Home > သတင်း > နိုင်ငံရေး (Page 12)

မုံရွာမြို့နယ်လုံးကျွတ် NLD မဲဆွယ်စည်းရုံးရေး မြင်ကွင်းအချို့

မုံရွာမြို့နယ်အတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ဝန်းရံအားပေးထောက်ခံသူတွေက အင်အားပြတဲ့အနေနဲ့ မြို့ပေါ်တင်မက ရပ်ကွက်၊ ကျေးရွာအသီးသီးကပါ လာရောက်ကာ မြို့ပေါ်မှာ ယာဉ်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ လှည့်လည်ခဲ့ကြပါတယ်။ လူဦးရေ သောင်းဂဏန်းရှိမယ်လို့ ခန့်မှန်းရပါတယ်။ လမ်းမကြီးတော်တော်များများမှာတော့ လမ်းပိတ်တာတွေလည်း ဖြစ်ပေါ်ခဲ့ပါသေးတယ်။

ကာဘိုးဖြစ်စဉ်တွင် ရိုက်နှက်ခံခဲ့ရသူ အမျိုးသားတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြိုနယ်၊ ကာဘိုးစံပြကျေးရွာမှာ အောက်တိုဘာလ ၂၂ ရက်နေ့က  ပြည်ခိုင်ဖြိုးပါတီဝန်းရံသူတွေနဲ့ NLD ပါတီဝန်းရံတဲ့သူတွေ ရုန်းရင်းဆံခတ်ဖြစ်ပွားခဲ့ပြီး ရိုက်နှက်ခံရသူအမျိုးသားတစ်ဦး အောက်တိုဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက မန္တလေးမှာ ဆေးကုသမှုခံယူရင်း သေဆုံးသွားပြီလို့ ကန့်ဘလူခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်က ပြောပါတယ်။...
Read More

ကာဘိုးဖြစ်စဉ်နဲ့ပတ်သက်လို့ အနည်းဆုံး ၃ မှုဖွင့်ထားပြီး USDPနှင့် NLD တို့အပြန်အလှန်စွပ်စွဲ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကာဘိုးစံပြကျေးရွာမှာ အောက်တိုဘာလ ၂၂ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီက မဲဆွယ်လှည့်လည်ရာ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူတွေနဲ့ NLD ပါတီဝန်းရံတဲ့သူတွေ ရုန်းရင်းဆံခတ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်ကြောင့် လူတချို့ ထိခိုက်ဒဏ်ရာရခဲ့သလို နေအိမ်တစ်လုံး၊ ဆိုင်ကယ် ၃ စီးနဲ့ ကိုဗစ်စစ်ဆေးရေးဂိတ်လည်း ပျက်စီးခဲ့ပါတယ်။...
Read More

ချင်းပြည်နယ်တွင် အသက် ၆၀ အထက် ကြိုတင်မဲပေးခွင့်ရှိသူ လေးသောင်းကျော်ရှိ

လာမယ့်ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ်အတွင်းမှာရှိတဲ့ အသက် ၆၀ နှစ်အထက် ကြိုတင်မဲပေးခွင့်ရှိသူ လေးသောင်းကျော်ရှိတယ်လို့ ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးက သိရပါတယ်။ အသက် ၆၀ နှစ်အထက် ကြိုတင်မဲပေးတာတွေကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ လာမယ့်အောက်တိုဘာ ၂၉ ရက်နေ့ကနေ နိုဝင်ဘာလ...
Read More

အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ ဉက္ကဌ ဦးကျော်မြင့်(ခ)မိုက်ကယ်ကျော်မြင့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲ

အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီရဲ့ ဉက္ကဌဖြစ်သူ ဦးကျော်ြမင့်(ခ)မိုက်ကယ်ကျော်မြင့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ ခင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ခင်ဦးမြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်ပြီး တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။ ပါတီဉက္ကဌဖြစ်သူ ဦးကျော်ြမင့်(ခ)မိုက်ကယ်ကျော်မြင့်ကို တရားစွဲဆိုမှုနဲ့ပက်သက်လို့ ဘယ်ကိစ္စကြောင့်တရားစွဲဆိုရတယ်ဆိုတာကိုတော့ မျက်မှောက်ခေတ်က သီးခြားအတည်ပြုစုံစမ်းနေပါတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး ခင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူတွေကို ဖုန်းဆက်အတည်ပြုရန် ကြိုးစားခဲ့ပေမယ့်...
Read More

နှင်းဆီပါတီကို မဲပေးရင် ပယ်မဲအဖြစ်သတ်မှတ်မယ်လို့ UEC ကြေငြာ

နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP)ကို မဲပေးမိရင် အဲဒီမဲလက်မှတ်ကို ပယ်မဲအဖြစ် သတ်မှတ်မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က အောက်တိုဘာလ ၂၀ ရက်နေ့က ထုတ်ပြန်ကြေငြာထားပါတယ်။ ပါတီဉက္ကဌ ဦးကျော်မြင့်ကို ထောင်ပြေးမှု၊ ငွေကြေးခဝါချမှု စတာတွေနဲ့ ဖမ်းဆီးပြီးနောက်ပိုင်း ပါတီကိုလည်း...
Read More

ချင်းပြည်နယ်တွင် ဒုတိယအကြိမ် မဲစာရင်းကြေညာခဲ့ရာ မဲစာရင်းလာရောက်ကြည့်ရှု့သူ ၄ သောင်းကျော်ရှိ

ချင်းပြည်နယ်မှာ ဒုတိယအကြိမ် ၁၄ ရက်တာအကြာ မဲစာရင်းကြေညာခဲ့ရာ ပြည်နယ်တွင်း ၉ မြို့နယ်မှာ မဲစာရင်းလာရောက်ကြည့်ရှု့သူ ၄ သောင်းကျော်ရှိတယ်လို့ ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး တာဝန်ရှိသူက ပြောပါပါတယ်။ ချင်းပြည်နယ်မှာ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ၁၄ ရက်နေ့အထိ ဒုတိယအကြိမ်...
Read More

ဖမ်းဆီးထားတဲ့ NLD ပါတီကိုယ်စားလှယ်လောင်း ၃ ဦးကို ကာလတစ်ခုထိ ထိန်းသိမ်းထားမယ်လို့ AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာ မဲဆွယ်စည်းရုံနေစဉ် NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း ၃ ဦးဖြစ်တဲ့ ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချော တို့ကို ရက္ခိုင့်တပ်တော် (AA) က ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့က ဖမ်းဆီးသွားခဲ့တာပါ။ ဒါနဲ့ပတ်သက်ပြီး ကိုယ်စားလှယ်လောင်း...
Read More

မြင်းမူမြို့တွင် NLD ပါတီအောင်နိုင်ရေး လှည့်လည်မဲဆွယ်ရာမှာ ပါဝင်သူတစ်ဦး ဓာတ်လိုက်သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့မှာ အောက်တိုဘာလ ၁၆ ရက်နေ့က NLD ပါတီအောင်နိုင်ရေး လှည့်လည်မဲဆွယ်ရာမှာ ပါဝင်သူတစ်ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့ပြီး သေမှုသေခင်းနဲ့ အမှုဖွင့်ထားတယ်လို့ မြင်းမူမြို့မရဲစခန်းရဲ့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။ NLD ပါတီကို ဝန်းရံထောက်ခံသူအင်အား ၂၀၀ ဝန်းကျင်က  ပါတီအကျီတွေ...
Read More
error: Content is protected !!