Home > သတင်း > နိုင်ငံရေး (Page 11)

မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ရေငုပ်သင်္ဘောပါဝင်တဲ့ တပ်မတော် (ရေ) Fleet Exercise-2020 လေ့ကျင့်ခန်းပြုလုပ်

မြန်မာ့တပ်မတော်ရဲ့ ပထမဆုံးသော တိုက်ခိုက်ရေး ရေငုပ်သင်္ဘော စစ်ရေယာဉ် မင်းရဲသိင်္ခသူ ပါဝင်တဲ့ ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်း Fleet Exercise-2020 (ဗန္ဓုလ လေ့ကျင့်ခန်း)ကို အောက်တိုဘာလ ၁၅ ရက်နေ့က မြန်မာ့ပင်လယ်ပြင်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုအခမ်းအနားကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်...
Read More

မင်းကင်းတွင် ရွေးကောက်ပွဲကာလ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုမှု ၁၂ မှုရှိနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်တွင် ရွေးကောက်ပွဲကာလအတွင်း နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့် အရေးယူမှု ၁၂ မှုထိ ရှိနေတယ်လို့ မြို့နယ်စီ/ခန့်က သိရပါတယ်။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် အစိုးရကို အများပြည်သူ အယုံအကြည်ပျက်စေအောင်ရည်ရွယ်ချက်နဲ့ အသံချဲ့စက်၊ ဆောင်းဘောက် စတာတွေအသုံးပြုပြီး ဟောပြောတာတွေ လုပ်ခဲ့တာကြောင့် သက်ဆိုင်ရာအစိုးရရဲ့...
Read More

စစ်ကိုင်းတိုင်းအတွင်းမှာ အသက် (၆၀) နဲ့အထက်အဖိုးအဖွားတွေ မဲပေးခွင့်မဆုံး ရှုံးစေဖို့အတွက် ကြိုတင်မဲများကောက်ခံသွားမှာဖြစ်ပါတယ်။

လာမဲ့နိုဝင်ဘာလ (၈) ရက်နေ့မှာကျင်းပမဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အသက် (၆၀) နှစ် နဲ့အထက် အဘိုးအဖွားတွေ မဲပေးခွင့်မဆုံးရှုံးစေဖို့ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက အောက်တိုဘာလ (၂၉) ရက်နေ့ကနေ နိုဝင်ဘာလ (၅) ရက်နေ့အထိ ကြိုတင်မဲတွေ လိုက်လံကောက်ခံသွားမှာဖြစ်ပါတယ်။ လက်ရှိ...
Read More

ရေဦးမြို့နယ်အတွင်း အထူးရဲသင်တန်းသား ၉၀ ကို ကိုဗစ်ရောဂါပိုးရှိ/မရှိ swab ယူစစ်ဆေး

ရေဦးမြို့နယ်အတွင်း ရွေးကောက်ပွဲမှာတာဝန်ထမ်းဆောင်မဲ့ အထူးရဲတွေကို အောက်တိုဘာလ (၁) နေ့ကစတင်ပြီး ရေဦးမြို့ အ.ထ.က (၂) ကျောင်းခန်းမမှာ သင်တန်းပို့ချပေးနေတာဖြစ်ပါတယ်။ ဒီသင်တန်းကို အောက်တိုဘာလ (၂၈) ရက်နေ့အထိ ပို့ချပေးသွားမှာဖြစ်ပြီး သင်တန်းသား (၉၀) ကိုတပ်စု (၃) စုခွဲကာ သင်တန်းပို့ချပေးနေတာပါ။...
Read More

ခန္တီးမြို့တွင် NLD ပါတီကိုဝန်းရံသူများက ချင်းတွင်းမြစ်အတွင်း လှေအစီး ၅၀ နဲ့ အင်အားပြလှည့်လည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အထက်ပိုင်း၊ ခန္တီးမြို့တွင် NLD ပါတီဝန်းရံသူ အင်အား ၁၀၀၀ ခန့်က အောက်တိုဘာလ ၁၁ ရက်နေ့ နေ့လည်ပိုင်းက ချင်းတွင်းမြစ်အတွင်း လှည့်လည်အင်းပြခဲ့ကြပါတယ်။ အခုလို အင်အားပြရာမှာ စက်လှေအကြီးအသေး အစင်းပေါင်း ၅၀ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ “အခုက...
Read More

စစ်ကိုင်းမြို့မှာ NLD ပါတီဝန်းရံသူတွေက အင်အားပြ လှည့်လည်စဉ် မိသားစုတစ်စုက လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒပြ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့မှာ NLD ပါတီဝန်းရံသူတွေက အင်အားပြ မဲဆွယ်စည်းရုံးရေးယာဉ်တန်းနဲ့ မြို့တွင်း လှည့်လည်နေစဉ်မှာ ဆွမ်းချက်ရက်ကွက်အရောက်မှာ မိသားစုတစ်စုက ယာဉ်တန်းကို ဆန့်ကျင် ဆန္ဒပြမှု အောက်တိုဘာလ ၁၁ ရက်နေ့ မနက်ပိုင်းက ဖြစ်ပေါ်ခဲ့ပါတယ်။ ဆန္ဒထုတ်ဖော်ရာမှာ “သားတို့ ကိုဗစ်ကိုကြောက်လို့ မဲဆွယ်တာတွေ...
Read More

ပြည်ခိုင်ဖြိုးပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပယ်ဖျက်

စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မြေ အမှတ် ၄ ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ကိုယ်စားလှယ်လောင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ပယ်ဖျက်လိုက်တယ်လို့ စစ်ကိုင်းတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက သိရပါတယ်။ ကိုယ်စားလှယ်အဖြစ်က ပယ်ဖျက်ခံရသူက ဦးအောင်မောင်းဆိုသူဖြစ်ပြီး ဒုတိယညွှန်ကြားရေးမှုးချုပ်အငြိမ်စားတစ်ဦးဖြစ်ကာ ပင်စင်ခံစားခွင့်ကာလကျန်နေသေးတဲ့အတွက် ပယ်ဖျက်ရတာလို့ တိုင်းရွေးကော်တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။...
Read More

NLD မဲဆွယ်ယာဉ်ပေါ်က မီးစက်မီးလောင်ပြီး လူ ၁၅ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် အောက်တိုဘာလ ၁၀ ရက်နေ့က NLD ပါတီဝန်းရံသူတွေ တင်ဆောင်လာတဲ့ ကားတစ်စီးမှာ ကားပေါ်ပါ မီးစက် မီးလောင်ပြီး လူ ၁၅ ဦး မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ထန်းကုန်းနယ်မြေ ရဲစခန်း သတင်းတွေအရ သိရပါတယ်။...
Read More

ခန္တီးခရိုင်နှင့် နာဂဒေသတွင် ရွေးကောက်ပွဲတာဝန်ထမ်းဆောင်မည့် ဆရာ/မ များကို ရေယာဉ်များဖြင့် အခမဲ့ပို့ဆောင်ပေးခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ ရွေးကောက်ပွဲတာဝန် ထမ်းဆောင်ကြမယ့် ဆရာ/ဆရာမ တွေကို အောက်တိုဘာလ ၇ ရက်နေ့ မနက်ပိုင်းက တိုင်းအစိုးရရဲ့ အစီအစဉ်နဲ့ ရေလမ်းကတဆင့် အခမဲ့ပို့ဆောင်ပေးခဲ့ပါတယ်။ ခရီးသည် သယ်ယူပို့ဆောင်ရေး လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်း ခရီးတွေကို ပိတ်ထားတဲ့အတွက်...
Read More
error: Content is protected !!