Home > သတင်း > စစ်ရေး > BNRA တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးနဲ့တပ်ဖွဲ့ဝင်တချို့ စစ်တပ်နဲ့ပူးပေါင်းသွား

BNRA တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးနဲ့တပ်ဖွဲ့ဝင်တချို့ စစ်တပ်နဲ့ပူးပေါင်းသွား

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ BNRA နဲ့ NUG တပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားနေချိန်မှာပဲ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် – Burma National Revolutionary Army (BNRA)တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးနဲ့တပ်ဖွဲ့ဝင်တချို့ ဒီကနေ့ ညနေပိုင်းအချိန်က စစ်တပ်နဲ့ပူးပေါင်းသွားတယ်လို့ ဒေသခံက ပြောပါတယ်။

“ပထမရဟတ်ယာဉ်က လူသုံးယောက်တင်သွားပါတယ်။ ဒုတိယ ရဟတ်ယာဉ်က အမျိုးသားနဲ့ အမျိုးသမီး ၂၀ ကျော်ခန့် တင်ဆောင်သွားပါတယ်။ ကျနော်တို့ကြားထားတဲ့အတိုင်း နဂါးက သူ့ရွာဘုန်းကြီးကျောင်း တကျောင်းင်းမှာ ခိုလှုံပြီး သူ့ရဲ့ပိုင်ဆိုင်မှုမှတ်တမ်းတွေနဲ့အရေးကြီးတဲ့ အခြွေအရံတွေအပါအဝင် စကစဆီ ရောက်သွားပြီ” လို့ မျက်မှောက်ခေတ်ရဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

ဒီကနေ့ညပိုင်းအချိန်မှာပဲ BNRA အဖွဲ့မှ နိုင်လင်း(ခ) နဂါးသည် လက်နက်/ခဲယမ်းများနဲ့အတူ တပ်မတော်ထံ အလင်းဝင်ရောက်လာပြီလို့လည်း စစ်တပ်လော်ဘီချန်နယ်က သတင်းတွေမှာ ဖော်ပြလာကြပါတယ်။

ဗိုလ်နဂါးဦးဆောင်တဲ့BNRAတပ်က ရာဇဝတ်မှုတွေအပြင် NUG လက်အောက်ခံ အရပ်ဖက်ဝန်ထမ်းတွေအပေါ် ကျုးလွန်ထားတဲ့ ပြစ်မှုတွေကို အရေးယူနိုင်ဖို့ ဆောင်ရွက်နေတာရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ဖော်ပြော‌‌ဆိုထားတာလည်း ရှိပါတယ်။

ဗိုလ်နဂါးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတာဖြစ်တယ်လို့ စစ်တပ်ရဲ့ဝါဒဖြန့် မြဝတီသတင်းမှာ ဒီကနေ့ ညပိုင်းအချိန်က ဖော်ပြထားပါတယ်။

ပုံစာ – စစ်တပ်ဝါဒဖြန့်မြဝတီသတင်းမှာဖော်ပြလာတဲ့လက်နက်နဲ့အတူတွေ့ရတဲ့ ဗိုလ်နဂါး။

error: Content is protected !!