Home > သတင်း > စစ်ရေး > ပုလဲမြို့နယ် ချင်ပြစ်ကျင်းရွာကို စစ်ကော်မရှင်တပ်က မီးရှို့နေ

ပုလဲမြို့နယ် ချင်ပြစ်ကျင်းရွာကို စစ်ကော်မရှင်တပ်က မီးရှို့နေ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ချင်ပြစ်ကျင်းရွာကို စစ်ကော်မရှင်တပ်က ဒီကနေ့ဖေဖော်ဝါရီလ ၂၄ ရက် နေ့လည်ပိုင်းမှာ မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ အင်အားအလုံးအရင်းအသုံးပြုပြီး ပုလဲမြို့ရဲ့အနောက်ဒေသက ရွာအချို့နဲ့ ပုလဲမြို့ရဲ့အနောက်မြောက်ပိုင်းဒေသက ရွာအချို့ကို စစ်ကြောင်းပတ်ထိုးနေတာလို့ သိရပါတယ်။

“အခုစစ်ကြောင်းက ပတ်မွှေနေတာ ။ ပုလဲမြို့နားက ရွာတွေ ပတ်မွှေပြီးတော့ အခုတခါ အနောက်မြောက်ဒေါင့်က ရွာတွေပတ်မွှေနေတယ်။ ချင်ပြစ်ကျင်းရွာကတော့ စစ်ကောင်စီတပ်က မီးရှို့နေတယ်။ ပြီးရင် နွယ်အင်းရွာထဲမှာလည်း စစ်တပ်စစ်ကြောင်းရှိနေတယ် “လို့ ပုလဲမြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကစလို့ စစ်ကော်မရှင်တပ်ဟာ ပုလဲမြို့နယ်ထဲက ရွာတွေကို စစ်ကြောင်းထိုးနေတာဟာ ဒီကနေ့အထိဆိုရင် ၅ ရက်မြောက် ရှိသွားပြီလို့ သိရပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းကြောင့် ပုလဲမြို့နယ်မှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အရပ်သား ထောင်နဲ့ချီ ရှိနေပြန်ပါသေးတယ်။

ပုံစာ-စစ်ကော်မရှင်စစ်ကြောင်း မီးရှို့နေတဲ့ ရွာကို မြေပုံကနေ တွေ့ရစဉ်

error: Content is protected !!