ကိုဗစ်ကပ်ရောဂါကြောင့် အလောင်းတော်ကဿပ ဘုရားဖူးလမ်းကို အစိုးရရဲ့ခွင့်ပြုချက်ရမှာသာ ဖွင့်လှစ်မည်
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်အတွင်းရှိ အလောင်းတော်ကဿပ ဘုရားဖူးလမ်းကို နှစ်စဉ် ဒီဇင်ဘာ သို့မဟုတ် ဇန်နဝါရီလတွေမှာ ဖွင့်လှစ်ပေးနေကြ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတဲ့အတွက် ဘုရားဖူးလမ်းကို အစိုးရက ခွင့်ပြုချက်ရမှသာ ဖွင့်လှစ်မယ်လို့ အလောင်းတော်ကဿပ ဂေါပကအဖွဲ့ထံက သိရပါတယ်။ အလောင်းတော်ကဿပ ဘုရားဖူးရာသီကာလကို နှစ်စဉ်... Read More
ဒီပဲယင်းမြို့တွင် Fever Clinic ဆေးခန်း စတင်ဖွင့်လှစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့မှာ ဒီကနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ကစပြီး Fever Clinic ဆေးခန်းကို စတင်ဖွင့်လှစ်ပေးထားပါတယ်။ အဲဒီ Fever Clinic ဆေးခန်းကို ဒီပဲယင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနက ဦးဆောင်ပြီး ဖွင့်လှစ်ပေးထားခြင်းဖြစ်ကာ ဒီပဲယင်းမြို့ တောင်ပြင်ရပ်ကွက် အထကကျောင်းဝန်းအတွင်းမှာ... Read More
စစ်ကိုင်းတိုင်းလွှတ်တော်တက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဝန်ထမ်းတွေအပါအဝင် သတင်းထောက်တွေကို ကိုဗစ်ပိုး စစ်ဆေး
ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရဲ့ နောက်ဆုံးအစည်းအဝေးအဖြစ် ၂၅ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပါတယ်။ ဒီအစည်းအဝေးကို တက်ရောက်ကြမယ့် လွှတ်တော်ရုံးဝန်ထမ်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ သတင်းရယူကြမယ့် သတင်းမီဒီယာတွေကို တိုင်းလွှတ်တော်နှင့် ကျန်းမာရေးဌာနတို့ပူးပေါင်းကာ ဒီဇင်ဘာလ ၇ ရက်နေ့နှင့် ဒီဇင်ဘာလ ၁၁... Read More
စစ်ကိုင်းတိုင်းအတွင်း မြို့နယ် ၃ မြို့နယ်ကို Stay at home သတ်မှတ်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကိုဗစ်ကပ်ရောဂါပိုး ကူးစက်မှုများလာတဲ့ မြို့နယ် ၃ မြို့နယ်ကို Stay at home သတ်မှတ်လိုက်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းက သတင်းထုတ်ပြန်လိုက်ပါတယ်။ Stay at home ကာလကို ဒီဇင်ဘာလ... Read More
လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ အလဲဗင်းသတင်းထောက် ကိုစိုးမိုးထွန်း အောက်မေ့ဖွယ်ပွဲအတွက် မြို့နယ်စီခန့်က ခွင့်မပြု
မုံရွာအခြေစိုက် အလဲဗင်းသတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရတာ ဒီဇင်ဘာလ ၁၃ ရက်နေ့ဆိုရင် ၄ နှစ်ပြည့်ပြီဖြစ်ပါတယ်။ ယနေ့အထိလည်း တရားခံဘယ်သူဘယ်ဝါဖြစ်တယ်၊ ဘာကြောင့်အသတ်ခံရတယ်ဆိုတာ မသိရသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းဒေသကြီးသတင်းသမားများကွန်ရက် (Sagaing Region Journalist Network – SRJN) ကနေ... Read More
ပုံတောင် ပုံညာကို ဖြတ်ကာ…..။
ကလေးမြို့သို့ လေ့လာရေး နှင့်ရိုက်ကူးရေး တစ်ခုပြုလုပ်ရန် စစ်ကိုင်း၊ မုံရွာ၊ ဂန့်ဂေါ၊ ကလေး လမ်းအတိုင်း ခရီးနှင်ခဲ့ကြပါသည်။ လမ်းတစ်လျှောက်တွင် ပထဝီ၀င်ဘာသာထဲတွင် သင်ယူခဲ့ရသည့် ပုံတောင်ပုံညာ တောင်တက်တောင်ဆင်း လမ်းအတိုင်း ဖြတ်သန်းခရီးနှင်ခဲ့ခြင်းဖြစ်သည်။ ပထမဆုံးအကြိမ် ထိုလမ်းကို ဖြတ်သန်း ခရီးနှင်ခဲ့ခြင်း ဖြစ်သည်။... Read More
ပုလဲတွင် ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်း ၂ ဦးအပါအဝင် လူ ၃ ဦးကို မြို့နယ်ထွေ/အုပ်က နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်တွင် ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးခဲ့စဉ်ကာလမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းတွေက နိုင်ငံတော်အကြည်ညိုပျက်အောင် ဟောပြောစည်းရုံးတာတွေ ပြုလုပ်ခဲ့လို့ ဆိုပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှုးက တရားလိုပြုလုပ်ကာ ဒီဇင်ဘာလ ၈ ရက်နေ့က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့... Read More
ကလေးမြို့နယ် ဂိဇ္ဇျကုဋ်တောင်နှင့် နွားတောင်ဒေသတွင် ထုံးကျောက် အကြီးစား စမ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာရေးလုပ်ငန်းအတွက် ဧက ၄ ထောင်ကျော် လျှောက်ထားမှုကို ဒေသခံတွေကန့်ကွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် ဂိဇ္ဇျကုဋ်တောင်နှင့် နွားတောင်ဒေသမှာ ကုမ္ပီဏီတစ်ခုက ထုံးကျောက်အကြီးစား စမ်းသပ်တိုင်းတာရန် လုပ်ကွက် ၂ ခုလျှောက်ထားမှုကို ဒေသခံတွေကကန့်ကွက်နေပါတယ်။ ဒီစီမံကိန်းအတွက် မဟာအာရှစီးပွားရေးအုပ်စု ကုမ္ပဏီလီမိတက် (Asia Great Economic Group Company Limited) က ထုံးကျောက်အကြီးစား... Read More
မြစ်သာမြစ်အကြောင်း တွေးမိရင်ဖြင့်…………။
ကျွန်တော်သည် မြစ်သာမြစ်ကမ်းနဖူးက ရွာကလေးတွင် မွေးဖွားကြီးပြင်းခဲ့သည်။ ကျွန်တော်သည် မြစ်သာမြစ်ထဲမှာပဲ ကိုယ်လက်သန့်စင်ခြင်းအမှုတွေ ပြုခဲ့သည်။ မြစ်သာမြစ်သည် ကျွန်တော်တို့ ငယ်ဘဝအတွက် ဆော့ဖော်ဆော့ဖက်၊ ကြီးပြင်းဖော် ကြီးပြင်းဖက်။ မြစ်သာမြစ်ရေနဲ့အတူ မျက်ရည်တွေလည်း စီးကျဖူးသည်။ မြစ်သာရဲ့ ရေအလျင်မှာလည်း မျောစီးလိုက်ပါခဲ့ဖူးသည်။ မြစ်သာမြစ်ရဲ့ ကလူကျီစယ်မှုကြောင့်... Read More