၊ တကယ်လည်းလိုက်စားပြီး တတ်မြောက်ခဲ့ကြတဲ့ ပညာထွန်းကားရာနယ်မြေဖြစ်တယ်။ ကလေးမြို့နယ်တွင်းကို အောက်တိုဘာလကစ စစ်တပ်က အင်အားထောင်ချီပြီး စစ်ကြောင်းအလုံးအရင်းထိုးခဲ့တယ်။ ကလေးမြို့နယ်မြောက်ပိုင်းက ပြည်သူတွေရော၊ ကလေးမြို့နယ် တောင်ပိုင်းကပြည်သူတွေရော သောင်းချီတဲ့ပြည်သူတွေ... Read More
ဗန်းမောက်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ၊ နှစ်ဖက်ထိခိုက်မှုတွေရှိ
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် ထိစပ်နေတဲ့ ဗန်းမောက်မြို့နယ်မှာ စက်တင်ဘာလ တတိယအပတ်ကစလို့ SNA ပါဝင်တဲ့ စစ်ကော်မရှင်တပ်တွေ နဲ့ KIA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြပြီး နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဗန်းမောက်မြို့နယ် ရွှေကျောင်းနှင့် ပင်ဟင်းခါးကျေးရွာကို SNA ပါဝင်တဲ့... Read More
မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များကို စစ်ကောင်စီနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ကူညီထောက်ပံ့နေတယ်လို့ AA ထုတ်ပြန်
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောနယ်တကြောတွင် လှုပ်ရှားနေတဲ့ ARSA၊ RSO စတဲ့ မွတ်ဆလင် လက်နက်ကိုင်အဖွဲ့တွေကို အာဏာသိမ်းစစ်တပ်နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) အချို့က ကူညီထောက်ပံ့ပေးနေတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) က စက်တင်ဘာလ (၂၇) ရက် ရက်စွဲနဲ့... Read More
ကနီမြို့နယ်၊ သမင်ခြံရွာ လေကြောင်းတိုက်ခိုက်ခံရပြီး အရပ်သား ၄ ဉီးထိခိုက်သေဆုံး
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ သမင်ခြံရွာကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၃ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄ ဦးထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “လေကြောင်းနဲ့ တိုက်ခိုက်သွားတာ။ ရွာသား လေးဦးသေဆုံးတယ်။ တိရစ္ဆာန်တွေလည်း သေတာရှိတယ်။” လို့ ကနီမြို့နယ်ဒေသခံတစ်ဉီးက ပြောပါတယ်။... Read More
ကလေးတောင်ပိုင်း ကြံသာကျေးရွာကို တော်လှန်ရေးတပ်တွေ လက်လွတ်လိုက်ရ
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ၊ ကလေး – ဂန့်ဂေါ ကားလမ်းမကြီးပေါ်ရှိ ကလေးမြို့နယ်ရဲ့တောင်ဘက်စွန်ဆုံးကျေးရွာဖြစ်တဲ့ ကြံသာရွာကို တော်လှန်ရေးတပ်ဖွဲ့တွေက စက်တင်ဘာ ၂၀ ရက်နေ့မှာ ပြန်လည်လက်လွတ်လိုက်ရကြောင်း သိရသည်။ “သေချာတာကတော့ လူအင်အားချင်းအများကြီးကွာတယ်။ စစ်တပ်ဘက်က ပျူတွေရော၊ စစ်သားတွေရော အင်အားအများကြီး ဟံသာဝတီမှာဖြည့်ထားတာ။”... Read More









